3
ယုဒဘုရင်ယောရှဖတ်မင်း နန်းစံဆယ့်ရှစ်နှစ်တွင် အာဟပ်မင်းသားတော်ယောရံမင်း နန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ့်နှစ်နှစ်စိုးစံလေ၏။ ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်သော်လည်း ခမည်းတော်တည်လုပ်ခဲ့ သောဗာလနတ်ဆိုင်ရာကျောက်တိုင်ကို ပယ်ရှားသည့်အတွက် ခမည်းတော်၊ မယ်တော်တို့နှင့်အမျှ ပြစ်မှားသည်မဟုတ်။ သို့ရာတွင် ဣသရေလအမျိုးအား ပြစ်မှားစေသော နေဗတ်သားယေရောဗောင်မင်း၏ ပြစ်မှုများ ကိုမစွန့်၊ စွဲမြဲလေ၏။
မောဘဘုရင် မေရှာမင်းသည် သိုးအများရှိသဖြင့် ဣသရေလဘုရင့်ထံ သိုးသားငယ်တစ်သိန်း၊ သိုးကြီးတစ်သိန်းမှ ထွက်သောအမွေးကိုဆက်သရ၏။ အာဟပ်မင်းကွယ်လွန်ပြီးနောက် ဣသရေလဘုရင်ကို မောဘဘုရင်ပုန်ကန်သောအခါ ယောရံမင်းသည် ရှမာရိမြို့မှချီထွက်၍ ဣသရေလအလုံးအရင်းတို့ကို စုရုံးစေပြီးလျှင် ယုဒဘုရင်ယောရှဖတ်မင်းထံ ရာဇသံစေလွှတ်၍ မောဘဘုရင်သည် ကျွန်ုပ်ကိုပုန်ကန်လေပြီ။ ကျွန်ုပ်နှင့်အတူ မောဘပြည်သို့ စစ်ချီမည်လောဟုမေးရာ ယောရှဖတ်မင်းက၊ လိုက်ချီပါမည်။ ကျွန်ုပ်သည် အကြည်တော်ကဲ့သို့လည်းေကာင်း၊ ဗိုလ်ထုလည်းအကြည်တော့်ဗိုလ်ထုကဲ့သို့လည်းေကာင်း၊ မြင်းတပ်လည်း အကြည်တော့်မြင်းတပ်ကဲ့သို့လည်းေကာင်းဖြစ်ပါ၏။ အဘယ်လမ်းဖြင့်ချီရမည်နည်းဟုမေးသော်၊ ဧဒုံသဲကန္တာရလမ်းဟုပြန်ဆိုသည့်အတိုင်း ဣသရေလဘုရင်၊ ယုဒဘုရင်၊ ဧဒုံဘုရင်တို့သည် အကွေ့လမ်းဖြင့် ခုနစ်ရက်ချီသွားကြရာ ဗိုလ်ခြေတို့နှင့်တိရစ္ဆာန်များပါ သောက်သုံးရန်ရေမရှိသဖြင့် 10 ဣသရေလဘုရင်က၊ အလို၊ ထာဝရဘုရားသည် ငါတို့မင်းသုံးပါးကို မောဘလက်တွင်းသို့ အပ်နှင်းရန်ခေါ်ဆောင်တော်မူလေစွတကားဟုဆို၏။ 11 ယောရှဖတ်မင်းက၊ ထာဝရဘုရားကိုမေးလျှောက်ရန် ထိုဘုရား၏ပရောဖက်တစ်ပါးပါးမရှိပါလောဟုမေးသော်၊ ဧလိယ၏တပည့်ရင်း ရှာဖတ်သား ဧလိရှဲရှိပါသည်ဟု ဣသရေလဘုရင်၏ ကျွန်တစ်ယောက်တင်လျှောက်လျှင်၊ 12 ယောရှဖတ်မင်းက၊ ထိုသူ၌ထာဝရဘုရား၏ဗျာဒိတ်တော်ရှိသည်ဟုဆို၍ မင်းသုံးပါးတို့သည် ဧလိရှဲထံသွားကြ၏။ 13 ဧလိရှဲကလည်း၊ သင်သည်ငါနှင့်မည်သို့ဆိုင်သနည်း။ သင့်ခမည်းတော်၊ မယ်တော်တို့ပရောဖက်များထံသွားလေလော့ဟု ဣသရေလဘုရင်အား ဆိုသော်၊ ထိုသို့မမိန့်ပါလင့်။ အကျွန်ုပ်တို့မင်းသုံးပါးကိုမောဘလက်တွင်းသို့အပ်နှင်းရန် ထာဝရဘုရားခေါ်ဆောင်တော်မူပြီတကားဟု ဣသရေလဘုရင် ပြန်ဆိုသော်၊ 14 ဧလိရှဲက၊ ငါခစားလျက်နေသော ဗိုလ်ခြေတို့အရှင်ထာဝရဘုရား