ဆာလံ။ 13
1 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမည်မျှကြာအစဉ်မေ့လျော့၍၊ မျက်နှာတော်ကို မည်မျှကြာလွှဲထားတော်မူမည်နည်း။
2 ကိုယ့်စိတ်ဖြင့်ကြံဖန်လျက်၊ တစ်နေ့လုံးစိတ်ပူလျက်၊ မည်မျှကြာနေရပါမည်နည်း။ အကျွန်ုပ်အပေါ်တွင်ရန်သူကြီးမြင့်လျက်၊ မည်မျှကြာနေရပါမည်နည်း။
3 အကျွန်ုပ်ဘုရားသခင်၊ အိုထာဝရဘုရား၊ ကြည့်ရှုနားညောင်း၍၊ အသေအိပ်ခြင်းကိုအကျွန်ုပ်မအိပ်ရစေခြင်းငှာ၊ မျက်စိလင်းစေတော်မူပါ။
4 သို့မဟုတ်လျှင်၊ ရန်သူက၊ ငါနိုင်လေပြီဟုဆို၍၊ အကျွန်ုပ်ရွေ့ရသည့်ကာလ၊ ရန်ဘက်တို့ရွှင်လန်းကြပါမည်။
5 အကျွန်ုပ်မူကား၊ ကိုယ်တော်၏ကရုဏာတော်၌ကိုးစားပါ၏။ ကယ်တင်တော်မူခြင်းကြောင့် စိတ်ရွှင်လန်းပါမည်။
6 ထာဝရဘုရားသည် ကြွယ်ဝစွာသနားတော်မူသောကြောင့်၊ ကိုယ်တော်အားငါသီချင်းဖွဲ့ဆိုမည်။