23
စုရုံးသူအပေါင်းတို့သည်ထ၍ ပိလတ်မင်းရှေ့သို့ပို့သွင်းပြီးလျှင်၊ ဤသူသည် ကျွန်တော်တို့လူမျိုးကို မှောက်မှားစေလျက်၊ ကဲသာမင်းအားအခွန်မဆက်ရဟုမြစ်တားလျက်၊ ကိုယ်တိုင်ခရစ်တော်တည်းဟူသော ဘုရင်မင်းဖြစ်ကြောင်းဆိုလျက်နေသည်ကို ကျွန်တော်တို့တွေ့ပါသည်ဟု စွဲဆိုကြ၏။ ပိလတ်မင်းက သင်သည်ယုဒလူမျိုးတို့ဘုရင်လောဟုမေးရာ သင်ဆိုသည့်အတိုင်းတည်းဟု ပြန်၍မိန့်တော်မူသော်၊ ပရောဟိတ်ကြီးနှင့်လူပရိသတ်အား ဤသူ၌ပြစ်မှုတစ်စုံတစ်ရာငါမတွေ့ဟု ပိလတ်မင်းဆိုသည့်ကာလ၊ ထိုသူတို့က ဤသူသည် ဂါလိလဲနယ်ကစ၍ဤအရပ်ဒေသတိုင်အောင် ယုဒပြည်လုံးနှံ့ပြည်သူပြည်သားတို့ကို သွန်သင်၍ ထကြွစေပါသည်ဟု တိုးတက်အားကြီးစွာစွဲဆိုကြ၏။
ထိုစကားကို ပိလတ်မင်းကြားသော် ဂါလိလဲနယ်သားဟုတ်မဟုတ်မေးမြန်း၍၊ ဟေရုဒ်မင်းပိုင်နယ်မှဖြစ်ကြောင်းသိလျှင် ထိုနေ့ရက်ကာလ ယေရုရှလင်မြို့တွင် တည်းနေသောဟေရုဒ်မင်းထံ လွှဲအပ်လိုက်၏။
ဟေရုဒ်မင်းသည် အကြောင်းတော်ကိုကြား၍ ကာလရှည်စွာကပင်တွေ့မြင်လိုသည်နှင့် နိမိတ်လက္ခဏာတစ်ခုခုပြတော်မူမည်မြော်လင့်သောကြောင့် ယေရှုကိုမြင်သော်အလွန်ဝမ်းမြောက်လျက် များစွာမေးမြန်းလေ၏။ သို့သော်လည်း တစ်ခွန်းတစ်ပါဒမျှမိန့်ပြန်တော်မမူသည့်အတွက်၊ 10 ပရောဟိတ်ကြီးနှင့် ကျမ်းတတ်ဆရာတို့ရပ်လျက်၊ 11 အပြင်းအထန်စွဲဆိုကြရာ ဟေရုဒ်မင်းနှင့်ကိုယ်ရံတော်တို့သည် ကိုယ်တော်ကိုမထီလေးစားပြု၍ သရော်လျက် အထူးအဆန်းဆင်ယင်ပြီးလျှင် ပိလတ်မင်းထံပြန်ပို့လိုက်၏။ 12 ထိုနေ့တွင်လည်း အထက်ကရန်ဖက်ဖြစ်ဘူးသော ဟေရုဒ်မင်းနှင့်ပိလတ်မင်းတို့သည် အချင်းချင်းမိတ်ဖြစ်ပြန်ကြ၏။
13 ထိုအခါ ပရောဟိတ်ကြီးများ၊ မင်းအရာရှိများနှင့် ပြည်သူပြည်သားတို့ကိုဆင့်ခေါ်၍၊ 14 ပိလတ်မင်းက ပြည်သူပြည်သားတို့အားမှောက်မှားစေသူအဖြစ်ဖြင့် ဤသူ့ကိုငါ့ထံသင်တို့သွင်းခဲ့ရာ သင်တို့ရှေ့ငါစစ်ဆေးသည့်ကာလ စွဲဆိုကြသည့်ပြစ်မှုတစ်စုံတစ်ရာမတွေ့။ 15 ဟေရုဒ်မင်းလည်းမတွေ့သည်နှင့် ငါတို့ထံပြန်ပို့လေပြီ။ ဤသူသည် သေဒဏ်ခံထိုက်သောပြစ်မှုကို မပြုပါတကား။ 16 သို့ဖြစ်၍ ရိုက်ဒဏ်ခတ်ပြီးလျှင် လွှတ်မည်ဟုဆိုသော်၊ 23.17 ထိုအခါတွင်၊ တစ်ေယာက်ေယာက်လွှတ်ရသည့်ဟူေသာနံပါတ် ၁၇သည်ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။ 18 ဤသူ့ကိုထုတ်၍ ဗာရဗ္ဗကိုလွှတ်ပါဟု တစ်ပြိုင်နက်ဟစ်ကြကုန်၏။ 19 ဗာရဗ္ဗကား