7
ယေရုဗ္ဗာလတည်းဟူသော ဂိဒေါင်သည် လိုက်ပါသမျှသူတို့နှင့်တကွ နံနက်အချိန်ထပြီးလျှင်၊ ဟာရုတ်စမ်းရေတွင်း အနီးစွဲရပ်ရာ မိဒျန်တပ်ကား မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်တွင် စွဲသတည်း။ ထာဝရဘုရားကလည်း၊ သင်နှင့်လိုက်ပါသူများပြားသည့်အတွက် ငါတို့လက်ရုံးသာ ငါတို့ကို ကယ်ဆယ်ပြီဟူ၍ ဣသရေလလူမျိုးသည် ကိုယ်ကိုဂုဏ်တင်မည့်စိုးသောကြောင့်၊ ၎င်းတို့လက်တွင်း သို့ မိဒျန်လူမျိုးကို ငါမအပ်နှင်းချေ။ သို့ဖြစ်၍ 7.3 ပါဠိ၊ ဟာရုတ်ဟူေသာအမည်နှင့်ညီ၏။ကြောက်ရွံတုန်လှုပ်သူတိုင်း၊ ဂိလဒ်တောင်မှပြန်သွားစေဟူ၍ တပ်သားတို့တွင် ကြော် ငြာလော့ဟု ဂိဒေါင်အား မိန့်တော်မူသည့်အတိုင်း လူနှစ်သောင်းနှစ်ထောင်ပြန်၍၊ တစ်သောင်းသာ ကျန်ရစ်လေ၏။ ထာဝရဘုရားကလည်း၊ တပ်သားတို့များပြားသေးသောကြောင့်၊ ရေရှိရာသို့ခေါ်ဆောင်လော့။ ထိုအရပ်၌သင့်အတွက်ငါစစ်ဆေးမည်။ အကြင်သူသည် သင်နှင့်လိုက်ပါရမည်ဟုငါဆိုမူ ထိုသူလိုက် သွားရမည်။ အကြင်သူမလိုက်ရဟု ငါဆိုမူ ထိုသူမလိုက်မသွားရဟူ၍ မိန့်တော်မူသည့်အတိုင်း တပ်သားတို့ကို ရေရှိရာသို့ ဂိဒေါင်ခေါ်ဆောင်ပြီးမှ ထာဝရဘုရားက၊ ခွေးသည်ရေကိုလျက် သောက်သကဲ့သို့ လျှာဖြင့်လျက်သောက်သောလူတစ်စု၊ ဒူးချ၍သောက်သောလူတစ်စု၊ ထိုနှစ်စုကိုခွဲထား စေဟု ဂိဒေါင်အားမိန့်တော်မူလေသော်၊ လက်ခုပ်ဖြင့်လျက်သောက်သောလူအရေအတွက်ကား သုံးရာရှိ၏။ ကြွင်းကျန်သောလူအပေါင်းတို့ကား ဒူးချလျက်သောက်ကြသတည်း။ ထာဝရဘုရားကလည်း၊ ငါသည် မိဒျန်လူမျိုးကို လျက်သောက်သောလူသုံးရာအားဖြင့် သင့်လက်တွင်းသို့အပ်နှင်း၍၊ သင်တို့ကိုကယ်ဆယ်မည်။ ကျန်ကြွင်းသောအသီးအသီးတို့ကား ကိုယ့်ဌာနသို့ပြန်သွားကြစေဟု ဂိဒေါင်အားမိန့်တော်မူလျှင် သူတို့စားနပ်ရိက္ခာနှင့် တံပိုးများကို ဆောင်ယူပြီးနောက် ဣသရေလတပ်သားအသီးအသီးတို့ ကို ကိုယ့်အိမ်သို့ဂိဒေါင်လွှတ်လိုက်လျက် ဆိုခဲ့သောသုံးရာကိုသာ မလွှတ်ဘဲထားလေ၏။ မိဒျန်တပ်ကား ၎င်းတို့အောက် ချိုင့်တွင်ရှိသတည်း။
