6
1 ဥပုသ်နေ့တွင် လယ်ကွက်များကို ဖြတ်ကြွတော်မူစဉ်၊ တပည့်တော်တို့သည် စပါးနှံများကို ဆွတ်ခူးပွတ်နယ်လျက် သုံးဆောင်ကြရာ၊
2 ဖာရိရှဲအချို့က၊ ဥပုသ်နေ့တွင်မအပ်သောအမှုကို အဘယ်ကြောင့်ပြုသနည်းဟုမေးကြသော်၊
3 ယေရှုက၊ ဒါဝိဒ်မင်းသည် နောက်ပါတို့နှင့်တကွဆာမွတ်သောအခါ ဘုရားသခင့်စံရာတော်သို့ဝင်ပြီးလျှင်၊
4 ပရောဟိတ်တို့သာစားအပ်သောရှေ့တော်တင်မုန့်ကိုယူစား၍ နောက်ပါတို့အားလည်းပေးကြောင်းကို သင်တို့မဖတ်ဘူးကြလောဟူ၍လည်းကောင်း၊
5 လူ့သားသည် ဥပုသ်နေ့၏အရှင်ဖြစ်သည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။
6 အခြားသောဥပုသ်နေ့၌ ဓမ္မာရုံသို့ဝင်၍ဒေသနာပေးတော်မူသော် လက်ျာလက်သေခြောက် လျက်နေသောသူတစ်ယောက်ရှိသဖြင့်၊
7 ကျမ်းတတ်ဆရာတို့နှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုအပြစ်စွဲဆိုခွင့်ရလို၍ ဥပုသ်နေ့တွင် ကျန်းမာစေတော်မူမည်၊ မမူမည်ကိုစောင့်ကြည့်လျက် နေကြသည့်ကာလ၊
8 ထိုသို့ဆင်ခြင်ကြသည်ကိုသိတော်မူလျက် ကိုယ်တော်ကထ၍ အလယ်တွင်ရပ်နေလော့ဟု လက်သေခြောက်သူ့အားမိန့်တော်မူသည့်အတိုင်း ထ၍ရပ်နေစဉ်၊
9 ထိုသူတို့အား ယေရှုက၊ ဥပုသ်နေ့တွင် အကောင်းကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ အသက်ကိုကယ်အပ်သလော။ ဖျက်ဆီးအပ်သလော။
10 ငါမေးသည်ဟု မိန့်တော်မူ၏။ ထိုကာလ ရှိသမျှတို့ကိုလှည့်ကြည့်ပြီးလျှင် လက်ဆန့်လော့ဟု သူနာအားမိန့်တော်မူသော် ဆန့်လိုက်သဖြင့် သန်စွမ်းပြန်လေ၏။
11 ထိုသူတို့လည်း ဒေါသစိတ်နှင့်ပြည့်၍ ယေရှုအားမည်သို့ပြုနိုင်ကြောင်းကို အချင်းချင်းတိုင်ပင်ကြ၏။
12 ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ပဌနာပြုရန်တောင်ပေါ်သို့တက်ကြွ၍ တစ်ညဉ့်လုံးဘုရားသခင့်ထံ ပဌနာပြုလျက်နေတော်မူ၏။
13-16 မိုးလင်းသော်၊ တပည့်တော်တို့ကိုခေါ်တော်မူ၍ ထိုသူတို့အနက် ပေတရုဟုသမုတ် တော်မူသောရှိမုန်နှင့်ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ဖိလိပ္ပုနှင့်ဗာသောလမဲ၊ မဿဲနှင့်သောမ၊ အာလဖဲသားယာကုပ်နှင့်ဝံသာနုရှိမုန်၊ ယာကုပ်သားယုဒနှင့်ကိုယ်တော်ကိုပို့အပ်သူ ယုဒဣရှကာရုတ်တို့ တည်းဟူသော ဆယ့်နှစ်ပါးကို တမန်တော်ဘွဲ့တပ်၍ ရွေးကောက်ပြီးလျှင်၊
17 သူတို့နှင့်တကွ လွင်ပြင်သို့ဆင်းကြွလျက် ရပ်တော်မူသော် ကြီးစွာသောတပည့်တော်ပရိသတ်ပြင် ယေရုရှလင်မြို့၊ ယုဒပြည်အရပ်ရပ်၊ ပင်လယ်ကမ်းနားရှိတုရု၊ ဇိဒုန်နယ်များမှ ကြားနာရန်လည်းကောင်း၊ အနာရောဂါကင်းပျောက်ရန်လည်းကောင်း ရောက်လာကြသောလူအမြောက်အမြားရှိနေလျက်၊