အသက်ရှင်တော်မူသည့်အတိုင်း အကယ်၍ယုဒဘုရင်ယောရှဖတ်မင်း၏ မျက်နှာကိုငါမငဲ့လျှင် သင့်ကိုငါထောက်ရှုတော့ မည်မဟုတ်ဟုဆို၏။ 15 စောင်းသမားတီးသောအခါ ဧလိရှဲအပေါ်တွင် ထာဝရဘုရား၏လက်တော်တည်လေ့ရှိသည့် အတိုင်း စောင်းသမားကိုခေါ်ခဲ့လော့ဟု အမိန့်ရှိ၍ ဆင့်ဆိုသည်မှာ 16 ဤချောင်းခြောက်တွင် အကန့်များစွာဆည်ကြလော့ဟူ၍လည်းေကာင်း၊ 17 သင်တို့မှစ၍နွား၊ သိုး၊ တိရစ္ဆာန်များပါ လုံလောက်စွာသောက်သုံးရန်၊ မိုးမဆင်၊ လေမနှင်ဘဲ ထိုချောင်းရေပြည့်လိမ့်မည်ဟူ၍လည်းေကာင်း၊ ထာဝရဘုရားဗျာဒိတ်တော်ရှိ၏။ 18 ထိုအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ အသိမ်အဖျင်းမျှသာဖြစ်သည်နှင့် မောဘလူမျိုး တို့ကိုလည်း သင်တို့လက်တွင်းသို့ အပ်နှင်းတော်မူမည်ဖြစ်၍ 19 သင်တို့သည် မြို့ကောင်းမြို့ခိုင်သမျှလုပ်ကြံခြင်း၊ သစ်ကောင်းရှိသမျှခုတ်လှဲခြင်း၊ စမ်းတွင်းရှိသမျှဖို့ခြင်း၊ လယ်မြေကောင်းရှိသမျှ ကျောက်ချ၍ ဖျက်ခြင်းများကို ပြုကြလိမ့်မည်ဟု ဆင့်ဆိုသည့်အတိုင်း 20 နံနက်ပူဇော်ချိန်ခန့်တွင် ဧဒုံပြည်မှစိမ့်ထွက်သောရေသည် အနှံ့ပြည့်လေ၏။
21 ထိုဘုရင်မင်းတို့ချီလာကြောင်း မောဘပြည်သားတို့ကြားကြသော်၊ ဓားလွယ်နိုင်သူမှစ၍ ရဲမက်အပေါင်းတို့သည် စုရုံးလျက် ပြည်နယ်စွန်းက ခံရပ်နှင့်ကြ၏။ 22 မောဘပြည်သားတို့သည် နံနက်အခိျန်ထသောအခါ သူတို့မျက်မှောက်တွင် နေရောင်ကြောင့် သွေးအတိနီသောရေကိုမြင်ကြလျှင် အသွေးပါတကား။ 23 ဘုရင်မင်းတို့သည် အချင်းချင်းလုပ်ကြံ၍ သေကြလေပြီ။ အချင်းမောဘလူမျိုးတို့၊ လုယူကြကုန်အံ့ဟုညာလျက်၊ ဣသရေလတပ်သို့ရောက်ကြသော်၊ 24 ဣသရေလသူရဲတို့ထ၍ လုပ်ကြံသဖြင့် ဆုတ်ပြေးရသောမောဘသူရဲတို့ကို ချင်းတို့ပြည်တွင်း ရောက်လိုက်လံလုပ်ကြံ၍ 25 မြို့ရွာများဖြိုဖျက်ခြင်း၊ လယ်မြေကောင်းဟူသမျှတွင် လူတိုင်းကျောက်ချ၍ ဖုံးအုပ်ခြင်း၊ စမ်းတွင်းရှိသမျှဖို့ခြင်း၊ သစ်ကောင်းရှိသမျှခုတ်လှဲခြင်းများပြု၏။ မဖျက်သေးသောကိရဟရက်မြို့ကိုလည်း လောက်လွှဲသူရဲတို့ ဝိုင်းဝန်းပစ်ခတ်ကြရာ 26 မခံမရပ်နိုင်ကြောင်း သိမြင်သောမောဘဘုရင်သည် ဧဒုံဘုရင့်ထံပေါက်ရောက်နိုင်ရန် ဓားကိုင်သူရဲခုနစ်ရာကိုခေါ်၍ တိုက်ဝင်သော်လည်း မပေါက်နိုင်သည်နှင့် 27 ကိုယ့်အရိုက်အရာ၌ နန်းရံသားဦးကို မြို့ရိုးပေါ်တွင် မီးရှို့ရာသက္ကာအဖြစ် ပူဇော်လေ၏။ ဣသရေလအပေါ်တွင် အမျက်တော်ဒဏ်ကြီးလေးသောကြောင့် ထိုပြည်မှဆုတ်ခွာ၍ ကိုယ့်ပြည် သို့ပြန်သွားကြ၏။