23
ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ စားကျက်တော်ရှိသိုးအုပ်ကိုဖျက်ဆီးခွဲလွှင့်သော အထိန်းအကျောင်းတို့သည်၊ အမင်္ဂလာရှိကြ၏။ ထို့ကြောင့်လူမျိုးတော်ကိုထိန်းကျောင်းသူတို့နှင့်စပ်လျဉ်း၍၊ ဣသရေလလူမျိုး၏ဘုရားသခင်၊ ငါထာဝရဘုရားမိန့်ဆိုသည်မှာ၊ သိုးအုပ်တော်ကိုအကြည့်အရှုမလာဘဲ၊ မောင်းနှင်ခွဲလွှင့်ကြသည့်အလျောက်၊ သင်တို့ဆိုးသွမ်းသော အပြုအကျင့်များအတွက်၊ ငါအစီအရင်လာမည့်ပြင်၊ နှင်ထုတ်ခဲ့ရာအပြည်ပြည်၌ ကြွင်းကျန်သမျှသောသိုးတို့ကိုစုသိမ်း၍၊ ခြံရင်းများသို့ပြန်သွင်းမည့်ဖြစ်သောကြောင့်၊ များပြားစွာပေါက်ပွားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ထိုသူတို့အပေါ်တွင်ထိန်းကျောင်းမည့်သူတို့ကို ငါခန့်ထားသဖြင့်၊ နောင်ကြောက်ရွံ့ခြင်း၊ စိတ်ပျက်ခြင်း၊ ယုတ်လျော့ခြင်းကင်းရကြလတ္တံ့။
ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဘုရင်မင်းအဖြစ်၊ ကြံတိုင်းထမြောက်အုပ်စိုးလျက်၊ ပြည်တော်တွင်တရားသဖြင့်စီရင်ဆုံးဖြတ်မည့်ဖြောင့်မတ်သောအေညှာက်ကို၊ ဒါဝိဒ်မင်းအဆက်၌ ငါပေါ်ထွန်းစေသောနေ့ရက်ကာလရောက်တော့မည်။ ထိုမင်းလက်ထက်၊ ယုဒအမျိုးသည်ဘေးလွတ်လျက်၊ ဣသရေလအမျိုးလည်း လုံခြုံလျက်နေရကြလိမ့်မည်။ ဘွဲ့တော်ကိုကား၊​​​​​​​​​​​​​​​​​​​​​​​​​ ငါတို့ဖြောင့်မတ်ရာဖြောင့်မတ်ကြောင်း၊ ထာဝရဘုရားတည်းဟုသမုတ်ကြလတ္တံ့။ 7-8 သို့ဖြစ်၍၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဤလူမျိုးသည်ပြည်ရင်းတွင် နေထိုင်ဦးမည်ဖြစ်သောကြောင့်၊ အိဂျစ်ပြည်မှဣသရေလအမျိုးသားတို့ကို၊ ဆောင်ခဲ့သော ထာဝရဘုရားအသက်တော်ဟူ၍ ဆက်လက်ဆိုလေ့မရှိဘဲ၊ နှင်ထုတ်တော်မူခဲ့ရာမြောက်ပိုင်းပြည်နှင့်ပြည်တကာမှ၊ ဣသရေလအမျိုးသားအဆက်အနွယ်တို့ကို၊ လမ်းပြ၍ဆောင်ခဲ့သောထာဝရဘုရားအသက်တော်ဟူ၍ ဆိုရလတ္တံ့သောနေ့ရက်ကာလရောက်တော့မည်။
