12
1 ဣသရေလတစ်မျိုးလုံးသည် ရောဗောင်ကိုဘုရင်တင်မြှောက်ရန် ရှေခင်မြို့သို့သွားကြရာ သူလည်းသွားလေ၏။
2 ရှောလမုန်မင်းထံမှ အိဂျစ်ပြည်သို့ပြေးဝင်ခိုနေသော နေဗတ်သားယေရောဗောင်သည် ထိုသတင်းကိုကြားလျှင်ကြားချင်း၊
3 ခေါ်စေသူဣသရေလပရိသတ်အပေါင်းတို့နှင့်အတူ ရောဗောင်မင်းထံသို့ဝင်လျက်
4 ခမည်းတော်သည် ကျွန်တော်တို့အပေါ်တွင် ခဲယဉ်းသောထမ်းပိုးကိုတင်တော်မူပါပြီ။ လက်ထက်တော်မှာ ခမည်းတော်တင်ခဲ့သည့် လေးလံသောထမ်းပိုးနှင့် ခဲယဉ်းသောတာဝန်ကို ပေါ့စေတော်မူလျှင် ကျွန်တော်တို့သည် ကိုယ်တော့်ထံ၊ ဖဝါးကျွန်ဖြစ်ကြပါမည်ဟု တင်လျှောက် ကြသော်၊
5 ရောဗောင်မင်းက၊ ပြန်ကြဦးလော့။ သုံးရက်ရောက်မှ လာကြပါဦးဟု မိန့်ဆိုသည့်အတိုင်း ပြန်သွားကြ၏။
6 ထိုအခါ ရောဗောင်မင်းသည် ခမည်းတော်ရှောလမုန်မင်းလက်ထက်အပါးတော်မြဲသူ လူကြီးတို့နှင့်တိုင်ပင်ရာ ဤပရိသတ်အား ငါပြန်ပြောရန် မည်သို့အကြံပေးကြမည်နည်းဟုမေးသော်၊
7 လူကြီးတို့က ဘုရင်မင်းသည် ယနေ့ဤပရိသတ်အောက်ကျွန်သဖွယ်သူတို့အလိုအတိုင်း ဆောင်ရွက်လျက်၊ ေကာင်းေသာစကားဖြင့်ပြန်ဆိုေတာ်မူလျှင် ဘုရင်မင်းအောက်၊ အစဉ်ကျွန်ခံပါလိမ့်မည်ဟု တင်လျှောက်ကြသော်လည်း
8 ရောဗောင်မင်းသည် လူကြီးတို့ပေးသော အကြံကိုမလိုက်။ အပါးတော်မြဲ၊ ဖွားဘက်တော်၊ လူပျိုတော်တို့နှင့်တိုင်ပင်လျက်
9 ခမည်းတော်တင်တော်မူခဲ့သောထမ်းပိုးကို ပေါ့စေတော်မူပါဟူ၍ လျှောက်တောင်းသော ဤပရိသတ်အား ငါပြန်ပြောရန် မည်သို့အကြံပေးကြမည်နည်းဟုမေးသော်
10 ဖွားဘက်လူပျိုတော်တို့က ခမည်းတော်သည် ကျွန်တော်တို့အပေါ်တွင် လေးစွာတင်သော ထမ်းပိုးကိုပေါ့စေတော်မူပါဟူ၍ တင်လျှောက်သောဤပရိသတ်အား ငါ့လက်သန်းသည် ခမည်းတော့် ခါးထက်တုတ်၏။
11 ခမည်းတော်သည် သင်တို့အပေါ်တွင် လေးလံသောထမ်းပိုးဝန်ကိုတင်ခဲ့သည်မှန်၏။ ငါကားထပ်၍တင်ဦးမည်။ ခမည်းတော်သည် သင်တို့ကို နှင်တံဖြင့်ဆုံးမခဲ့သည်မှန်၏။ ငါကား ကင်းမြီးကောက်နှင့် ဆုံးမဦးမည်ဟူ၍ ပြန်ပြောတော်မူပါဟု အကြံပေးကြလေ၏။
12 သုံးရက်ရောက်မှ လာကြပါဦးဟူသောအမိန့်တော်အတိုင်းသုံးရက်စေ့၍ ယေရောဗောင်နှင့် တစ်ပရိသတ်လုံးပါ ရောဗောင်မင်းထံဝင်ကြရာ
