ဆာလံ။ 105
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ နာမတော်ကိုပဌနာပြုလျက်၊ အမှုတော်များကိုလူအမျိုးမျိုးတို့သိစေကြလော့။ ထာဝရဘုရားအားသီဆိုကျူးဧ၍၊ အံ့ဖွယ်ရာအမှုတော်ရှိသမျှကိုဆင်ခြင်ကြလော့။ သန့်ရှင်းသောနာမတော်၌ဂုဏ်ယူလျက်၊ ထာဝရဘုရားကိုရှာဖွေသူတို့စိတ်နှလုံးရွှင်လန်းကြစေ။ ထာဝရဘုရားနှင့် တန်ခိုးတော်ကိုလိုက်ရှာလျက်၊ မျက်နှာတော်ကိုကာလအစဉ်ရှာေဖွကြလော့။ ပြုတော်မူခဲ့သောအံ့ဖွယ်ရာများကိုလည်းေကာင်း၊ ထူးဆန်းသောအမှုတော်များနှင့် နှုတ်တော်ထွက်ဆုံးဖြတ်တော်မူချက်များကိုလည်းေကာင်း၊ သတိရကြလော့။ ကျွန်တော်ရင်းအာဗြဟံ့အနွယ်၊ ရွေးကောက်တော်မူသောယာကုပ်အမျိုးသားတို့၊ ကိုယ်တော်မြတ်ထာဝရဘုရားသည်၊ ငါတို့ဘုရားဖြစ်လျက်၊ ဆုံးဖြတ်တော်မူချက်များသည်၊ မြေကြီးတစ်ပြင်လုံးတည်လျက်ရှိ၏။ 8-11 ခါနာန်ပြည်ကိုအပိုင်အဖြစ်သင့်အားငါပေးမည်ဟု အာဗြဟံအားကတိထား၍၊ ဣဇက်အားသစ္စာဆိုပြီးလျှင်၊ ယာကုပ်၌ အထုံးအဖွဲ့၊ ဣသရေလ၌ ထာဝရပဋိညာဉ်အဖြစ်၊ အထောင်အသောင်းအဆက်တိုင်အောင်မိန့်မှာ၍၊ တည်စေတော်မူသောဗျာဒိတ်နှင့်ပဋိညာဉ်တော်ကိုကာလအစဉ်သတိရတော်မူ၏။ 12 ထိုလူမျိုးသည်အရေအတွက်နည်းပါး၍၊ ဝင်နေသူတို့အဖြစ်၊ 13 လူတစ်မျိုးမှတစ်မျိုး၊ တစ်နိုင်ငံမှတစ်နိုင်ငံသို့လူးလာကြရသည့်ကာလ၊ 14-15 မည်သူမျှညှဉ်းပန်းခွင့်မရစေဘဲ၊ ငါ့ဘိသိက်တော်ခံတို့ကိုထိခြင်း၊ ငါ့ပရောဖက်တို့ကိုခိုက်ခြင်းမပြုလင့်ဟူ၍၊ သူတို့အတွက်ဘုရင်မင်းတို့ကိုဆုံးမတော်မူ၏။ 16 ထိုပြည်၌အစာခေါင်းပါးခြင်းဘေးသင့်စေ၍၊ အစာအာဟာရအထောက်အခံရှိသမျှကိုချိုးဖျက်တော်မူရာ၊ တင်ကူး၍စေလွှတ်လိုက်တော်မူသူ၊ ကျွန်အဖြစ်ရောင်းစားခံရသောယောသပ်သည်၊ 17-19 ခြေချင်းခတ်၍ သံကြိုးများနှင့် ညှဉ်းဆဲခြင်းကို၊ စံချရာအမိန့်တော်၊ ထာဝရဘုရား၏ဗျာဒိတ်တော်အတည်မဖြစ်မီအတွင်း၊ ခံရပြီးလျှင်၊ 20 ဖြေလွှတ်ရန်ဘုရင်မင်း၊ ချမ်းသာပေးရန်လူမျိုးတို့အရှင်ကို စေလွှတ်တော်မူသည့်အလျောက်၊ 21 သဘောမြတ်ရာမှူးတော်မတ်တော်တို့ကိုချည်နှောင်၍၊ လူကြီးတို့ကိုသွန်သင်ပဲ့ပြင်ပိုင်ခွင့်နှင့် နန်းတော်အုပ်၊ 22 အရာတော်ဝန်အဖြစ်ခန့်ထားလေ၏။ 23 ထိုအခါဣသရေလသည် အိဂျစ်နိုင်ငံသို့လာ၍၊ ယာကုပ်သည် ဟာမလူမျိုး၏ပြည်တော်၌တည်းခိုရာ၊ 24 လူမျိုးတော်ကိုအလွန်ပွားများစေ၍၊ ရန်သူတို့ထက်အားကြီးစေတော်မူ၏။
