3
1 ယောရှုသည် နံနက်အချိန်ထပြီးလျှင်၊ ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ရှိတ္တိမ်မြို့မှ ထွက်ချီလျက်၊ ယော်ဒန်မြစ်ကိုမကူးမီ မြစ်နားတွင် စခန်းချကြ၏။
2 သုံးရက်စွဲရပ်ပြီးမှ ဗိုလ်မှူးတို့သည် တပ်တစ်ေလျှာက်လိုက်သွား၍
3 သင်တို့ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကိုလည်းေကာင်း၊ ပင့်ဆောင်သောလေဝိဂိုဏ်း သားပရောဟိတ်တို့ကိုလည်းေကာင်း မြင်ကြလျှင်
4 နေရာမှထွက်ချီ၍ မချဉ်းဘဲတောင်ရေနှစ်ထောင်ခန့်ကွာလိုက်ကြရမည်။ သင်တို့မသွားဘူးသော် လည်း သွားရာလမ်းကို သိကျွမ်းရကြလိမ့်မည်ဟု ပရိသတ်အား ဆင့်ဆိုကြ၏။
5 ယောရှုကလည်း လူပရိသတ်အား ထာဝရဘုရားသည် နက်ဖြန်နေ့အံ့ဖွယ်မှုများကို သင်တို့၌ပြု တော်မူမည်ဖြစ်၍၊ ကိုယ်ကိုသန့်ရှင်းစေကြလော့ဟူ၍လည်းေကာင်း၊
6 ပရောဟိတ်တို့အား၊ ပဋိညာဉ်တော်သေတ္တာကို လူပရိသတ်ရှေ့လွန်၍ပင့်ဆောင်ကြလော့ဟူ၍ လည်းေကာင်း၊ မိန့်ဆိုသည့်အတိုင်း ပဋိညာဉ်တော်သေတ္တာကို လူပရိသတ်ရှေ့ပင့်ဆောင်ကြ၏။
7 ယောရှုအား ထာဝရဘုရားက၊ ငါသည်မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူ ရှိအံ့ဟု ဣသရေ လတစ်မျိုးလုံးသိစေခြင်းငှါ၊ သူတို့မျက်မှောက်တွင် ယနေ့မှစ၍၊ သင့်ကိုငါချီးမြှင့်မည်။
8 ပဋိညာဉ်တော်သေတ္တာပင့်ဆောင်သူ ပရောဟိတ်တို့အား ဆင့်ဆိုရမည်မှာ ယော်ဒန်မြစ်ရေစသို့ ရောက်လျှင်၊ ထိုမြစ်ရေတွင် ရပ်တန့်ကြစေဟူသောအမိန့်ကို ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။
9 ထိုအခါ ဣသရေလအမျိုးသားတို့အား ယောရှုက၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဗျာဒိတ် တော်ကိုနာခံရန် ချဉ်းခဲ့ကြလော့။
10 သင်တို့တွင် အသက်ရှင်တော်မူသောဘုရားတည်ရှိလျက် ခါနနိ၊ ဟိတ္တိ၊ ဟိဝိ၊ ဖေရဇိ၊ ဂိရဂါရှိ၊ အာမောရိ၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှမုချနှင်ထုတ်တော်မူမည့်အကြောင်း သိကြစေရန် လက္ခဏာဟူမူကား
11 မြေတစ်ပြင်လုံးပိုင်ရှင်၏ ပဋိညာဉ်တော်သေတ္တာသည်၊ ယော်ဒန်မြစ်ကိုဦးဆောင်ကြွဝင်လိမ့် မည်။
12 သို့ဖြစ်၍ ဣသရေလတစ်နွယ်လျှင် တစ်ယောက်ကျ၊ လူဆယ့်နှစ်ယောက်ကိုရွေးကောက်ကြလော့။
13 မြေတစ်ပြင်လုံးပိုင်ရှင်ထာဝရဘုရား၏ သေတ္တာတော်ကို ပင့်ဆောင်သောပရောဟိတ်တို့ခြေသည် ယော်ဒန်မြစ်ရေတွင် နင်းရပ်သည်နှင့် တစ်ပြိုင်နက်၊ အထက်မှစီးလာသောရေကွဲပြတ်၍ တစ်ဘက်သတ် စုပုံလိမ့်မည်ဟု မိန့်ဆိုလေ၏။
14 ထိုနောက် ပဋိညာဉ်တော်သေတ္တာကို ပင့်ဆောင်သောပရောဟိတ်တို့ ဦးတည်သည်နှင့် လူပရိသတ်တို့သည် ယော်ဒန်မြစ်ကို ကူးသွားရန်တဲများမှ ထွက်ကြသည့်အခါ၊
15 ရိတ်သိမ်းချိန်ကာလ ကမ်းလုံးပြည့်လျှံသောယော်ဒန်မြစ်ရေစ၌၊ သေတ္တာတော်ပင့်ဆောင်သူ ပရောဟိတ်တို့ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်
16 အထက်မှစီးလာသောရေတန့်ရပ်၍၊ ဇာရတန်မြို့အနီး၊ အာဒံမြို့ဆိပ်ထိဝေးကွာစွာတစ်ဘက် သတ်စုပုံလျက် အရာဗာအိုင်ခေါ် ရေငံအိုင်သို့စီးဆင်းသောမြစ်ရေလည်း လုံးလုံးပြတ်၍၊ လူပရိသတ် တို့သည် ယေရိခေါမြို့သို့တည့်တည့်ကူးသွားရကြ၏။
17 ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို ပင့်ဆောင်သောပရောဟိတ်တို့မူကား၊ ဣသရေလ တစ်မျိုးလုံးကြည်းကြောင်းသွား၍ ယော်ဒန်မြစ်တစ်ဖက်သို့ အကုန်အစင်မရောက်မချင်း မြစ်အလယ် မြေပေါ်တွင် ရပ်မြဲရပ်နေကြ၏။