ပရောဖက်တို့နှင့်စပ်လျဉ်း၍ဆိုဦးအံ့။ ထာဝရဘုရားကြောင့်လည်း‌ေကာင်း၊ သန့်ရှင်းသောဗျာဒိတ်တော်ချက်ကြောင့်လည်း‌ေကာင်း၊ အတွင်းစိတ်နှလုံးကြေကွဲလျက်၊ အရိုးရှိသမျှဆွေးမြေ့လျက်၊ စပျစ်ရည်သောက်ကြူး၍ ယစ်မူးသူကဲ့သို့ငါဖြစ်၏။ 10 ဆိုးသွမ်းသောလမ်းတာ၊ မတည်တံ့သောအင်အားရှိလျက်၊ သူ့သားအိမ်ရာကိုပြစ်မှားသူတို့နှင့်ပြည့်သောပြည်သည်၊ အမင်္ဂလာကြောင့်မြည်တမ်းသည့်ပြင်၊ တောတောင် စားကျက်များလည်း၊ သွေ့ခြောက်လျက်ရှိ၏။ 11 ထာဝရဘုရားက၊ ပရောဖက်နှင့်ပရောဟိတ်တို့သည်၊ လူ့သရော်လူပျက်ဖြစ်လျက်၊ ဗိမာန်တော်တွင်ပင်၊ ထိုသူတို့ဆိုးသွမ်းမှုကိုငါတွေ့မြင်ပြီ။ 12 ထို့ကြောင့်၊ ငါထာဝရဘုရားမိန့်ဆိုသည်နှင့်အညီ၊ ဒဏ်စီရင်ခြင်းခံရာ နှစ်ကာလတည်းဟူသောဘေးဥပဒ်ကိုငါသင့်စေမည့်အလျောက်၊ ချင်းတို့လမ်းသည်မှောင်ကျ၍၊ ခြေချော်ရာဖြစ်လျက်၊ တွန်းချဖြိုလှဲခံရကြလိမ့်မည်။ 13 ရှမာရိမြို့ရှိပရောဖက်များသည်၊ ဗာလနတ်ကိုအမှီပြု၍ ဟောပြောသဖြင့်၊ ဣသရေလလူမျိုးတော်ကိုလမ်းလွဲစေလျက်၊ မတော်မလျော်ပြုကြသည်ကို ငါရှုမြင်ရသည်မှန်၏။ 14 ယေရုရှလင်မြို့ရှိ ပရောဖက်များမှာမူ၊ သူ့သားအိမ်ရာပြစ်မှားခြင်း၊ မုသာအလျောက်လိုက်လျှောက်ခြင်း၊ ကိုယ့်ဆိုးသွမ်းမှုမှအသီးအသီး မပြန်လာရအောင် အဆိုးပြုသူတို့ကိုအားပေးခြင်းများတည်းဟူသော၊ စက်ဆုပ်ဖွယ်ရာပြုကြကြောင်း ငါရှုမြင်သည်နှင့်၊ ရှိသမျှတို့သည် သောဒုံမြို့ကဲ့သို့လည်း‌ေကာင်း၊ မြို့သူမြို့သားတို့လည်းဂေါမောရမြို့ကဲ့သို့လည်း‌ေကာင်း၊ ငါရှေ့ဖြစ်ရ လေစွ။ 15 ထို့ကြောင့်ပရောဖက်တို့ကိုရည်လျက်၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားမိန့်ဆိုသည်မှာ၊ ယေရုရှလင်မြို့ရှိပရောဖက်တို့အစပြုသော၊ လူသရော်လူပျက်သဘောသည်၊ ပြည်လုံးကျွတ်အနှံ့အပြားရောက်ပြီးဖြစ်၍၊ ထိုပရောဖက်တို့အား၊ ခါးသောခဲဖွယ်သောက်ဖွယ်ကို၊ ငါတိုက်ကျွေးမည်ဟုမိန့်တော်မူ၏။
16 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဟောပြောလျက်နေသော ပရောဖက်တို့စကားများကိုမနာယူကြလင့်။ ထိုပရောဖက်တို့သည်၊ ငါထာဝရဘုရားအမိန့်တော်အတိုင်းမဟုတ်။ ကိုယ့်မနောရူပါရုံအတိုင်းသာဟောပြော၍၊ သင်တို့ကိုအနတ္တဖြစ်စေလျက်၊ 17 ငါထာဝရဘုရား၏ ဗျာဒိတ်တော်ကိုမထီလေးစားပြုသူတို့အား၊ ချမ်းသာရကြသည်ဟူ၍လည်း‌ေကာင်း၊ ခက်မာသောကိုယ့်သဘောအလျောက်လိုက်လျှောက်သူတိုင်းအား၊ ဘေးသင့်မည်မဟုတ်ဟူ၍လည်း‌ေကာင်း၊ ဟောတတ်ကြ၏။ 18 ထိုသူတို့အနက်၊ ဗျာဒိတ်တော်ကို နားစိုက်၍ ကြားသိရသူ၊ ငါထာဝရဘုရား၏ သုဓမ္မာသဘင်၌ပါဝင်၍ ဒိဋ္ဌကြားနာရသူကား မည်သူနည်း။ 19 မိုးသက်မုန်တိုင်းတည်းဟူသော၊ ငါထာဝရဘုရား၏ဒေါသသည်၊ ထွက်သွားလှည့်ဝှေ့သည့်အလျောက်၊ လူဆိုးတို့ဦးခေါင်းကိုတိုက်ခတ်လိမ့်တကား။ 20 ငါထာဝရဘုရားသည်၊ စိတ်တော်ပြဋ္ဌာန်းချက်များအတိုင်း၊ မစီရင်၊ အတည်မပြုမချင်း၊ အမျက်တော်ကိုရုပ်သိမ်းမည်မဟုတ်ကြောင်း၊ နောင်ကာလသင်တို့သိမြင်နားလည်ရကြလတ္တံ့။ 21 ထိုပရောဖက်တို့သည် ငါစေလွှတ်ခြင်းကင်းလျက်၊ အသော့သွား၍၊ ဗျာဒိတ်တော်ခံခြင်းကင်းလျက်၊ ဟောပြောကြသည်တကား။ 22 ငါ့သုဓမ္မာသဘင်၌ပါဝင်ခဲ့လျှင်၊ လူမျိုးတော်အား ငါ့ဗျာဒိတ်ကိုဆင့်ဆိုလျက်၊ ဆိုးသွမ်းသောအလေ့အလာ၊ ဆိုးသွမ်းသောအပြုအကျင့်များမှပြောင်းလဲစေကြခဲ့လေပြီ။ 23 ငါသည် အနီးအပါး၌သာဘုရားလော။ ဝေးကွာရာ၌လည်း ဘုရားမဟုတ်တုံလောဟူ၍လည်း‌ေကာင်း၊ 24 ငါမမြင်အောင်ကွယ်ဝှက်ရာ၌ ပုန်းရှောင်နိုင်သူရှိသလောဟူ၍လည်း‌ေကာင်း၊ မိုးမြေကိုနှံ့ပြားသည်မဟုတ်လောဟူ၍လည်း‌ေကာင်း၊ ငါထာဝရဘုရားမေးလေ၏။ 25 အိမ်မက်မြင်ပြီ၊ မြင်ပြီဟုဆိုလျက်၊ ငါ့နာမနှင့် မုသာဟောပြောသောပရောဖက်တို့စကားကိုငါကြားရပြီ။ 26-27 မုသာဟောပြောသောပရောဖက်၊ ကိုယ့်သဘောအတိုင်းလှည့်စားသောပရောဖက်၊ ငါ့နာမကိုမေ့လျော့၍ ဗာလနတ်ကို သတိမူသောဘိုးဘေးတို့နည်းတူ၊ အချင်းချင်း ပြန်ကြားသောအိပ်မက်များဖြင့်၊ ငါ့နာမကိုလူမျိုးတော်မေ့လျော့စေရန် ကြံစည်သောပရောဖက်များ၌၊ ထိုသို့စိတ်သဘောရှိသည်မှာ၊ မည်မျှကြာအံ့နည်း။ 28 မြင်မက်သောပရောဖက်သည်၊ အိပ်မက်ကိုဘာသာပြန်ကြားစေ။ ငါ့ဗျာဒိတ်ကိုခံရသောပရောဖက်လည်း၊ ဗျာဒိတ်တော်ကိုမှန်ကန်စွာဆင့်ဆိုစေ။ စပါးနှင့်ယှဉ်လျှင်၊ ကောက်ရိုးမည်သို့နည်းဟူ၍လည်း‌ေကာင်း၊ 29 ငါ့ဗျာဒိတ်တော်သည်၊ မီးသဖွယ်၊ ကျောက်ကိုထုချေသော တူကြီးသဖွယ်ဖြစ်သည်မဟုတ်ေလာဟူ၍လည်း‌ေကာင်း၊ ငါထာဝရဘုရားမေးသည်ဟု မိန့်တော်မူ၏။