18 နတ်ဆိုးနှောင့်ရှက်ခံရသူတို့ကို ကျန်းမာစေတော်မူသည့်အတိုင်း၊
19 တန်ခိုးတော်ထွက်၍ ရှိသမျှကိုအနာကင်းစေသောကြောင့် ကိုယ်တော်ကိုတို့ခြင်းငှါ လူပရိသတ်လုံးရှာကြံကြ၏။
20 ထိုအခါ တပည့်တော်တို့ကို မြော်ကြည့်လျက် မိန့်တော်မူသည်မှာ၊ ဆင်းရဲသောသင်တို့၌ မင်္ဂလာရှိ၏။ ဘုရားသခင့်နိုင်ငံတော်သည် သင်တို့နိုင်ငံဖြစ်၏။
21 ယခုမွတ်သိပ်သောသင်တို့၌မင်္ဂလာရှိ၏။ သင်တို့သည်ဝပြောရကြလတ္တံ့။ ယခုငိုကျွေးရ သောသင်တို့၌မင်္ဂလာရှိ၏။ သင်တို့သည်ရယ်မောရကြလတ္တံ့။
22 လူ့သားအတွက်ကြောင့် လူတို့မုန်းထားခြင်း၊ သပိတ်မှောက်ခြင်း၊ ကဲ့ရဲ့ခြင်း၊ အမည်ဆိုးအဖြစ် စွန့်ပယ်ခြင်းကိုခံရကြသောအခါ သင်တို့၌မင်္ဂလာရှိ၏။
23 ကောင်းကင်ဘုံ၌ခံစားရမည့်အကျိုးဆက်ကြီးမြတ်ကြောင်း ချင်းတို့ဘိုးဘေးများသည် ပရောဖက်တို့အာ။ ထိုနည်းတူပြုခဲ့ကြကြောင်းများကို ထောက်၍ ထိုနေ့ရက်ကာလ၌ ဝမ်းမြောက်စွာခုန်ကြလော့။
24 ကြွယ်ဝသောသင်တို့မှာမူ၊ အမင်္ဂလာရှိ၏။ သင်တို့သည် ကိုယ့်စည်းစိမ်ကိုခံစားခဲ့ကြပြီ။
25 ယခုဝပြောသောသင်တို့၌ အမင်္ဂလာရှိ၏။ သင်တို့သည် မွတ်သိပ်ရကြလတ္တံ့။ ယခုရယ်မော သောသင်တို့၌ အမင်္ဂလာရှိ၏။ သင်တို့သည် မြည်တမ်းငိုကြွေးရကြလတ္တံ့။
26 လူခပ်သိမ်းတို့အချီးအမွမ်းခံရကြသောအခါ သင်တို့၌အမင်္ဂလာရှိ၏။ ချင်းတို့ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုနည်းတူချီးမွမ်းခဲ့ကြပြီ။
27 ကြားနာသောသင်တို့အား၊ ငါဆိုပြန်သည်ကား ရန်သူတို့ကိုချစ်ခြင်း၊ မုန်းထားသူတို့ကို အကောင်းဆပ်ခြင်း၊ ကျိန်ဆဲသူတို့ကို ကောင်းကြီးပေးခြင်း၊
28 ရန်ညှိုးဖွဲ့သူတို့အဖို့ မေတ္တာပို့ခြင်းများကိုပြုကြလော့။
29 ပါးတစ်ဖက်ကိုရိုက်သောသူ့အား တစ်ဘက်ကိုခံဦးလော့။ အပြင်အင်္ကျီကိုလုယူသူ့အား အတွင်းအင်္ကျီကိုငြင်းခြင်း၊
30 ပစ္စည်းလုယက်သူ့ထံ ပြန်တောင်းခြင်းမပြုဘဲ တောင်းသူတိုင်းအားပေးလော့။
31 ကိုယ်ကိုပြုစေလိုသည့်အတိုင်းသူတစ်ထူးတို့အား ပြုကြလော့။
32 သင်တို့အပေါ်၌ ချစ်သူတို့ကိုသာချစ်လျှင် မည်သည့်အကျိုးနည်း။ အပြစ်သားတို့ပင် ထိုသို့ ချစ်တတ်ကြ၏။
33 သင်တို့အား ပြုစုသူတို့ကိုသာပြုစုလျှင် မည်သည့်အကျိုးနည်း။ အပြစ်သားတို့ပင် ထိုသို့ပြုတတ်ကြ၏။
34 ပြန်ရမည်ေမျှာ်လင့်၍ ချေးငှါးလျှင် မည်သည့်အကျိုးနည်း။ အပြစ်သားတို့ပင် အဆပ်ခံရအံ့သောငှါ အချင်းချင်းချေးငှါးတတ်ကြ၏။
35 သင်တို့မူကား၊ ရန်သူတို့ကိုချစ်ခင်ပြုစုလျက်၊ ပြန်ရမည်ကိုမေမျှာ်လင့်ဘဲ ချေးငှါးကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် ကျေးဇူးကန်းသူ၊ ဆိုးသွမ်းသူတို့အပေါ်၌ သနားတော်မူသည့် မြင့်မြတ်သောအရှင်၏သားများ မှန်လျက်၊