ထိုနေ့ညဉ့်တွင်ပင် ထာဝရဘုရားက ထ၍၊ ထိုစွဲရပ်ရာသို့ဆင်းချီလော့။ သင့်လက်တွင်းသို့ ငါအပ်နှင်းပြီ။ 10-11 မချီ၀ံ့မူသင့်ငယ်သားဖုရနှင့်တကွ ဆင်းသက်၍ အချင်းချင်းပြောဆိုသောစကားကိုကြားရပြီးမှ၊ စွဲရပ်ရာသို့ဆင်းချီနိုင်ရန် လက်ရုံးရည်တိုးတက်လိမ့်မည်ဟု မိန့်တော်မူသည့်အတိုင်း ဂိဒေါင်သည် ငယ်သားဖုရနှင့်တကွ တပ်အပကင်းသို့ဆိုက်ရောက်လေ၏။ 12 မိဒျန်လူမျိုး၊ အာမလက်လူမျိုးတို့မှစ၍၊ အရှေ့ပြည်သားအပေါင်းတို့သည် ကျိုင်းအုပ်နှင့်အမျှ များပြားလျက် ချိုင့်တွင်စီစဉ်နေလေ၏။ ကုလားအုပ်များလည်း သမုဒ္ဒရာကမ်းခြေရှိသဲလုံးနှင့်အမျှ မရေမတွက်နိုင်အောင် များပြားလှ၏။ 13 ဂိဒေါင်ဆိုက်ရောက်စဉ် လူတစ်ယောက်သည် အပေါင်းအေဖာ်အား အိပ်မက်ပြန်ကြားသည်မှာ နားထောင်ဦး။ မုယောမုန့်တစ်ပြားသည် ငါတို့တပ်တွင်းသို့လိမ့်လာရာ တဲရှင်တတဲသို့ဝင်လျက် တိုက်ခိုက်မိသဖြင့် ပြိုပျက်၍ အဆင့်ဆင့်နေသည်ဟူသောအိပ်မက်ကို ငါမြင်မက်သည်ဟုဆိုသော်၊ 14 အပေါင်းအေဖာ်က ထိုမုန့်ပြားကား အခြားမဟုတ်၊ ဣသရေလလူမျိုးယောရှသား ဂိဒေါင် ၏ဓားပင်တည်း။ ဘုရားသခင်သည် မိဒျန်လူမျိုးနှင့် ဗိုလ်ထုအပေါင်းတို့ပါ ထိုသူ့လက်သို့အပ်နှင်း တော်မူလေပြီဟု ပြန်ပြောလေ၏။
15 ဂိဒေါင်သည် အိပ်မက်ပြန်ကြားခြင်းနှင့် ဖွင့်ပြခြင်းကိုကြားရာ ဦးညွတ်ပြီးလျှင် ဣသရေလတပ် သို့ပြန်ရောက်သော် ထကြ၊ မိဒျန်ဗိုလ်ထုကို သင်တို့လက်တွင်းသို့ ထာဝရဘုရားအပ်နှင်းတော်မူပြီဟု ဆိုလျက် 16 လူသုံးရာတို့ကိုသုံးစုခွဲထားပြီးလျှင်၊ တံပိုးတစ်လက်နှင့် မီးခွက်ပါသော အိုးတစ်လုံးကို ကိုယ်စီ ကိုယ်ငှလက်ကိုင်စေလျက် 17 ငါ့ကိုကြည့်ပြီးလျှင် ငါပြုသည့်အလျောက်ပြုကြလော့။ တပ်ပြင်ရောက်သောအခါ၌လည်း ထိုနည်းတူပြုကြလော့။ 18 ငါနှင့်တကွလိုက်ပါသူအပေါင်းတို့ တံပိုးမှုတ်ကြသော် သင်တို့လည်း တပ်ပတ်လည်ဝန်းဝိုင်း၍ တံပိုးမှုတ်ပြီးလျှင် ထာဝရဘုရားနှင့် ဂိဒေါင်အတွက်ဟူ၍ ကြွေးကြော်ကြလော့ဟု မှာထားလေ၏။