13-14 ဘုရင်မင်းသည် လူကြီးတို့ပေးသော အကြံကိုစွန့်၍ လူပျိုတော်တို့အကြံကို လိုက်လျက် သင်တို့အပေါ်တွင် လေးလံသောထမ်းပိုးကို ခမည်းတော်တင်ခဲ့သည်မှန်၏။ ငါကားထပ်၍တင်ဦးမည်။ ခမည်းတော်သည် သင်တို့ကိုနှင်တံဖြင့် ဆုံးမခဲ့သည်မှန်၏။ ငါကားကင်းမြီးကောက်နှင့် ဆုံးမ ဦးမည်ဟု ပရိသတ်အားခက်ထန်စွာပြန်ဆို၏။
15 ဘုရင်မင်းသည် ပရိသတ်တင်စကားကို နားမဝင်ရခြင်းအကြောင်းမှာ ရှိလောမြို့နေအဟိယ ဖြင့်၊ နေဗတ်သားယေရောဗောင်အားေပးေတာ်မူခဲၙ့ေသာဗျာဒိတ်ေတာ်ပြည့်စုံေစရန် ထာဝရဘုရားမှဖြစ်ပွားလာသောအကြောင်းတည်း။
16 ဣသရေလတစ်မျိုးလုံးသည် ဘုရင်မင်းနားမဝင်ကြောင်းသိမြင်လျှင် အိုဣသရေလလူမျိုးတို့၊ နေအိမ်သို့ပြန်သွားကြလော့။ ဒါဝိဒ်မင်းသည် ငါတို့ဝေပုံလော။ ယေရှဲသားသည် ငါတို့ပိုင်စုမဟုတ်ချေ။ အိုဒါဝိဒ်၊ ကိုယ့်အိမ်ထောင်ကိုမြင်လှည့်ဦးလော့ဟု ဘုရင်မင်းရှေ့ပြန်ပြောလျက် ဣသရေလလူမျိုးတို့သည် နေအိမ်များသို့ပြန်သွားကြကုန်၏။
17 ယုဒနယ်မြို့ရွာများတွင် နေထိုင်သော ဣသရေလအမျိုးသားတို့ကိုကား ရောဗောင်မင်းအုပ်စိုးရလေ၏။
18 လမိုင်းဝန်အဒေါရံကို စေလွှတ်ရာ ဣသရေလတစ်မျိုးလုံး ခဲနှင့်ပစ်သတ်ကြသည့်အတွက် ရောဗောင်မင်းသည် ရထားပေါ်သို့ အမြန်တက်၍ ယေရုရှလင်မြို့ရောက် ပြန်ပြေးရလေ၏။ ထိုသို့ပင် ဣသရေလအမျိုးသည်
19 ဒါဝိဒ်မင်းရိုးကို ယနေ့တိုင်အောင် ပုန်ကန်ကြသတည်း။
20 ယေရောဗောင်ပြန်ရောက်ပြီဟု ဣသရေလတစ်မျိုးလုံးကြားသိကြသောအခါ လူပရိသတ်ရှိရာ ခေါ်စေ၍ ဣသရေလအမျိုးအပေါ်တွင် ဘုရင်တင်မြှောက်ကြ၏။ ယုဒအနွယ်မှတစ်ပါး ဒါဝိဒ်မင်းရိုးကို မှီခိုသူမရှိချေ။
21 ယေရုရှလင်မြို့သို့ ရောဗောင်မင်းပြန်ရောက်သောအခါ ဣသရေလအမျိုးနှင့်စစ်တိုက်၍ နိုင်ငံတော်ကိုရှောလမုန်မင်းသားတော်ရောဗောင်မင်းလက်သို့ ပြန်ရောက်စေရန် ယုဒအမျိုးတွင် ဗင်္ယာမိန့့် အနွယ်ပါ လက်ရွေးသူရဲပေါင်း တစ်သိန်းရှစ်သောင်းတို့ကိုစုရုံးသည့်ကာလ ဘုရားသခင့်လူယုံတော်
22 ရှေမာယသို့ဗျာဒိတ်တော်ရောက်လာသည်မှာ
