3
1-2 ညီအစ်ကိုတို့၊ ငါတို့ရှိသမျှသည် အနည်းနည်းအားဖြင့် မှောက်မှားမိကြသည့်အလျောက် ကြီးလေးသောစီရင်ဒဏ်ခံရမည်ကိုစိုး၍ ဆရာအဖြစ်ကိုအများတို့မရှာကြနှင့်။ ဝစီကံမမှောက်မှားသူကားစုံလင်သူ၊ တစ်ကိုယ်လုံး ချုပ်တည်းနိုင်သူဖြစ်၏။ ငါတို့သည် မြင်းကိုနိုင်ခြင်းငှာဇက်ခွံ့သော် မြင်းတစ်ကိုယ်လုံးကိုပင် လှည့်စေနိုင်ကြ၏။ သင်္ဘောများလည်းအလွန်ကြီးမား၍ လေပြင်းတိုက်ရာခံရသော်လည်း အလွန်ငယ်သောတက်မဖြင့် တက်မကိုင်အလိုရှိရာ လှည့်စေနိုင်သည်တကား။ ထိုနည်းတူလျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း ကြီးကျယ်သောအမှုအရေးများကြောင့် ဂုဏ်တင်တတ်၏။ အနည်းငယ်သောမီးသည် ကြီးကျယ်သောသစ်တောကို လောင်တတ်သည်တကား။ လျှာလည်းမီးသဖွယ်၊ ဒုစရိုက်လောကသဖွယ်ဖြစ်၏။ ငါတို့အင်္ဂါများတွင်တည်၍ တစ်ကိုယ်လုံးညစ်ညူးစေသည့်ပြင် ငရဲမီးဖြင့်ကူးလောင်သည့်အလျောက် ငါတို့ဇာတိစက်ကိုစွဲလောင်တတ်၏။ သားယဉ်သားရဲ၊ လေသတ္တဝါ၊ တွားတတ်သောသတ္တဝါ၊ ရေသတ္တဝါအမျိုးမျိုး၏သဘောကို လူတို့သဘောအတိုင်းနှိမ်နှင်းနိုင်သည်သာမက နှိမ်နှင်းခဲ့ပြီးဖြစ်သော်လည်း၊ အငြိမ်မနေသောဘေး၊ သေစေတတ်သောအဆိပ်နှင့်ပြည့်သောလျှာမူကား မည်သူမျှမနှိမ်နင်းနိုင်။ လျှာတစ်ခုတည်းဖြင့် ငါတို့သည် ထာဝရအဘဘုရားအားသြဘာဆက်ခြင်း၊ ပုံသဏ္ဌာန်တော့်အလိုက် ဖန်ဆင်းထားသောလူတို့အားကျိန်ဆဲခြင်းကို ပြုလေ့ရှိသည်ဖြစ်၍၊ 10 နှုတ်တစ်ခုတည်းမှ သြဘာဆက်ခြင်းနှင့်ကျိန်ဆဲခြင်းထွက်လေစွတကား။ ညီအစ်ကိုတို့၊ ထိုသို့မဖြစ်သင့်။ 11 စမ်းတစ်ပေါက်တည်းမှ ရေချိုရေခါးထွက်သလော။ 12 ညီအစ်ကိုတို့၊ သဖန်းပင်သည်သံလွင်သီးကိုလည်းေကာင်း၊ စပျစ်ပင်သည်သဖန်းသီးကိုလည်းေကာင်း သီးနိုင်သလော။ ရေငံမှလည်း ရေချိုမထွက်နိုင်။
13 သင်တို့ဘောင်တွင် ဉာဏ်ပညာရှိ၍ နားလည်တတ်သူကား မည်သူနည်း။ ဉာဏ်ပညာနှင့်ဆိုင်ရာသိမ်မွေ့ခြင်းအားဖြင့် ကောင်းမွန်စွာကျင့်ကြံပြုမူလျက် သူ့ကိုယ်ကျင့်ကိုပြပါစေ။ 14 သင်တို့စိတ်နှလုံး၌ ပြင်းထန်သောပြိုင်ဆိုင်ခြင်း၊ ဖီဆန်ခြင်းများရှိလျှင် သမ္မာတရားတော်နှင့်ဆန့်ကျင်၍ မုသာသုံးခြင်း၊ ဝါကြွားခြင်းမပြုကြလင့်။ 15 ထိုသို့သောဉာဏ်ပညာသည် အထက်မှဆင်းသက်သည်မဟုတ်။ လောက၊ ရုပ်ခန္ဓာ၊ နတ်ဆိုးများမှတည်း။ 16 ပြိုင်ဆိုင်ခြင်း၊ ဖီဆန်ခြင်းများရှိသူတို့၌ ဘက်ပြိုင်မှု၊ ယုတ်ညံ့မှုအမျိုးမျိုးရှိတတ်၏။ 17 အထက်မှဆင်းသက်သောဉာဏ်ပညာမူကား ဦးစွာသန့်စင်၍ နောက်သင့်တင့်နူးညံ့လိုက်နာလျက် မျက်နှာရွေးခြင်း၊ ဟန်ဆောင်ခြင်းမဲ့လျက် ကရုဏာနှင့်လည်းေကာင်း၊ ကောင်းကျိုးများနှင့်လည်းေကာင်း ပြည့်စုံ၏။ 18 ဖျန်ဖြေသူတို့ကြဲသော အသင့်အတင့်မျိုးမှ ဖြောင့်မတ်ခြင်းအသီးဖြစ်ထွန်းလိမ့်သတည်း။