ယေရမိကျမ်း
1
1-2 အာမုန်မင်းသားတော် ယုဒဘုရင်ယောရှိမင်းနန်းစံတစ်ဆယ့်သုံးနှစ်တွင်၊ ဗင်္ယာမိန်နယ် အာနသုတ်မြို့ရှိ ပရောဟိတ်တို့အနက်၊ ဟိလခိသားယေရမိသို့ရောက်လာ သော ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်းလည်းေကာင်း၊
3 ယောရှိမင်းသားတော် ယုဒဘုရင်ယောယကိမ်မင်းလက်ထက်ကစ၍ ထိုမင်းညီတော် ယုဒဘုရင်ဇေဒကိမင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်ပဥ္စမလတွင်၊ ယေရုရှလင်မြို့ သူမြို့သားတို့သုံ့ဖမ်းခံရသည့်တိုင်အောင်၊ ရောက်ပြန်သော ဗျာဒိတ်တော်အတိုင်းလည်းေကာင်း၊ ယေရမိဆင့်ဆိုသောစကားကို ပြန်ကြားပေအံ့။
4 ထာဝရဘုရားဗျာဒိတ်တော်သည် ငါသို့ရောက်လာသည်မှာ၊
5 ဝမ်းတွင်း၌ သင့်ကိုမပြုပြင်မီငါသိခဲ့ပြီ။ မဖွားမြင်မီပင် သင့်ကိုငါသီးသန့်ထားခဲ့ပြီဖြစ်သည့်အလျောက်၊ လူမျိုးခြားတို့အဖို့ ပရောဖက်အဖြစ်ဖြင့်၊ ငါခန့်ထားလေပြီဟု မိန့်တော်မူသော်၊
6 အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်ရွယ်သူဖြစ်ပါ၍ မဟောတတ်ပါဟုငါပြန်လျှောက်လျှင်၊
7 ထာဝရဘုရားက ငယ်ရွယ်သူဖြစ်ပါသည်ဟုမလျှောက်လင့်။ ငါစေလွှတ်သမျှသို့သွား၍၊ မိန့်မှာသမျှကိုဆင့်ဆိုရမည်။
8 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင့်ကိုကယ်ရန်ငါပါရှိသောကြောင့် ထိုသူတို့ကိုမကြောက်ရဟု မိန့်တော်မူပြီးမှ၊
9 ထာဝရဘုရားသည်လက်တော်ဆန့်လျက် ငါ့နှုတ်ကိုတို့တော်မူ၍ ဗျာဒိတ်တော်ချက်ကို သင့်နှုတ်တွင်ငါထည့်သွင်းလေပြီ။
10 ဆွဲနုတ်ဖြိုလှဲပယ်ဖျက်မှောက်လှန်ရန်လည်းေကာင်း၊ တည်ထောင်စိုက်ပျိုးရန်လည်းေကာင်း၊ လူမျိုးခြား၊ တိုင်းနိုင်ငံများအပေါ်တွင်၊ ကြီးကြပ်သူအဖြစ်ဖြင့်၊ ယနေ့သင့်ကိုငါခန့်ထားလေပြီဟု မိန့်တော်မူ၏။
11 တစ်ဖန် ထာဝရဘုရားဗျာဒိတ်တော်သည်၊ ငါသို့ရောက်ပြန်သည်မှာ၊ အိုယေရမိ၊ မည်သည့်အရာကိုမြင်ရသနည်းဟုမေးတော်မူသော် ၁ 1.11 ပါဠိၒ ၒ- ရှာကဒ်။ဗာတံခက်ကိုမြင်ပါသည်ဟု ငါလျှောက်လျှင်၊
12 ထာဝရဘုရားက သင့်အမြင်တော်သင့်ပြီ၊ အသို့ဆိုသော် ဗျာဒိတ်တော်ကို အတည်ပြုရန် ငါ၂ 1.12 ပါဠိၒ ၒ- ေရှာကဒ်။စောင့်ထိန်းသောကြောင့်တည်းဟုမိန့်တော်မူ၏။
13 ထာဝရဘုရားဗျာဒိတ်တော်သည်၊ ငါသို့ထပ်ရောက်သည်မှာ၊ မည်သည့်အရာကိုမြင်ပြန်သနည်းဟုမေးတော်မူသော်၊ မြောက်မျက်နှာသို့ကျောခိုင်းလျက်ရှိသော၊ ငရဲအိုးကင်းကိုမြင်ရပါသည်ဟုငါလျှောက်လျှင်၊
14 ထာဝရဘုရားက ဤပြည်သူပြည်သားခပ်သိမ်းတို့အပေါ်တွင်၊ မြောက်မျက်နှာမှ ဘေးဥပဒ်သင့်ရောက်လိမ့်မည်။
15 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း မြောက်ပိုင်းနိုင်ငံများရှိ လူအမျိုးမျိုးကိုငါခေါ်သည့်အလျောက် ရောက်လာကြရာ၊ အသီးအသီးတို့သည် ယေရုရှလင်မြို့တံခါးဝမှ စ၍၊ မြို့ရိုးပတ်လည်တစ်လျှောက်နှင့် ယုဒပြည်ရှိမြို့တိုင်းအနီး၌၊ တရားပလ္လင်များကိုတည်ရကြသဖြင့်၊
16 ငါလည်း၊ ငါ့ကိုစွန့်ပယ်ခြင်း၊ အခြားဘုရားများအား မီးဖြင့်ပူဇော်ခြင်း၊ ကိုယ့်လက်ဖြစ်ရှေ့ရှိခိုးခြင်းများကိုပြုကြသောဆိုးသွမ်းမှုအမျိုးအမျိုးအတွက် ပြည်သူပြည်သားတို့အပေါ်တွင်၊ ဆုံးဖြတ်တော်မူချက်များကိုထုတ်ဆင့်လိမ့်မည်။
17 သို့ဖြစ်၍ ခါးစည်းလျက်ထပြီးလျှင် ငါမိန့်မှာသမျှကို ထိုသူတို့အားဆင့်ဆိုလော့။ ၎င်းတို့ရှေ့တုန်လှုပ်ရာတုန်လှုပ်ကြောင်း ငါမပေးရစေရန်၊ သူတို့အတွက်တုန်လှုပ် ခြင်းကင်းလျက်နေလော့။
18 ယုဒတစ် ပြည်လုံးမှစ၍၊ ဘုရင်များ၊ မှူးမတ်များ၊ ပရောဟိတ်များ၊ ပြည်သူပြည်သားများရှေ့၊ ခံမြို့၊ သံတိုင်၊ ကြေးမြို့ရိုးသဖွယ်၊ သင့်ကိုယနေ့ငါဖြစ်စေပြီ။
19 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင့်ကိုကယ်ရန် ငါပါရှိသောကြောင့်၊ ထိုသူတို့တိုက်ခိုက်သော်လည်း၊ သင့်ကိုအောင်မြင်ကြရမည်မဟုတ်ဟု မိန့်တော်မူ၏။