ဆာလံ။ 128
1 ထာဝရဘုရားကိုခန့်ညားလျက်၊ နည်းလမ်းတော်များ၌လျှောက်လိုက်သူတိုင်း၊ မင်္ဂလာရှိပါစေသော။
2 စားပွဲထိုင်သောအခါ၊ ကိုယ့်လုပ်ဆောင်ကျိုးစားရလျက်၊ မင်္ဂလာချမ်းသာရှိပါစေသော။
3 အိမ့်အတွင်းတွင်၊ မယားသည် အသီးသီးသောစပျစ်ပင်ကဲ့သို့လည်းေကာင်း၊ စားပွဲပတ်လည်တွင်၊ သားသမီးတို့သည် သံလွင်အနွယ်များကဲ့သို့လည်းေကာင်း၊ ဖြစ်ကြပါစေသော။
4 ထာဝရဘုရားကိုခန့်ညားသောသူသည်၊ ထိုသို့သောမင်္ဂလာရှိလိမ့်သတည်း။
5-6 တစ်သက်ပတ်လုံးယေရုရှလင်မြို့ချမ်းသာခြင်းကိုရှုခွင့်၊ သားမြေးတို့အားမြင်ခွင့်ကောင်းကြီးမင်္ဂလာကို၊ ဇိအုန်မြို့မှထာဝရဘုရားပေးတော်မူပါစေသော။ ဣသရေလလူမျိုး၌ ရန်ငြိမ်းခြင်းတည်ရှိပါစေသော။