19 ထိုသို့ဂိဒေါင်နှင့်လိုက်ပါသူတစ်ရာသည် မဇ္စျိမယံအတွင်းကင်းစောင့်လဲသောအခိုက် တပ်ပြင် ရောက်၍၊ တံပိုးမှုတ်ပြီးလျှင် ကိုင်စွဲသောအိုးများကိုလည်း ရိုက်ခွဲသည့်အလျောက် 20 သုံးစုလုံးတံပိုးမှုတ်ပြီးလျှင်၊ အိုးများကိုရိုက်ခွဲ၍ ဝဲလက်၌မီးခွက်ကိုလည်းေကာင်း၊ ယာလက်၌မှုတ်သော တံပိုးကိုလည်းေကာင်း၊ ကိုင်လျက် ထာဝရဘုရားနှင့်ဂိဒေါင်၏ ဓားဘေးဟူ၍ ကြွေးကြော်ကြရာ၊ 21 တပ်ထက်ဝန်းကျင်၌ အသီးအသီးတို့ရှိရာအရပ်တွင် တည်နေအော်ဟစ်သဖြင့် တပ်သား အပေါင်းတို့ပြေးသွားရကုန်၏။ 22 ထိုတံပိုးသုံးရာကို မှုတ်ကြလျှင် ထာဝရဘုရားသည် တပ်သားအပေါင်းတို့ကို အချင်းချင်းဓား ဝင့် စေလျက်၊ ဇေရရာမြို့၊ ဗက်ရှိတ္တရွာတိုင်လည်းေကာင်း၊ တဗ္ဗတ်မြို့အနီးရှိ အာဗေလမဟောလတောင်စောင်းတိုင်လည်းေကာင်း၊ ပြေးကြရာ၊ 23 နဿလိ၊ အာရှာ၊ မနာရှေနယ်များအတွင်းမှ ဣသရေလလူမျိုးတို့စုရုံး၍ မိဒျန်လူမျိုးကိုလိုက် ကြကုန်၏။ 24 ဂိဒေါင်လည်း ဧဖရိမ်ခင်တန်းတစ်ေလျှာက်လုံးတွင် တမန်တို့ကိုလွှတ်၍ မိဒျန်လူမျိုးကိုမြစ်တား ရန် ယော်ဒန်မြစ်တစ်ေလျှာက်၊ ဗက်ဗာရရွာတိုင်အောင် မြစ်ကူးဆိပ်များကို သိမ်းယူစေဟု မှာထားသည့် အတိုင်း ဧဖရိမ့်သူရဲအပေါင်းတို့ စုရုံး၍ ယော်ဒန်မြစ်တစ်ေလျှာက်၊ ဗက်ဗာရရွာတိုင်အောင်၊ သိမ်းယူကြကုန်၏။ 25 မိဒျန်လူမျိုးကို လိုက်လံရာအခိုက်၊ မိဒျန်ဗိုလ်ချုပ်သြရဘနှင့် ဇေဘနှစ်ယောက်တို့ကိုဖမ်းဆီး ပြီးလျှင်၊ သြရဘကို သြရဘခေါ်ကျောက်တောင်အနီးတွင်လည်းေကာင်း၊ ဇေဘကို ဇေဘခေါ်ဖိနင်းရာစပျစ် ကျင်းအနီးတွင်လည်းေကာင်း အဆုံးစီရင်၍ ၎င်းတို့ဦးခေါင်းနှစ်လုံးကို ယော်ဒန်မြစ်တစ်ဖက်၊ ဂိဒေါင်ရှိရာသို့ ဆောင်ယူလာကြ၏။