မြို့တော်၌အတွင်းမီးထမှု၊ လူသတ်မှုများကြောင့် ထောင်ကျသူဖြစ်သတည်း။ 20 တစ်ဖန်ပိလတ်မင်းသည် ယေရှုကိုလွှတ်လို၍ ဖျောင်းဖျသော်လည်း၊ 21 ကားတင်ပါ၊ ကားတင်ပါ၊ ဟုဟစ်လျက်နေကြ၏။ 22 တတိယအကြိမ်ပိလတ်မင်းက အဘယ့်ကြောင့်နည်း။ အဘယ်ဆိုးသွမ်းမှုကိုပြုသနည်း။ သေဒဏ်ခံထိုက်သောပြစ်မှုကိုငါမတွေ့။ ထို့ကြောင့်ရိုက်ဒဏ်ခတ်ပြီးလျှင် လွှတ်မည်ဟုဆိုသည့်ကာလ၊ 23 ကိုယ်တော်ကိုကားတင်စေရန် အသံကျယ်စွာတိုက်တွန်းတောင်းဆို၍ အနိုင်ရသဖြင့်၊ 24 တောင်းဆိုကြသည့်အတိုင်း ပိလတ်မင်းသည်စီရင်ချက်ချလျက်၊ 25 သူတို့တောင်းသော အတွင်းမီးထမှု၊ လူသတ်မှုများကြောင့်ထောင်ကျသူ့ကိုလွှတ်၍ ယေရှုကို သူတို့အလိုသို့အပ်လိုက်၏။
26 ကိုယ်တော်ကိုထုတ်သွားကြစဉ် ကျေးတောမှလာသော ကုရေနေပြည်သားရှိမုန်ကိုဖမ်းပြီးလျှင် ကားတိုင်တော်ကိုလွှဲတင်၍ ယေရှုနောက်ကအထမ်းခိုင်းကြ၏။
27 မြောက်မြားသောပြည်သူပြည်သားတို့နှင့် ရင်တီးလျက်မြည်တမ်းသောမိန်းမများတို့သည် နောက်တော်ကလိုက်ကြရာ၊ 28 လှည့်တော်မူ၍ ယေရှုက အချင်းယေရုရှလင်မြို့သူတို့၊ ငါ့အတွက်မငိုကြွေးကြလင့်။ ကိုယ့်အတွက်နှင့် သားသမီးတို့အတွက်သာ ငိုကြွေးကြလော့။ 29 အသို့ဆိုသော် မြုံသောမိန်းမ၊ မလွယ်ဘူးသောဝမ်း၊ မတိုက်ဘူးသောသားမြတ်များ၌မင်္ဂလာရှိသည်ဟု ဆိုရမည့်နေ့ရက်ကာလရောက်တော့မည်။ 30 ထိုကာလ တောင်များအား ငါတို့အပေါ်သို့ပြိုလဲကြပါဟူ၍လည်းေကာင်း၊ ကုန်းများအား ငါတို့ကိုဖုံးအုပ်ကြပါဟူ၍လည်းေကာင်း ဆိုရကြလတ္တံ့။ 31 သစ်ပင်၌ ထိုသို့ပြုကြလျှင် သစ်တုံး၌မည်သို့ဖြစ်မည်နည်းဟုမိန့်တော်မူ၏။
32 လူဆိုးဖြစ်သော အခြားနှစ်ယောက်ကို ကိုယ်တော်နှင့်အတူကွပ်မျက်ရန် ထုတ်သွားလျက်၊ 33 ဦးခေါင်းခွံခေါ်အရပ်သို့ရောက်ကြသော် ဝဲယာတော်၌တစ်ယောက်စီထိုလူဆိုးတို့နှင့်အတူ ကိုယ်တော်ကိုကားတင်ကြလျှင်၊ 34 ယေရှုက အိုအဘ၊ သူတို့ကိုချမ်းသာပေးတော်မူပါ။ ကိုယ်ပြုသောအမှုကိုမသိကြပါဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်များကိုလည်းမဲချ၍ ခွဲဝေကောက်ယူကြသတည်း။ 35 ပြည်သူပြည်သားတို့ရပ်နေရှုကြည့်ကြစဉ် အရာရှိတို့က၊ သူတစ်ထူးကိုသူကယ်သည်တကား။ ဘုရားသခင်ရွေးချယ်၍ 23.35 ဂြိ။ ခရစ်ေတာ်။ဘိသိက်တော်ခံမင်းမှန်လျှင် ကိုယ်ကိုကယ်ပါလေစေဟု ပြက်ရယ်ပြုကြ၏။ 36-38 ဦးခေါင်းတော်အထက်၌ ဤသူကားယုဒလူမျိုးတို့ဘုရင်တည်းဟူ၍ ကမ္ပည်းဆွဲထားပြီးဖြစ်သည့်အလျောက် စစ်သည်တို့ချဉ်းကပ်၍ ပုန်းရည်ကိုကမ်းပေးလျက် သင်သည်ယုဒလူမျိုးတို့ဘုရင်မှန်လျှင် ကိုယ်ကိုကယ်လော့ဟု သရော်ကြ၏။