30 သို့ဖြစ်၍၊ ငါ့ဗျာဒိတ်တော်ကိုအဆင့်ဆင့်ခိုးယူသော၊ ထိုပရောဖက်တို့တစ်ဘက်၌ ငါနေသည်ဟူ၍လည်း‌ေကာင်း၊ 31 ဗျာဒိတ်တော်ရှိသည်ဟု လျှာလှည့်သော၊ ထိုပရောဖက်တို့တစ်ဘက်၌ ငါနေသည်ဟူ၍လည်း‌ေကာင်း၊ 32 ငါစေလွှတ်ခြင်း၊ မိန့်မှာခြင်းကင်းလျက်၊ မုသာအိပ်မက်များကိုဟောပြောပြန်ကြား၍၊ မုသာဆိုခြင်း၊ ဝါကြွားခြင်းများဖြင့်၊ ငါ့လူမျိုးတော်ကိုအကျိုးမပေးတတ်သောလမ်းလွှဲစေသူ၊ ထိုပရောဖက်တို့တစ်ဘက်၌ ငါနေသည်ဟူ၍လည်း‌ေကာင်း၊ ထာဝရဘုရားမိန့်တော်မူ၏။ ္
33-34 ပရောဖက်သော်လည်း‌ေကာင်း၊ ပရောဟိတ်သော်လည်း‌ေကာင်း၊ ပြည်သူပြည်သားတို့သော်လည်း‌ေကာင်း၊ ထာဝရဘုရား၏ဝန်တင်ချက်တော်ကား၊ အသို့နည်းဟုမေးမြန်းလျှင်၊ ဝန်ထုပ်ဖြစ်သော သင်တို့ကိုငါပစ်ချမည့်ပြင်၊ ပရောဖက်ဖြစ်စေ၊ ပရောဟိတ်ဖြစ်စေ၊ ပြည်သူပြည်သားဖြစ်စေ၊ ထာဝရဘုရား၏ဝန်တင်ချက်တော်ဟုဆိုမှ၊ သူ့ကိုလည်း၊ အိမ်သူအိမ်သားတို့ပါ၊ ငါပြစ်ဒဏ်စီရင်မည့်အကြောင်း၊ ဆင့်ဆိုလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ 35-36 လူတိုင်း၊ ကိုယ့်စကားကိုဝန်တင်ချက်လုပ်တတ်သည့်အလျောက်၊ အသက်ရှင်တော်မူသောဘုရား၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ငါတို့၏ဘုရားသခင်ဗျာဒိတ်တော်ချက်များကို၊ သင်တို့မှောက်လှန်ကြသောကြောင့်၊ ထာဝရဘုရား၏ဝန်တင်ချက်တော်ဟုနှုတ်မျှမသုံးဘဲ၊ အပေါင်းအဖော်ချင်း၊ ဆွေမျိုးသားချင်းတို့အား၊ ထာဝရဘုရားသည်မည်သို့ တုံ့ပြန်တော်မူသနည်း။ မည်သို့မိန့်မြွက်တော်မူသနည်းဟူ၍သာမေးအပ်ကြ၏။ 37 ပရောဖက်အားလည်း၊ ထာဝရဘုရားသည် မည်သို့တုံ့ပြန်တော်မူသနည်း။ မည်သို့မိန့်မြွက်တော်မူသနည်းဟူ၍သာမေးလျှောက်အပ်၏။ 38 ထာဝရဘုရား၏ဝန်တင်ချက်တော်ဟုဆိုသူတို့အား၊ ထာဝရဘုရား၏ဝန်တင်ချက်တော်ဟုမဆိုစေရန်ငါပညတ်သော်လည်း၊ ထာဝရဘုရား၏ဝန်တင်ချက်တော်ဟူသော စကားကိုသုံးလေ့ရှိသေးသောကြောင့်၊ သင်တို့ကိုလည်း‌ေကာင်း၊ 39 ဘိုးဘေးများမှစ၍ သင်တို့အား၊ ငါပေးခဲ့သောမြို့ကိုလည်း‌ေကာင်း၊ ဝန်ထုပ်အဖြစ်ချီမ၍ ရှေ့တော်မှ ငါပစ်ချမည့်ပြင်၊ 40 ကာလအစဉ်မမေ့မလျော့သောကဲ့ရဲ့ရှုတ်ချခြင်းကိုသင်တို့အပေါ်သို့ ငါတင်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။