45
1 ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းနန်းစံလေးနှစ်တွင်၊ ယေရမိနှုတ်ထွက်အတိုင်းအထက်စကားချက်များကို၊ ကျမ်းဂန်ရေးသားသည့်ကာလ၊ နေရိသားဗာရုတ်အား၊ ပရောဖက်ယေရမိဆင့်ဆိုသောဗျာဒိတ်တော်ကား၊
2-3 အိုဗာရုတ်၊ ငါ၌အကျိုးနည်းလေစွ၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းအထပ်ထပ်ကို၊ ထာဝရဘုရားရောက်စေတော်မူသောကြောင့်၊ ငါသည်သက်သာခြင်းကင်းလျက်၊ ညည်းတွားရ၍၊ မောပန်းလှပြီဟုဆိုသောသင့်ကိုထောက်၍၊
4 ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားက၊ မြေတစ်ပြင်လုံးတွင်၊ ငါတည်ထောင်ခဲ့ရာကို ငါမှောက်လှန်ခြင်း၊ စိုက်ပျိုးခဲ့ရာဆွဲနုတ်ခြင်း၊ ငါပြု၏။
5 ကြီးမြတ်သောကိုယ်ကျိုးကို သင်ရှာသလော။ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ လူသတ္တဝါအပေါင်းတို့၌ ဘေးသင့်စေမည်ဖြစ်သောကြောင့်၊ မရှာလင့်။ သင်သွားလေရာရာတွင် အသက်ဆုကိုသာ၊ ငါသနားမည်ဟုမိန့်တော်မူကြောင်း၊ ထိုသူ့အားဆင့်ဆိုလော့ဟူ၍တည်း။