25 လူမျိုးတော်ကိုမုန်းထား၍၊ ကိုယ်တော်၏ကျေးကျွန်တို့အား ကောက်ကျစ်စဉ်းလဲပြုကြစေရန်၊ ထိုသူတို့စိတ်ပြောင်းပြီးလျှင်၊ 26 ကျွန်တော်ရင်းမောရှေနှင့်၊ ရွေးကောက်တော်မူသောအာရုန်ကိုစေလွှတ်တော်မူလျက်၊ 27 ထိုလူမျိုးတို့တွင်နိမိတ်လက္ခဏာများကိုလည်းေကာင်း၊ ဟာမလူမျိုး၏ပြည်တွင် အံ့ဖွယ်ရာများကိုလည်းေကာင်း၊ ပြုကြ၏။ 28 အမိန့်တော်ကိုမဖီမဆန်ကြရာ၊ မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေခြင်း၊ 29 သူတို့ရေများကိုသွေးဖြစ်စေ၍၊ ငါးများကိုသေစေခြင်းပြုတော်မူ၏။ 30 ထိုပြည်ရှိနန်းတော်ခန်းများ၌၊ ဖားကောင်ထူထပ်လျက်၊ 31 အမိန့်တော်ရှိသော်ပြည်လုံးနှံ့ မှက်နှင့်မြေလှေးပေါများ၏။ 32 မိုးရေအစား၊ မိုးသီးနှင့်လောင်မီးကိုပေးလျက်၊ 33 စပျစ်ပင်နှင့်သဖန်းပင်များကိုထိခိုက်၍၊ ပြည်လုံးရှိသစ်ပင်များကို ချိုးဖျက်တော်မူ၏။ 34 အမိန့်တော်ရှိပြန်သော်၊ မရေမတွက်နိုင်အောင်၊ ကျိုင်းကောင်နှံကောင်များလာ၍၊ 35 ပြည်ရှိကောက်ပင်ပဲပင်နှင့်မြေထွက်ဟူသမျှကိုစားကြ၏။ 36 ထို့နောက်၊ သူတို့ပြည်၌၊ ခွန်အား၏ကနဦးဖြစ်သူ ဩရသရှိသမျှတို့ကိုဒဏ်ခတ်တော်မူပြီးလျှင်၊ 37 လူမျိုးတော်ကိုရွှေငွေပါလျက်ထုတ်ဆောင်တော်မူရာ၊ အမျိုးအနွယ်တော်အသီးအသီး၌ ခွန်အားနည်းပါးသူတစ်ယောက်မျှမရှိ။ 38 ထွက်သွားကြသော်၊ ကြောက်ရွံ့ခြင်းဘေးသင့်သောကြောင့်၊ အိဂျစ်ပြည်လုံးဝမ်းမြောက်၏။ 39 သူတို့ကိုကွယ်ကာရန်တိမ်တိုက်ကိုဖြန့်မိုး၍၊ ညဉ့်အခါလင်းစေရန်မီးကိုပေးတော်မူ၏။ 40 တောင်းကြသောအခါ၊ ငုံးများကိုဆောင်ခဲ့၍၊ သူတို့ကိုကောင်းကင်မုန့်နှင့်ဝစေတော်မူ၏။ 41 ကျောက်တောင်ကိုဖွင့်တော်မူရာ၊ ရေသွန်ထွက်၍၊ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွားရ၏။ 42 သန့်ရှင်းသောကတိတော်နှင့်၊ ကျွန်တော်ရင်းအာဗြဟံကို သတိရလျက်၊ 43 လူမျိုးတော်ကိုရွှင်လန်းခြင်းနှင့်လည်းေကာင်း၊ ရွေးချယ်သူတို့ကိုသီဆိုခြင်းနှင့်လည်းေကာင်း၊ ထုတ်ဆောင်တော်မူပြီးလျှင်၊ 44-45 အထုံးအဖွဲ့တော်များကိုစောင့်ထိန်း၍၊ ပညတ်တရားတော်များကိုစောင့်ရှောက်ကြစေရန်၊ လူမျိုးခြားတို့ပြည်များကိုပေးသနားတော်မူသဖြင့်၊ သူတစ်ပါးတို့ချွေးနဲစာကိုအပိုင်ရကြ၏။ ဟာလေလုယ။