26
နွေကာလ၌ မိုးပွင့်ကဲ့သို့လည်း‌ေကာင်း၊ ရိတ်သိမ်းရာကာလ၌မိုးရေကဲ့သို့လည်း‌ေကာင်း၊ ဂုဏ်အသရေသည်၊ မိုက်မဲသောသူနှင့်မသင့်မလျော်။ လေလွင့်ရာတွင်စာငှက်၊ ပျံဝဲရာတွင် ပျံလွှားငှက်ကဲ့သို့၊ အကြောင်းမဲ့ကျိန်ဆိုခြင်းသည် မနားမနေတတ်။ မြင်းအဖို့နှင်တံ၊ မြည်းအဖို့ဇက်၊ မိုက်မဲသောသူတို့၏ကျောက်ကုန်းအဖို့ကြိမ်လုံးသင့်လျော်၏။ မိုက်မဲသောသူနှင့် မတူစေရန်၊ သူ၏မိုက်မဲခြင်းအလျောက်မတုံ့ပြန်နှင့်။ မိုက်မဲသောသူသည်၊ ကိုယ်၌ဉာဏ်ရှိသည်ဟုမထင်စေရန်၊ သူ၏မိုက်မဲခြင်းအလျောက်တုံ့ပြန်လော့။ မိုက်မဲသောသူ၏ လက်ဖြင့်၊ ကြားစာကိုပို့လိုက်သောသူသည်၊ ကိုယ့်ခြေကိုဖြတ်၍၊ ရက်စက်ခြင်းကိုခံရာရောက်၏။ အဆစ်လွဲသူ၏ ခြေသည်နုန့်နဲ့သကဲ့သို့ပုံပြင်စကားသည်၊ မိုက်မဲသူ၏နှုတ်၌ဖြစ်၏။ မိုက်မဲသူ့အားဂုဏ်တင်သောသူသည်၊ လွှဲဗတ်တွင်ကျောက်ကိုချည်ထားသူနှင့်တူ၏။ မိုက်မဲသူတို့ နှုတ်မြွက်သောပုံပြင်စကားသည်၊ ယစ်မူးသူကိုင်စွဲသောဆူးသားတုတ်ကဲ့သို့ဖြစ်၏။ 10 လူကြုံနှင့် လူမိုက်တို့ကို စေခိုင်းသောသူသည်၊ လူရှိသမျှကိုခွင်းသောလေးသမားနှင့်တူ၏။ 11 ခွေးသည်၊ အန်ဖတ်ကိုပြန်၍စားတတ်သကဲ့သို့၊ မိုက်မဲသောသူသည်၊ မိုက်မှုကိုပြန်၍ပြုကျင့်တတ်၏။ 12 ကိုယ်၌ဉာဏ်ရှိသည်ဟု ထင်သောသူ့ကို တွေ့ရှိသလော။ ထိုသူထက်၊ မိုက်မဲသောသူအဖို့မျှော်လင့်ရာအကြောင်းရှိသေး၏။ 13 ပျင်းရိသောသူက၊ လမ်းတွင်သားရဲတစ်ကောင်၊ လမ်းဆုံးတွင် ခြင်္သေ့တစ်ကောင်ရှိသည်ဟုဆိုလျက်၊ တံခါးရွက်သည်၊ 14 ပတ္တာအားဖြင့်လည်သကဲ့သို့၊ အိပ်ရာပေါ်တွင်လူးလိမ့်တတ်၏။ 15 ပျင်းရိသောသူသည်၊ ပုကန်တွင်လက်နှိုက်၍ယူခွံ့ရလျှင်၊ ပင်ပန်းလေစွ။ 16 လိမ္မာစွာတုံ့ပြန်တတ်သူခုနစ်ယောက်တို့ထက်၊ ကိုယ်၌ပညာရှိသည်ဟု၊ ပျင်းရိသူထင်တတ်၏။ 17 လျှောက်သွားစဉ်အခါ၊ ကိုယ်မဆိုင်သောအမှုတွင် ဝင်စွက်သောသူသည်၊ ခွေးနားရွက်ကိုကိုင်ဆွဲသောသူနှင့်တူ၏။ 18-19 ငါကျီစားရုံမျှသာဟုဆိုလျက်၊ အပေါင်းအဖော်ကို လှည့်စားသောသူသည်၊ သေဘေးတည်းဟူသောမြှားနှင့်မီးတုပ်များကိုပစ်တတ်သော သူရူးနှင့်တူ၏။ 20 ထင်းမရှိလျှင်၊ မီးသေသကဲ့သို့၊ ကုန်းချောသောသူမရှိလျှင်၊ ရန်ငြိမ်းတတ်၏။ 21 မီးကျီးအဖို့မီးသွေး၊ မီးအဖို့ထင်း၊ ရန်မီးထခြင်းအဖို့၊ ရန်တွေ့တတ်သောသူတည်း။ 22 ကုန်းချောသူ၏စကားသည်၊ မြိန်ရှက်သောဘောဇဉ်သဖွယ်ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။ 23 အချစ်လွန်သောနှုတ်ခမ်းနှင့်တကွ ဆိုးသွမ်းသောစိတ်နှလုံးသည်၊ ငွေချော်မွမ်းမံသောမြေအိုးနှင့်တူ၏။ 24 မုန်းထားသောသူသည်၊ နှုတ်ဖြင့်ဟန်ဆောင်၍၊ လှည့်စားတတ်သောသဘောကိုသွင်းထားတတ်၏။ 25 သူ့စိတ်နှလုံးတွင် စက်ဆုပ်ရွံရှာဖွယ်ရာခုနစ်ပါးရှိသောကြောင့်၊ ချိုသာစွာပြောဆိုသော်လည်း မယုံနှင့်။ 26 မုန်းထားသောသဘောကို၊ စဉ်းလဲခြင်းအားဖြင့် ဝှက်ထားတတ်သော်လည်း၊ လူပရိသတ်ရှေ့တွင်၊ သူ၏ဆိုးသွမ်းခြင်းထင်ရှားလိမ့်မည်။ 27 တွင်းတူးဖော်သောသူသည်၊ ၎င်းတွင်းသို့ကျလိမ့်မည်။ ကျောက်ကိုလှိမ့်သောသူ့အပေါ်၌လည်း၊ ထိုကျောက်ကိုပြန်၍လိမ့်ဖိလိမ့်မည်။ 28 မုသာလျှာသည်၊ မိမိနှိပ်စက်သူတို့ကိုမုန်းထားတတ်၏။ မြှောက်ပင့်တတ်သောနှုတ်လည်း၊ ပျက်စီးခြင်းကိုဖြစ်စေတတ်၏။