47
ဂါဇမြို့ကိုဖာရောမင်းမလုပ်ကြံမီ၊ ဖိလတ္တိလူမျိုးကိုရည်လျက်၊ ပရောဖက်ယေရမိသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား။ ထာဝရဘုရားက၊ မြောက်ပိုင်းမှ ထွက်စီးသောရေသည်၊ လျှံတက်သောမြစ်သဖွယ်၊ နေပြည်နှင့်ပေါ်ပေါက်သမျှကိုလည်းေကာင်း၊ မြို့ရွာနှင့် နေထိုင်သမျှကိုလည်းေကာင်း၊ လွှမ်းမိုးသည့်အတွက်၊ ပြည်သူပြည်သားတို့သည်၊ အော်ဟစ်ရကြလတ္တံ့ဟုမိန့်တော်မူ၏။ 3-4 ဖိလိတ္တိလူမျိုးတည်းဟူသော၊ ကရေတေကျွန်းသားအကြွင်းအကျန်တို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသည့်အလျောက်၊ ဖိလိတ္တိလူမျိုးတို့ကိုလည်းေကာင်း၊ တုရုနှင့်ဇိဒုန်မြို့များ၌ ကြွင်းကျန်သမျှစစ်ကူသူတို့ကိုလည်းေကာင်း၊ ဖျက်ဆီးပယ်ရှားရာနေ့ရက်ကာလရောက်တော့ မည်ဖြစ်သောကြောင့်၊ မြင်းတပ်ဒုံးခွာသံ၊ ရထားတပ်ပဲ့တင်သံ၊ ဘီးလည်သံများအတွက်၊ အဘတို့ သည်လက်လျော့၍၊ သားရင်းတို့ကိုပင်မလှည့်မကြည့်ဝံ့ကြချေ။ ဂါဇမြို့သည် ဦးဆံပယ်ပြီ။ ချိုင့်တွင်ကျန်သေးသော၊ အာရှကေလုန်မြို့သည်ပျက်စီးပြီ။ မည်မျှတိုင်တိုင်ကိုယ်ကိုထိရှလျက်နေမည်နည်း။ အိုထာဝရဘုရား၏ဓားတော်၊ မည်မျှတိုင်တိုင်မငြိမ်ဘဲနေမည်နည်း။ ဓားအိမ်သို့ဝင်ပြီးလျှင်၊ ငြိမ်သက်သာယာစွာနေပါလော့။ အာရှကေလုန်မြို့နှင့်သမုဒ္ဒရာကမ်းခြေတစ်လျှောက်အပေါ်တွင်၊ ဓားတော်ကိုထာဝရဘုရားစီမံမိန့်မှာတော်မူသဖြင့်၊ မည်သို့ငြိမ်းနိုင်မည်နည်းဟူ၍တည်း။