23-24 ဤအမှုသည် ငါ့ထံမှဖြစ်သောကြောင့် ညီအစ်ကိုချင်းဖြစ်သော ဣသရေလအမျိုးသားတို့နှင့် စစ်တိုက်ရန် မချီမထွက်ဘဲ အသီးအသီးကိုယ့်အိမ်သို့ပြန်သွားကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းရှောလမုန်သား ယုဒဘုရင်ရောဗောင်မှစ၍ ယုဒ၊ ဗင်္ယာမိန့့်အမျိုးဟူသမျှနှင့် ကြွင်းသောသူတို့အားဆင့်ဆိုေလာ့ဟူေသာထာ၀ရဘုရားအမိန့်ေတာ်ကို နားထောင်၍ ဗျာဒိတ်တော်အတိုင်းပြန်သွားကြကုန်၏။
25 ထိုနောက် ယေရောဗောင်မင်းသည် ဧဖရိမ်ခင်တန်းပေါ်တွင် ရှေခင်မြို့ကို ချဲ့တည်စံနေရာမှ ရွေ့၍ ပေနွေလမြို့ကိုချဲ့တည်ပြန်၏။
26 ယေရောဗောင်မင်းကလည်း ဤနိုင်ငံသည် ဒါဝိဒ်မင်းရိုးထံပြန်ကောင်းပြန်လိမ့်မည်။
27 ပြည်သားတို့သည် ထာဝရဘုရား၏ဗိမာန်တော်၌ပူဇော်ခြင်းငှါ၊ ယေရုရှလင်မြို့သို့သွားမြဲသွားကြလျှင်၊ ကိုယ်သခင်ယုဒဘုရင်ရောဗောင်မင်းဘက်သို့ စိတ်ပြောင်းလျက် ငါ့ကိုလုပ်ကြံ၍ ထိုဘုရင့်ထံခိုဝင်ပြန်ကြလိမ့်မည်ဟုအောက်မေ့သောကြောင့်
28 အကြံယူ၍ နွားရုပ်နှစ်ကောင်ကို ရွှေနှင့်လုပ်လျက် သင်တို့သည် ယေရုရှလင်မြို့သို့ သွားဖန်များလှပြီ။ အိုဣသရေလလူမျိုး၊ သင်တို့ကို အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောဘုရားများကို ဖူးမြင်ကြလော့ဟု မိန့်ဆိုပြီးလျှင်
29 ဗေသလမြို့၌တစ်ကောင်၊ ဒန်မြို့၌တစ်ကောင်ကို ထားသဖြင့်
30 ပြည်သားတို့သည် ဒန်မြို့ရောက် နွားရုပ်ဖူးသွားလေ့ရှိကြသည့်အတိုင်း ပြစ်မှားရန်အကြောင်း ဖြစ်လာ၏။
31 ယေရောဗောင်မင်းသည် မြင့်ရာဌာနများတွင် ကျောင်းများကိုတည်ဆောက်၍ လေဝိအနွယ် မဟုတ်သောပြည်သားတို့အနက် လူတို့ကို ပရောဟိတ်ခန့်ထားလေ၏။
32 ယုဒပြည်၌ ကျင်းပလေ့ရှိသော ပူဇော်ပွဲကဲ့သို့ အဋ္ဌမလ၊ ဆယ့်ငါးရက်တွင် ဗေသလမြို့၌ပွဲကို စီမံ၍ ပူဇော်ရာပလ္လင်သို့တက်ပြီးလျှင် ကိုယ်လုပ်သောနွားရုပ်များအား ပူဇော်လေ၏။ ကိုယ်တည်သောမြင့်ရာဌာနများဆိုင်သည့် ပရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာပေးလေ၏။
33 ထိုသို့သဘောအတိုင်း ချိန်းချက်သောအဋ္ဌမလ၊ ဆယ့်ငါးရက်တွင် ဣသရေလအမျိုးသားတို့အဖို့ စီမံသည့်ပွဲအခါ ဗေသလမြို့၌ကိုယ်တည်သောပူဇော်ရာပလ္လင်သို့တက်ပြီးလျှင် မီးဖြင့်ဆက်ကပ်လေ၏။