36 ကြီးမြတ်သောအကျိုးဆက်ခံရကြလတ္တံ့။ သင်တို့အဘသည် ကရုဏာသက်တော်မူသည့်နည်းတူ သင်တို့လည်း သက်ကြလော့။
37 မစီရင်ဘဲနေကြလော့။ သင်တို့လည်း စီရင်မခံဘဲနေရကြလိမ့်မည်။ အပြစ်မတင်ဘဲနေကြလော့။ သင်တို့လည်းအပြစ်တင်မခံဘဲ နေရကြလိမ့်မည်။ ချမ်းသာပေးကြလော့။ သင်တို့လည်းချမ်းသာရကြလိမ့်မည်။
38 ပေးကမ်းကြလော့။ သင်တို့လည်းပေးကမ်းခြင်းကို ခံရကြလိမ့်မည်။ ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်းခံရသည့်ပြင် သိပ်နှိပ်လှုပ်ခါပြည့်လျှံသောပမာဏကို သင်တို့ရင်ခွင်၌ အထူးခံရကြလတ္တံ့ဟု မိန့်တော်မူ၏။
39 ၎င်းပြင်၊ ဥပမာဆောင်၍မိန့်တော်မူသည်မှာ သူကန်းသည် သူကန်းကိုလမ်းပြနိုင်သလော။ နှစ်ဦးလုံးပင်၊ တွင်းထဲသို့ကျရောက်မည်မဟုတ်လော။
40 တပည့်သည် ဆရာ့ထက်မသာ။ အပြီးသတ်သင်ပြီးမှ၊ တပည့်တိုင်း ဆရာကဲ့သို့ဖြစ်လိမ့်မည်။
41 ကိုယ့်မျက်စိ၌ရှိသောတုံးကို မကြည့်ဘဲ ညီအစ်ကို၏မျက်စိ၌ရှိသောအမှိုက်ကို အဘယ်ကြောင့်မြင်သနည်း။
42 ကိုယ့်မျက်စိ၌ရှိသောတုံးကိုမမြင်ဘဲ ညီအစ်ကို သင့်မျက်စိ၌ရှိသောအမှိုက်ကို ထုတ်ပစ်ပါရစေဟု ညီအစ်ကိုအား မည်သို့ဆိုဝံ့မည်နည်း။ အချင်းသီလကြောင်၊ ကိုယ့်မျက်စိ၌ရှိသောတုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှညီအစ်ကို၏မျက်စိ၌ရှိသောအမှိုက်ကို ထုတ်ပစ်ရန်ကြည်လင်စွာမြင်လိမ့်မည်။
43 မကောင်းသောအသီးကိုသီးသည့်အပင်ကောင်းအလျှင်းမရှိ။ အသီးကောင်းသီးသည့်မကောင်း သောအပင်လည်း အလျှင်းမရှိ။
44 အသီးကိုထောက်၍ အပင်တိုင်းကိုသိရသည့်အလျောက် ဆူးပင်တွင်သဖန်းသီး၊ ပေါင်းပင် တွင်စပျစ်သီးကိုမဆွတ်ခူးတတ်။
45 စိတ်နှလုံးပြည့်လျှံသည့်အတိုင်း နှုတ်ကမြွက်တတ်သည်ဖြစ်၍၊ ကောင်းသောသူသည် ကောင်းသောကိုယ့်စိတ်ဘဏ္ဍာထဲမှ ကောင်းသောအရာများကိုထုတ်တတ်၏။ မကောင်းသောသူလည်း မကောင်းသောကိုယ့်ဘဏ္ဍာထဲက မကောင်းသောအရာများကို ထုတ်တတ်၏။
46 ငါမိန့်ဆိုချက်များကိုမလိုက်နာဘဲ ငါ့ကိုအရှင်ဘုရား၊ အရှင်ဘုရားဟု အဘယ်ကြောင့် လျှောက်ကြသနည်း။
47 ငါ့ထံလာ၍ ငါဟောပြောချက်ကိုကြားလျက်၊ လိုက်နာသူတိုင်းမှာ မည်သူနှင့်တူကြောင်းေဖာ်ပြမည်။
48 အိမ်ဆောက်သည့်ကာလ နက်စွာတူး၍ကျောက်ပေါ်တွင်အမြစ်ချသောသူနှင့်တူ၏။ ရေကြီးတက်စီး၍ ထိုအိမ်ကိုတိုက်ခတ်သော်လည်း ခိုင်စွာတည်ထားသောကြောင့် မလှုပ်ရှားနိုင်။
49 ကြားလျက် မလိုက်မနာသောသူမူကား အမြစ်မချဘဲ မြေမျက်နှာပြင်ပေါ်တွင် အိမ်ဆောက် သောသူနှင့်တူ၏။ ရေတက်၍တိုက်ခတ်သော် ရုတ်ခြင်းပြိုလဲပေါက်ကွဲဆုံးပါးလေစွတကားဟု မိန့်တော်မူ၏။