39 ထိုအခါကားတင်ခံရသူလူဆိုးတစ်ယောက်က သင်သည် ခရစ်တော်မဟုတ်လော။ သင်ကိုယ်တိုင်နှင့်ငါတို့ကိုကယ်လော့ဟုကဲ့ရဲ့ရာ၊ 40 တစ်ယောက်မူကား ထိုသူ့ကိုဆုံးမ၍ သင်သည်ထိုသို့သောစီရင်ဒဏ်ခံရလျက်ပင် ဘုရားသခင်ကိုမကြောက်လော။ ငါတို့သည်ကိုယ့်ပြစ်မှုများကြောင့်၊ 41 ထိုက်သင့်ရာဒဏ်ကို တရားအတိုင်းခံရကြပြီ။ ဤအရှင်မူကား မသင့်မလျော်ပြုဘူးသည်မဟုတ်ဟုဆိုပြီးလျှင်၊ 42 အိုယေရှု၊ နိုင်ငံတော်သို့ကြွလာသော် ကျွန်တော်ကိုသတိရတော်မူပါဟု လျှောက်သည့်ကာလ၊ 43 ကိုယ်တော်က ယနေ့သင်သည် ငါနှင့်အတူပရဒိသုဘုံတွင်ရှိနေရမည် ငါအမှန်ဆိုသည်ဟုမိန့်တော်မူ၏။
44 ထိုအခါမွန်းတည့်အချိန်ခန့်ရှိ၍ နေရောင်အလင်းကွယ်သဖြင့် မွန်းလွဲသုံးနာရီအချိန်တိုင် တစ်ပြည်လုံးမှောင်ကျလေ၏။ 45 ဗိမာန်တော်ရှိ ကန့်လန့်ကာလည်းထက်ခြမ်းကွဲ၏။ 46 ယေရှုသည် ကျယ်သောအသံနှင့်ဟစ်ပြီးလျှင် အိုအဘ၊ အကျွန်ုပ်ဝိညာဉ်ကိုလက်တော်သို့အပ်ပါပြီဟု မြွက်ဆိုလျက် အသက်စွန့်တော်မူ၏။ 47 တပ်မှူးသည် ထိုအဖြစ်အပျက်ကိုမြင်သော် ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်လျက် ဤသူကားသူတော်ကောင်းမှန်ပေသည်ဟု ဆိုသည့်ပြင်၊ 48 အကြည့်အရှုစုရုံးလာရောက်သော လူအမြောက်အမြားတို့လည်းမြင်လျှင် ရင်တီးလျက်ပြန်သွားကြ၏။ 49 ကိုယ်တော်နှင့်ကျွမ်းဝင်သူခပ်သိမ်းသည် ဂါလိလဲနယ်မှလိုက်လာသောတပည့်တော်မတို့ပါ အဝေးကရပ်၍ ရှုကြည့်လျက်နေကြ၏။
50-51 ထိုနောက် လွှတ်တော်ရာထူးရှိသော်လည်း ဘုရားသခင့်နိုင်ငံတော်ကိုစောင့်မြော်သော သူတော်ကောင်းသူဖြောင့်မတ်ဖြစ်လျက် လွှတ်တော်ပြဋ္ဌာန်းချက်နှင့်ပြုမူချက်ကိုအလိုမတူသူ အရိမဿဲခေါ်ယုဒမြို့တစ်မြို့နေ ယောသပ်သည်၊ 52 ပိလတ်မင်းထံဝင်လျက် ယေရှု၏အလောင်းတော်ကိုတောင်းပြီးလျှင်၊ 53 ချယူ၍ပိတ်ထည်နှင့်ပတ်ပြီးမှ မည်သူ့ကိုမျှမသင်္ဂြိုဟ်ဘူးသော ထွင်းထားပြီးကျောက်ဂူတွင်သွင်းလေ၏။ 54 ထိုအချိန်သည် အဖိတ်နေ့ကုန်လု၍ ဥပုသ်နေ့ရောက်အံ့ဆဲဖြစ်သတည်း။ 55 ဂါလိလဲနယ်မှ ကိုယ်တော်နှင့်အတူလာသောတပည့်တော်မတို့လည်းလိုက်ပို့၍ သင်္ချၖိုင်းဂူတော်ကိုလည်းေကာင်း၊ အလောင်းတော်သွင်းသည်ကိုလည်းေကာင်းကြည့်မှတ်ပြီးလျှင် နံ့သာပေါင်းနံ့သာဆီများကို ပြန်သွားပြင်ဆင်ကြ၏။