9
ထိုကာလ၊ ယော်ဒန်မြစ်အနောက်ဘက်ခင်တန်း၊ ရှဖေလာခရိုင်၊ လေဗနုန်တောင်ရင်းရှိ မြေထဲပင်လယ်ကမ်းခြေတစ်ေလျှာက်နေသော ဟိတ္တိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိဘုရင်အပေါင်း တို့သတင်းကြားလျှင်၊ ယောရှုနှင့်ဣသရလတပ်ကို တစ်ညီတစ်ညွတ်တည်းတိုက်ခိုက်ရန် စုဝေးကြသတည်း။
ဂိဗောင်မြို့သားတို့မှာမူ ယေရိခေါမြို့၊ အာဣမြို့များ၌ယောရှုပြုခဲ့သောအရေးကိုကြားသော်၊ 4-5 ဟောင်းနွမ်းသောအိတ်များနှင့် ဟောင်းနွမ်းစုတ်ကွဲစည်းဖာသော စပျစ်ရည်ဘူးများကို မြည်းပေါ်တွင် တင်ခြင်း၊ ဟောင်းနွမ်းချုပ်ဖာသောဖိနပ်နှင့်အဝတ်ဟောင်းကို ဝတ်စည်းခြင်း၊ သွေ့ခြောက်ကြေမွသောစားနပ်ရိက္ခာဆောင်ယူခြင်းများဖြင့် ပရိယာယ်ဆောင်၍ သံတမန်အဟန်၊ ယောရှုတပ်ချသောဂိလဂါလမြို့သို့ရောက်လာသော်၊ ကျွန်တော်တို့သည် ဝေးကွာသောပြည်မှ ရောက်လာသည်ဖြစ်၍၊ မိတ်သဟာယဖွဲ့ကြပါဟု ယောရှုနှင့်တပ်သားတို့အား တောင်းပန်ကြလျှင် ဣသရေလတပ်သားတို့က၊ သင်တို့သည် ငါတို့ပိုင်နယ်တွင်နေထိုင်သူဖြစ်ပါလိမ့်မည်။ အဘယ် သို့မိတ်သဟာယဖွဲ့နိုင်ကြအံ့နည်းဟု ထိုဟိဝိလူမျိုးတို့အား ဆိုကြသော်၊ သူတို့က၊ ကျွန်တော်တို့သည် ကိုယ်တော့်ကျွန်မှန်ပါ၏ဟု ယောရှုအား လျှောက်ဆိုကြသည့်ကာလ၊ မည်သည့်လူမျိုးနည်း။ မည်သည့်အရပ်ကလာကြသနည်းဟု ယောရှုမေးရာ၊ ကိုယ်တော့်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကြောင့် အလွန်ဝေးကွာသောပြည်မှ ကျွန်တော်မျိုးခံလာကြပါပြီ။ အီဂျစ်ပြည်တွင် စီရင်သမျှမှစ၍ ယော်ဒန်မြစ်တစ်ဘက်၊ 10 အာမောရိအမျိုး၊ ဟေရှဘုန်မြို့စံရှိဟုန်မင်းနှင့် အာရှတရုတ်မြို့စံ၊ ဗာရှန်ပြည့်ရှင်သြဃမင်းနှစ်ပါးတို့၌ စီရင်သမျှသောသတင်းတော်ကိုကြားရသောကြောင့် 11 အမျိုးသားချင်းလူကြီးတို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ ခရီးစရိတ်ဆောင်ယူလျက် သွားရောက်တွေ့ဆုံပြီးလျှင်၊ ကျွန်တော်တို့သည် ကျွန်တော်မျိုးခံဖြစ်သည်နှင့်အညီ၊ မိတ်သဟာယဖွဲ့ကြပါဟုတောင်းပန်ရန်မှာထားကြပါ၏။ 12 ကြည့်တော်မူပါ။ သင်တို့ထံလာလို၍ ကျွန်တော်တို့ခရီးထွက်သောနေ့၌ အိမ်မှပူနွေးစွာထုတ်ခဲ့သောစားနပ်ရိက္ခာသည် ယခုသွေ့ခြောက်ကြေမွလျက်ရှိပါ၏။ 13 အပြည့်ထည့်ခဲ့သောစပျစ်ရည်ဘူးသစ်လည်း၊ စုတ်ကွဲပါပြီ။ ခရီးဝေးကွာသည့်အတွက် အဝတ်နှင့်ဖိနပ်ဟောင်းနွမ်းပါပြီဟု လျှောက်ဆိုကြသဖြင့် 14 ဣသရေလတပ်သားတို့သည် ထာဝရဘုရားထံမမေးမလျှောက်ဘဲ စားနပ်ရိက္ခာကိုကိုင်ကြည့်ပြီးမှ 15 ယောရှုလည်းမိတ်ဖွဲ့၍၊ အသက်ကိုချမ်းသာပေးရန် ပဋိညာဉ်ပြုသည့်အလျောက်၊ ပရိသတ်အ ကြီးအကဲတို့သစ္စာဆိုကြသတည်း။
