4
ယော်ဒန်မြစ်ကိုတစ်မျိုးလုံးကူးသွားပြီးမှ၊ ယောရှုအား ထာဝရဘုရားက၊ တစ်နွယ်လျှင် တစ်ယောက်ကျ၊ လူဆယ့်နှစ်ယောက်ကို ရွေးချယ်ဆင့်ဆိုရမည်မှာ၊ ယော်ဒန်မြစ်အလယ်ပရောဟိတ်တို့ မြဲစွဲစွာနင်းရာအရပ်မှ ကျောက်ဆယ့်နှစ်လုံးကိုယူလျက် ယနေ့ညဉ့်စွဲရပ်ရာစားခန်း၌ချထားစေဟု မိန့်တော်မူသည့်အတိုင်း၊ ယောရှုသည် ဣသရေလအမျိုးသားတို့အနက် တစ်နွယ်လျှင်တစ်ယောက်ကျ စီမံခဲ့သောလူဆယ့် နှစ်ယောက်ကိုခေါ်၍ ယော်ဒန်မြစ်လယ်ရှိ သင်တို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ရှေ့သွားလျက်၊ ဣသရေ လအနွယ်များအလိုက် တစ်ယောက်လျှင် ကျောက်တစ်လုံးစီ ထမ်းဆောင်ခဲ့ကြလော့။ သင်တို့ဘောင်တွင် လက္ခဏာသက်သေအဖြစ်တည်သည်နှင့် နောင်ကာလသားမြေးတို့က၊ ဤကျောက်များကား အသို့နည်းဟုမေးမြန်းကြသော်၊ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာသည် ယော်ဒန်မြစ်ကိုကြွဝင်စဉ်၊ ထိုသေတ္တာတော်ရှေ့မြစ် ရေပြတ်ကြောင်း၊ ဣသရေလအမျိုးအစဉ်အဆက်မပြတ် ထိမ်းမှတ်ဖွယ်ရာဖြစ်သည်တကားးဟူ၍ သင်တို့ ပြန်ပြောရကြမည်ဟု မိန့်ဆိုလေ၏။ ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားမိန့်တော်မူချက်အရ ယောရှုဆင့်ဆိုသည့်အတိုင်း နာခံ၍ ဣသရေလအနွယ်များအလိုက် ကျောက်ဆယ့်နှစ်လုံးကို ယော်ဒန်မြစ်လယ်မှ စွဲရပ်ရာစခန်း သို့ဆောင်ယူချထားကြ၏။ ယော်ဒန်မြစ်အလယ်၊ ပဋိညာဉ်တော်သေတ္တာကိုပင့်ဆောင်သူပရောဟိတ်တို့နင်းရာအရပ်၌ ယောရှုစိုက်ထူသောကျောက်ဆယ်နှစ်လုံးသည်၊ ယနေ့တိုင်အောင်ရှိသေး၏။ 10 ထာဝရဘုရားအမိန့်တော်နှင့်အညီ၊ ယောရှုအား မောရှေမှာထားသည့်အတိုင်း၊ လူပရိသတ်တို့ ကိုယောရှုဆင့်ဆိုသမျှမပြီးမချင်း၊ သေတ္တာတော်ပင့်ဆောင်သူပရောဟိတ်တို့သည် ယော်ဒန်မြစ်လယ် တွင် ရပ်တန့်ခိုက်၊ လူပရိသတ်တို့အလျင်အမြန်ကူးသွားရကြ၏။ 11 အကုန်အစင်ကူးသွားပြီးမှ ထာဝရဘုရား၏သေတ္တာတော်နှင့် ပရောဟိတ်တို့ပါ၊ ပရိသတ်တို့ မျက်မှောက်တွင်ကူးကြ၏။ 12 မောရှေမိန့်မှာခဲ့သည့်အတိုင်း ဣသရေလအမျိုးသားတို့ရှေ့ ကူးချီရသောရုဗင့်အနွယ်သား၊ ဂဒ် အနွယ်သား၊ မာနရှေ့အနွယ်တစ်ဝက်၊ 13 လူပေါင်းလေးသောင်းခန့်တို့သည် လက်နက်စွဲကိုင်လျက် ထာဝရဘုရားမျက်မှောက်တော်တွင် စစ်တိုက်ရန် ယေရိခေါလွင်ပြင်သို့ ကူးချီကြ၏။ 14 ထိုနေ့၌ပင် ထာဝရဘုရားသည် ဣသရေလတစ်မျိုးလုံးရှေ့၊ ယောရှုကိုချီးမြှင့်တော်မူသဖြင့် မောရှေကိုခန့်ညားသည့်နည်းတူ၊ ယောရှုကိုလည်း အသက်တာကာလပတ်လုံးခန့်ညားကြကုန်၏။
15-16 သက်သေတော်သေတ္တာကို ပင့်ဆောင်သူပရောဟိတ်တို့သည် ယော်ဒန်မြစ်ထဲမှတက်လာရန် ဆင့်ဆိုလော့ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း 17 ယောရှုက၊ ယော်ဒန်မြစ်ထဲမှတက်လာကြလော့ဟု ပရောဟိတ်တို့အား ဆင့်ဆိုသည့် အလျောက်၊ 18 ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကိုပင့်ဆောင်သူ ပရောဟိတ်တို့သည် ယော်ဒန်မြစ်လယ် မှတက်လာ၍၊ ကုန်းကိုနင်းသည်နှင့်တစ်ပြိုင်နက်၊ မြစ်ရေသည် ကမ်းလုံးပြည့်လျံအေင် ယမန်ကဲ့သို့စီး မြဲစီးပြန်သတည်း။
19 လူပရိသတ်သည် ပဌမလ၊ ဆယ်ရက်နေ့တွင်၊ ယော်ဒန်မြစ်မှတက်၍ ယေရိခေါမြို့အရှေ့ဘက်၊ ဂိလဂါလအရပ်၌တပ်စွဲကြရာ၊ 20 ယော်ဒန်မြစ်မှဆောင်ယူခဲ့သောကျောက်ဆယ့်နှစ်လုံးကို ယောရှုစိုက်ထူပြီးလျှင်၊ 21 ဣသရေလအမျိုးသားတို့အား၊ နောင်ကာလအဖိုးတို့ထံ၊ ဤကျောက်များကား အသို့နည်းဟု သားမြေးတို့မေးကြသော်၊ 22 ဣသရေလလူမျိုးတို့သည် ယော်ဒန်မြစ်ကိုကြည်းကြောင်း ကူးလာရသောကြောင့်တည်းဟု ညွှန်ပြရကြလိမ့်မည်။ 23-24 မြေတစ်ပြင်လုံးရှိ လူအမျိုးမျိုးတို့သည်၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ လက်ရုံး တန်ခိုးတော်ကြီးသည်ကိုသိလျက်၊ အစဉ်မပြတ်ကိုယ်တော်ကိုခန့်ညားကြစေရန် သင်တို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကူး၍မပြီးမချင်း၊ ပင်လယ်နီရေကိုခန်းခြောက်စေဆော်မူခဲ့သည့်နည်းတူ သင်တို့ကူး၍မပြီးမချင်း၊ ယော်ဒန်မြစ်ရေကိုလည်း သင်တို့ရှေ့ခန်းခြောက်ေစတော်မူသည်တကားဟု ယောရှုမိန့်ဆိုလေ၏။