မိက္ခာကျမ်း
1
ယုဒဘုရင်ယောသံမင်း၊ အာခဒ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၊ ရှာမာရိမြို့၊ ယေရုရှလင်မြို့နှင့်စပ်လျဉ်း၍၊ ထာဝရဘုရားထံတော်မှ ရောက်လာသည့်အတိုင်း၊ မောရရှမြို့သားမိက္ခာမြော်မြင်ရသောဗျာဒိတ်တော်ကား။
အိုလူမျိုးအပေါင်းတို့၊ နာခံကြလော့။ အိုမြေပထဝီနှင့်ရှိရှိသမျှပါ၊ နားစိုက်ကြလော့။ အရှင်ထာဝရဘုရားသည်၊ သန့်ရှင်းေသာဗိမာန်တော်မှ၊ သင်တို့တစ်ဘက်၌ သက်သေခံတော်မူလတ္တံ့။ ကြည့်ကြလော့။ ထာဝရဘုရားသည်၊ စံရာဘုံမှထွက်ကြွဆင်းသက်ပြီးလျှင်၊ မြေပထဝီရှိမြင့်မြတ်ရာများ၌ စက်တော်ဖြန့်သဖြင့်၊ နင်းတော်မူသောတောင်များသည်၊ မီးရှေ့ဖယောင်းကဲ့သို့အရည်ပျော်၍၊ ချိုင့်များလည်း၊ တောင်ကမ်းပါးယံ၌ ရေတံခွန်ဖြာသကဲ့သို့ အက်ကွဲရလတ္တံ့။
ထိုအခြင်းအရာများသည်၊ ယာကုပ်အမျိုး၏ လွန်ကျူးမှု၊ ဣသရေလအမျိုးသားတို့ပြစ်မှုများကြောင့် ရောက်လေပြီ။ ယာကုပ်အမျိုး၏လွန်ကျူးမှုကား၊ ရှမာရိမြို့၊ ယုဒအမျိုး၏မြင့်ရာဌာနများကား၊ ယေရုရှလင်မြို့ဖြစ်သည်မဟုတ်လော။ သို့ဖြစ်၍ငါသည်၊ ရှမာရိမြို့ကို၊ တောခြေရှိမြို့ပျက်၊ စပျစ်ခင်းသဖွယ်ဖြစ်စေလျက်၊ အခြေအမြစ်ဟင်းလင်းပေါ်အောင်၊ ကျောက်များကို ချိုင့်ထဲသို့ပစ်ချမည့် အလျောက်၊ ပြည့်တန်ဆာအလုပ်နှင့်ဆည်းပူးသောရုပ်ပွားဆင်းတုမှစ၍၊ လက်ဆောင်ရှိသမျှသည်၊ ကျိုးပျက်ခြင်း၊ ကျွမ်းလောင်ခြင်း၊ ဆိတ်ညံခြင်းခံရလျက်၊ ပြည်တန်ဆာ၏ လက်ဆောင်အဖြစ်ရောက်ပြန်လိမ့်တကား။
8-9 သို့နှင့်အညီ၊ ခံရသောဒဏ်ချက်များသည်၊ ကုသ၍မရ၊ ယုဒပြည်သို့ရောက်လျက်၊ အမျိုးသားချင်းတို့၏ ဝင်ပေါက်ဖြစ်သော ယေရုရှလင်မြို့တိုင်အောင်ပင်ကူးပြီး ဖြစ်သောကြောင့်၊ ငါသည် မြည်တမ်းအော်ဟစ်လျက်၊ ဖိနပ်မစီး၊ အဝတ်မဆင်ဘဲ သွားလာလျက်၊ ခွေးအကဲ့သို့အူခြင်း၊ ငှက်ကုလားအုပ်ကဲ့သို့မြည်ခြင်းကိုပြုရလိမ့်မည်။
10 ဂါသမြို့တွင်၊ ငိုကြွေးလျက် ထိုသတင်းကို မကြော်ငြာလင့်။ ငါသည်။ ဗေသောဖရာတွင် 1.10 ပါဠိ။ - အာဖရာ။ မြေမုန့်၌လူးလေပြီ။ 11 အိုရှဖိရမြို့သူတို့၊ အဝတ်အချည်းစည်းအရှက်ကွဲလျက်ထွက်သွားကြလော့။ ဗေသဇေလမြို့သူတို့မြည်တမ်း၍ အားမပေးနိုင်သောကြောင့်၊ ဇာနန်မြို့သူတို့သည် မထွက်ဝံ့ကြချေ။ 12 ဘေးဆိုးသည်၊ ထာဝရဘုရားထံမှယေရုရှလင်မြို့တံခါးသို့သင့်ရောက်ပြီးဖြစ်သောကြောင့်၊ မာရုတ်မြို့သူတို့သည်၊ မကောင်းကိုစိုးရိမ်လျက်နေကြ၏။ 13 အိုလာခိရှမြို့သူတို့၊ စစ်ရထားကိုမြင်းကကြလော့။ သင့်မြို့၌ဣသရေလလူမျိုး၏ လွန်ကျူးမှုတည်ရှိသည့်အလျောက်၊ သတို့သမီးဇိအုန်၏အပြစ်မူလရင်းဖြစ်သတည်း။ 14 သင်သည် ဂါသခရိုင်မောရရှက်မြို့ကို လက်လွှတ်ရမည်။ အာခဇိပ်မြို့သူမြို့သားတို့သည်၊ ဣသရေလဘုရင်အဖို့ 1.14 ပါဠိ။ - အာခဇပ်။ချောင်းခြောက်သဖွယ်ဖြစ်၏။ 15 အိုမရေရှမြို့၊ 1.15 ပါဠိ။ - ယေရရှ။အပိုင်ယူမည့်သူကို၊ ငါရောက်စေမည်။ ဣသရေလလူမျိုး၌ အသရေရှိသူတို့သည်၊ အဒုလံဥမင်သို့ပြေးကြရမည်။ 16 သင်နှစ်သက်သောသားသမီးတို့ကို သုံ့ဘမ်းသိမ်းသွားကြပြီးဖြစ်သောကြောင့်၊ ဦးဆံပယ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းပြုလျက်၊ လင်းယုန်ကဲ့သို့ခေါင်းပြောင်စေလော့။