16 မိတ်သဟာယဖွဲ့ပြီးမှ သုံးရက်လွန်သော်၊ ကိုယ့်ပိုင်နယ်တွင်နေထိုင်၍ အနီးအနားဖြစ်ကြောင်းကို ဣသရေလ အမျိုးသားတို့ကြားသိလျှင်၊ 17 သုံးရက်ခရီးသွား၍၊ သူတို့နေထိုင်သောဂိဗောင်၊ ခေဖိရ၊ ဗေရုတ်၊ ကိရယတ်ယာရိမ်မြို့များသို့ ရောက်ကြရာ၊ 18 ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား တိုင်တည်လျက် ပရိသတ်အကြီးအကဲတို့သစ္စာဆိုမိ သည်ကို ထောက်၍၊ မကွပ်မျက်ကြချေ။ အကြီးအကဲတို့အား လူပရိသတ်တို့ညည်းညူးကြသောအခါ၊ 19 အကြီးအကဲတို့က၊ ငါတို့သည် ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်လျက် သစ္စာဆိုမိသောကြောင့် သူတို့ကိုမထိရကြ။ 20 ထားခဲ့သောသစ္စာအတွက်၊ ငါတို့အပေါ်တွင် အမျက်တော်သင့်မည်ကိုစိုးရိမ်၍၊ အသက်ချမ်းသာပေးကြ ကုန်အံ့ဟု လူပရိသတ်တို့အားပြန်ဆိုကြ၏။ 21 အသက်ချမ်းသာပေးရန် အကြီးအကဲတို့ဆိုသည့်အတိုင်း လူပရိသတ်တို့အဖို့ ထင်းခွေရေခပ်ထားကြ၏။ 22 ယောရှုလည်း ထိုသူတို့ကိုခေါ်၍ သင်တို့သည်ငါတို့ပိုင်နယ်တွင်နေထိုင်သူဖြစ်လျက် ဝေးကွာသောအရပ်မှ လာရောက်ကြပါသည်ဟု ငါတို့ကိုအဘယ်ကြောင့် လှည့်စားကြသနည်း။ 23 ထိုအတွက် သင်တို့သည် အမင်္ဂလာရလျက်၊ ငါ့ဘုရားသခင့်ဗိမာန်တော်အဖို့ ထင်းခွေ၊ ရေခပ်၊ ကျွန်သီး တော်များ အစဉ်ဖြစ်ကြရမည်ဟု မိန့်ဆိုသည့်ကာလ၊ 24 သူတို့က၊ ဤပြည်တစ်ေလျှာက်လုံးကို ကိုယ်တော်တို့အားဝေပေးလျက် ရှေ့မှောက်တွင် ပြည်သူပြည်သား အပေါင်းတို့ကို ဖျက်ဆီးရန်၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်းမောရှေအား မိန့်တော် မူကြောင်း၊ ကျွန်တော်မျိုးတို့သေချာစွာကြားသိရသည်ဖြစ်၍၊ သေဘေးကိုအလွန်ကြောက်ရွံ့သောကြောင့် ထိုသို့ ပြုမိကြပါပြီ။ 25 ယခုမှာကျွန်တော်တို့သည် ကိုယ်တော့်လက်အောက်တွင်ရှိပါ၏။ သဘောတော်အတိုင်း ထိုက်သင့်ရာပြု တော်မူပါဟု ယောရှုထံဝန်ခံကြလျှင်၊ 26-27 ထိုနေ့တွင်ပင် ယောရှုသည် ထာဝရဘုရားရွေးချယ်တော်မူအံ့သောဌာန၌ ပူဇော်ရာပလ္လင်တော်အဖို့ လည်းေကာင်း၊ လူပရိသတ်အဖို့လည်းေကာင်း၊ ယနေ့တိုင်ထင်းခွေရေခပ်ဖြစ်စေရန်စီရင်လျက် ဣသရေလအမျိုးသားတို့မကွပ်မျက် စိမ့်သောငှါ၊ သူတို့လက်တွင်းမှကယ်ဆယ်လေ၏။