8
ဧဖရိမ့်သူရဲတို့က၊ ငါတို့ကိုမခေါ်ဘဲ၊ မိဒျန်လူမျိုးနှင့်စစ်ပြိုင်ရန် အဘယ်ကြောင့် ချီသွားသနည်း ဟုမေးမြန်း၍ ပြင်းစွာအပြစ်တင်ကြရာ၊ ဂိဒေါင်က၊ သင်တို့နှင့်နှိုင်းယှဉ်လျှင်၊ ငါပြုလုပ်သောအမှုကား၊ မည်သို့နည်း။ အဗျေဇာစုသိမ်း ခြင်းထက် ဧဖရိမ်ကောက်သင်းကောက်ခြင်းသည် သာ၍မြတ်ပါသည်မဟုတ်လော။ မိဒျန်ဗိုလ်ချုပ်သြရဘနှင့်ဇောဘတို့ကို၊ သင်တို့လက်တွင်းသို့ ဘုရားသခင်အပ်နှင်းတော်မူပြီ။ သင်တို့နှင့်ယှဉ်သော် ငါတတ်စွမ်းနိုင်သောအရာကား မည်သို့နည်းဟုပြန်ပြောလျှင်၊ စိတ်ေကျနပ်ကြလေ၏။ ဂိဒေါင်သည် လိုက်ပါသောလူသုံးရာနှင့်တကွ ယော်ဒန်မြစ်သို့ရောက်၍ ကူးပြီးလျှင်၊ မောပန်း စွာလိုက်လံကြရာ သူကုတ်မြို့သားတို့အား မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နမင်းတို့ကို ငါလိုက်လံရသည်နှင့် ပါရှိ သူတို့မောပန်းလှ၍ မု့န်လုံးပေးပါဟု တောင်းသော်၊ သုကုတ်မြို့ဝန်တို့က၊ သင့်ဗိုလ်ထုအား မုန့်ပေးရန်အတွက် ဇေဘဟနှင့် ဇာလမုန္နမင်းတို့သည် သင့်လက်တွင်းသို့ ရောက်ရှိပြီလောဟု မေးကြလျှင်၊ ဂိဒေါင်က၊ ထိုသို့ဆိုကြသောကြောင့် ဇေဘဟနှင့်ဇာလမုန္နမင်းတို့ကို ငါ့လက်တွင်းသို့ဘုရားသခင် အပ်နှင်းတော်မူပြီးလျှင်၊ တောဆူးနှင့်ရှားစောင်းများရောထွေးလျက်၊ သင်တို့အသားအရေကို နင်းနယ်မည်ဟုဆို၏။ ထိုမြို့မှပေနွေလမြို့သို့သွားရောက်၍ အထက်နည်းတောင်းဆိုပြန်လျှင်၊ ပေနွေလမြို့သားတို့လည်း၊ သုကုတ်မြို့သားတို့နည်းတူ ပြောဆိုလိုက်လျှင်၊ ဂိဒေါင်က၊ စစ်ငြိမ်း၍ ငါပြန်လာသောအခါ ဤရဲတိုက်ကိုဖြိုဖျက်မည်ဟု ကြိမ်းမောင်းပြောဆို၏။
10 ထိုအခါ ဓားကိုင်သူရဲတစ်သိန်းနှစ်သောင်းကျဆုံးသည်ဖြစ်၍၊ အရှေ့ပြည်သားတို့အနက် ကျန်ကြွင်းသမျှသောတပ်သားတစ်သောင်းငါးထောင်ခန့်ပါ ကာကော်မြို့တွင် ဇေဘဟနှင့် ဇာလမုန္နမင်း တို့ခိုဝင်၍ စိတ်ချစွာနေကြရာ၊ 11 ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့များအရှေ့ဘက်၊ တဲရှင်နှင့်နေထိုင်သူတို့လမ်းဖြင့် ချီတက် လျက် 12 ထိုတပ်သားတို့ကို လုပ်ကြံသဖြင့် မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နမင်းနှစ်ပါးတို့ ပြေးကြပြန် သော်၊ လိုက်လံဖမ်းဆီးပြီးလျှင် တစ်တပ်လုံးကိုဖျက်ဆီးလိုက်လေ၏။ 13 ထိုနောက် ယောရှသားဂိဒေါင်သည် စစ်မြေပြင်မှ ဟေရက်တောင်ကြားဖြင့် ပြန်လာရာ၊ 14 သုကုတ်မြို့သားလုလင်တစ်ယောက်ကို ဘမ်းမိ၍ မေးစစ်သော်၊ သုကုတ်မြို့ဝန်တို့နှင့် လူကြီးခုနစ်ကျိပ်ခုနစ်ယောက်တို့အကြောင်း၊ ၎င်းလုလင်ဖော်ပြလျှင်၊ 15 သုကုတ်မြို့သားတို့ရှိရာသို့ လာရောက်၍ လိုက်ပါသောမောပန်းသူတို့အား မုန့်ပေးရန်အတွက် ဇေဘဟနှင့်ဇာလမုန္နမင်းတို့သည် သင့်လက်တွင်းသို့ရောက်ရှိပြီလောဟု ပြက်ရယ်ပြု၍ သင်တို့မေး သောဇေဘဟနှင့် ဇာလမုန္နမင်းတို့ကိုကြည့်ကြလော့ဟုဆိုလျက် 16 ထိုမြို့ရှိလူကြီးတို့ကို ဖမ်းဆီးပြီးလျှင် တောဆူးနှင့်ရှားစောင်းများရောထွေး၍ မြို့သားတို့ ကိုနင်းနယ်သည့်ပြင် 17 ပေနွေလရဲတိုက်ကို ဖြိုဖျက်လျက် မြို့သားတို့ကိုလည်း ကွပ်မျက်လေ၏။ 18 ထိုနေ့ရက်ဇေဘဟနှင့် ဇာလမုန္နမင်းတို့အား၊ တာဗော်မြို့တွင် သင်တို့ကွပ်မျက်ခဲ့ဘူးသော သူတို့ကား မည်သို့သောသူဖြစ်သနည်းဟုမေးလေသော်၊ အရှင့်နည်းတူဖြစ်၍ အားလုံးတို့ပင် မင်းသား တို့အဆင်းသဏ္ဌာန်ရှိသည်ဟု ပြန်လျှောက်လျှင် 19 ထိုသူတို့သည် ငါ့မိခင့်သား၊ ငါ့ညီများပင်ဖြစ်သည်တကား။ သူတို့ကိုအသက်ချမ်းသာစေခဲ့ လျှင် ထာဝရဘုရားအသက်တော်ကိုတိုင်တည်၍ သင်တို့အသက်ကိုလည်း ချမ်းသာပေးပြီဟု ဆိုပြီးလျှင်၊ 20 သားဦးယေသာအား ထ၍ကွပ်မျက်လော့ဟုဆိုသော်၊ အသက်နုနယ်သေးသဖြင့် ဓားမထုတ်ဝံ့ ဘဲနေလေ၏။ 21 ဇေဘဟနှင့်ဇာလမုန္နမင်းတို့က၊ သင့်ကိုယ်တိုင်ထ၍ ကွပ်မျက်ပါလော့။ လူ့ကိုယ်အလိုက်အား ရှိသည်ဟုဆိုသော်အခါ ဂိဒေါင်ထ၍ ဇေဘဟနှင့်ဇာလမုန္နမင်းတို့ကို ကွပ်မျက်ပြီးနောက် ၎င်းတို့စီးနင်းသောကုလားအုပ်ကုပ်တင်တန်ဆာများကို သိမ်းယူလေ၏။
22 ထိုအခါ ဣသရေလလူမျိုးတို့က၊ အရှင်သည် ကျွန်တော်တို့ကို မိဒျန်လူမျိုးလက်တွင်းမှ ကယ် ဆယ်တော်မူသဖြင့် သားစဉ်မြေးဆက် ကျွန်တော်တို့အပေါ်တွင် မင်းပြုတော်မူပါမည့်အကြောင်း တောင်းပန်ကြသော်၊ 23 ဂိဒေါင်က၊ သင်တို့အပေါ်တွင် ငါမင်းပြုမည်မဟုတ်။ ငါ့သားလည်းပြုရမည်မဟုတ်။ ထာဝရ ဘုရားသာလျှင် မင်းပြုတော်မူလိမ့်မည်ဟု ဆိုလေ၏။ 24 ရန်သူတို့သည် ဣရှမေလလူမျိုးဘာဝ၊ ရွှေနားတောင်းကိုဆင်ယင်ကြသည်နှင့်အညီ သင်တို့ ရှိသမျှလက်ရသောနားတောင်းများကို ပေးဆက်စေရန် ငါတောင်းသည်ဟု ထပ်မံပြောဆိုသည့်အ တိုင်း၊ 25 သူတို့က ပေးပါမည်ဟုဆိုလျက်၊ အဝတ်ကိုခင်း၍၊ အသီးအသီးတို့သည် လက်ရနားတောင်များ ကို ချထားကြလျှင်၊ 26 ဂိဒေါင်ရသောရွှေနားတောင်းများ၏အချိန်ကား၊ မိဒျန်ဘုရင်တို့ဆင်ယင်သောလည်ဆွဲ၊ နှာဆွဲ၊ နီမောင်းသောဝတ်လုံ၊ ကုလားအုပ်၊ ကုပ်တင်တန်ဆာများအလွတ်၊ ဆယ့်ခုနစ်ပိသာရှိသတည်း။ 27 ဂိဒေါင်သည် ထိုရွှေနှင့်ဧဖုဒ်အရုပ်သွန်းလုပ်၍၊ နေရင်းသြဖရမြို့တွင် တည်ထားသဖြင့် ဣသရေလ တစ်မျိုးလုံးထိုအရုပ်နှင့် မှားယွင်းလိုက်ပါကြသည့်ပြင်၊ ဂိဒေါင်နှင့်တကွ အိမ်သူအိမ်သား တို့၌ ကျော့ကွင်းသဖွယ်ဖြစ်၏။ 28 ထိုသို့မိဒျန်လူမျိုးသည် ဣသရေလအမျိုးသားတို့ရှေ့တွင် နိမ့်ကျသဖြင့် နောက်တစ်ဖန်ခေါင်း မထောင်ဝံ့ချေ။ တစ်ပြည်လုံးလည်း ဂိဒေါင့်လက်ထက်ပတ်လုံး အနှစ်လေးဆယ်တိုင်တိုင် ငြိမ်းချမ်း လေသတည်း။
29-30 ယောရှသား ယေရုဗ္ဗာလခေါ် ဂိဒေါင်သည် ကိုယ့်အိမ်သို့လာရောက်နေထိုင်၏။ မယားများစွာရှိသဖြင့် သားယောက်ျား၊ ပေါင်းခုနစ်ကျိပ်ရရှိသတည်း။ 31 ရှေခင်မြို့တွင် နေထိုင်သူအပျော်မယားလည်း သားယောက်ျားကိုဖွားမြင်၍ အဘိမလက် အမည်ဖြင့်မှည့်လေ၏။ 32 ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်၍ ကွယ်လွန်သော်၊ အဗျေဇာ့အနွယ်သားတို့နေရာ သြဖရမြို့မှာ အဘယောရှ၏သင်္ချၖိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရသတည်း။
33 ဂိဒေါင်ကွယ်လွန်ပြီးသော်၊ ဣသရေလအမျိုးသားတို့သည် ေဖာက်ပြန်၍ ဗာလနတ်တို့နှင့် မှားယွင်းလိုက်ပါသဖြင့် ဗာလဗေရိတ်ကို ဘုရားအရာဝင်လျက် 34 ဝန်းဝိုင်းသမျှ ရန်သူတို့လက်တွင်းမှ လွတ်မြောက်စေတော်မူခဲ့ေသ​ာ ကိုယ့်ဘုရားသခင်ထာဝရ ဘုရားကို သတိမရဘဲ 35 ဣသရေလလူမျိုးအား ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလပြုသမျှ ကျေးဇူးအလိုက် လည်းေကာင်း၊ အိမ်သူ အိမ်သားတို့ကို မဆပ်ကြချေ။