43
ယေရမိအားဖြင့်၊ ထိုသူတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသမျှ ဗျာဒိတ်တော်ချက်တည်းဟူသော၊ အထက်စကားများကို၊ လူပရိသတ်အား၊ အကုန်အစင်ဆင့်ဆိုသည့်အဆုံး၌၊ ဟောရှဲသားအာဇရိ၊ ကာရာ့သားယောဟနန်နှင့်မောက်မာသူ အပေါင်းတို့က၊ သင်သည်လိမ်လည်၍ဆင့်ဆိုလေပြီ။ အိဂျစ်ပြည်သို့သွားရောက်တည်းခိုခြင်းမပြုကြရဟု ဆင့်ဆိုရန်၊ ငါတို့ဘုရားသခင်ထာဝရဘုရားစေလွှတ်တော်မူသည်မဟုတ်။ ငါတို့ကိုသတ်ကြရစေရန်လည်းေကာင်း၊ ဗာဗုလုန်မြို့သို့သိမ်းသွားကြရစေရန်လည်းေကာင်း၊ ခါလဒဲတပ်သားတို့လက်တွင်းသို့အပ်နှင်းမည့်အကြံနှင့်၊ နေရိသားဗာရုတ်သည်၊ သင့်ကိုတိုက်တွန်းလေပြီဟုယေရမိအားပြန်ဆိုလျက်၊ ကာရာ့သား ယောဟနန်မှစ၍၊ တပ်မှူးတို့နှင့် လူပရိသတ်တို့သည်၊ ယုဒပြည်၌နေထိုင်ရန် ထာဝရဘုရား၏အမိန့်တော်သံကို၊ နားမထောင်ကြချေ။ ထိုအခါ၊ ကာရာ့သားယောဟနန်နှင့်တပ်မှူးတို့သည်၊ နှင်ထုတ်ခဲ့ရာလူအမျိုးမျိုးမှ၊ ယုဒပြည်၌နေထိုင်ရန်ပြန်ရောက်သော ယုဒလူမျိုးအကြွင်းအကျန်ဖြစ်သူ၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးတို့မှစ၍၊ ရှာဖန့်မြေး၊ အဟိကံ့သားဂေဒလိအပါးတွင်၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ထားခဲ့သောလူဟူသမျှကို၊ ပရောဖက်ယေရမိနှင့် နေရိသားဗာရုတ်တို့ပါ၊ ခေါ်သွားလျက်၊ ထာဝရဘုရား၏အမိန့်တော်သံကိုနားမထောင်ဘဲ၊ အိဂျစ်ပြည်တာပနက်မြို့သို့ရောက်လာကြသတည်း။​ တာပနက်မြို့၌၊ ယေရမိသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ ကျောက်ပြားကြီးများကိုကိုင်ယူလျက်၊ တာပနက်မြို့၊ ဖာရောမင်းနန်းတော်တံခါးဝအနီး၊ မြို့ရိုးငယ့်အတွင်းယုဒလူတို့ရှေ့၊ သရွတ်ထေး၍ခင်းထားပြီးနောက်၊ 10 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ ငါ့ကျွန်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာကို၊ ငါခေါ်စေလျက်၊ ခင်းထားသောဤကျောက်ပြားပေါ်တွင်၊ ရာဇပလ္လင်ကိုတည်မည့်အလျောက်၊ 11 ထိုမင်းသည်ရောက်လာ၍၊ ဤကျောက်ပြားထက်၊ နေရာတော်ခင်းလျက်၊ သေဘေးခံသင့်သူတို့ကိုသေခြင်းသို့လည်းေကာင်း၊ သုံ့ပန်းဘေးခံသင့်သူတို့ကိုသုံ့ပန်းခြင်းသို့လည်းေကာင်း၊ ဓားေဘးခံသင့်သူတို့ကို လုပ်ကြံခြင်းသို့လည်းေကာင်း၊ အပ်သဖြင့်၊ အိဂျစ်ပြည်ကိုဒဏ်ခတ်လိမ့်မည်။ 12 အိဂျစ်ဘုရားတို့ဗိမာန်များအတွင်း၊ ငါမီးမွေးမည့်အလျောက်၊ ထိုမင်းသည်တိုက်ရှို့သိမ်းသွား၍၊ ကိုယ့်အဝတ်ကို၊ သိုးထိန်းဝတ်ခြုံသည့်နည်းတူ၊ အိဂျစ်ပြည်ကိုဝတ်ခြုံလျက်၊ ဘေးကင်းစွာထွက်သွားရလိမ့်မည်။ 13 အိဂျစ်ပြည်ရှိ၊ နေမင်းဗိမာန်ကျောက်တိုင်များကိုချိုးဖဲ့၍၊ အိဂျစ်ဘုရားတို့ဗိမာန်များကိုမီးတိုက်လိမ့်မည်ဟု၊ မိန့်တော်မူကြောင်းဆင့်ဆိုလော့ဟူ၍တည်း။