39
သင်သည် တောင်ဆိတ်မွေးချိန်ကို သိ၍၊ သမင်ဖွားခြင်းဝေဒနာကို စောင်မသလော။ လစေ့သည်ကိုရေတွက်၍၊ မွေးဖွားချိန်ကို သိသလော။ ထိုတိရစ္ဆာန်များသည်၊ ဝပ်လျှင်ဝပ်ချင်း၊ သားငယ်တို့ကို ပေါက်ဖွားရသဖြင့်၊ ဝေဒနာငြိမ်းလေ၏။ သားငယ်တို့လည်း သန်မာလျက်၊ လွင်ပြင်၌ ကြီးပွား၍ခွာသွားပြီးနောက် မပြန်မလာတတ်။
5-6 တောကိုအိမ်အဖြစ်ဖြင့်လည်းေကာင်း၊ ဆားမြေတွင်းကို နေရာအဖြစ်ဖြင့်လည်းေကာင်း၊ ငါခန့်ထားရာ မြင်းရိုင်းကို လွှတ်သွားစေသူ၊ တောမြည်းချည်ကြိုးကိုဖြေလွှတ်သူကားမည်သူနည်း။ မြို့၌ အုတ်အုတ်သဲသဲကိုပြက်ရယ်ပြုလျက်၊ မောင်းနှင်သမား၏အော်ငေါက်သံကိုလည်း၊ နားစွင့်လေ့မရှိ။ မြက်အမျိုးမျိုးကိုရှာဖွေလျက်၊ တောင်ရိုးတစ်ေလျှာက်တွင် ကျက်စားတတ်ကြသတည်း။ စိုင်သည် စေစားခြင်းကိုခံလို၍၊ သင့်စားခွက်နား၌ နေမည်လော။ 10 ထယ်ဖွဲ့ကြိုးနှင့် ပတ်ချည်၍၊ လယ်ကွင်းများတွင် သင့်နောက်ကဆွဲရုန်းမည်လော။ 11 စိုင်အားကြီးခြင်းကြောင့်စိတ်ချ၍၊ လုပ်ငန်းကို လွှဲအပ်မည်လော။ 12 သင့်စပါးကို ကောက်နယ်တလင်း၌၊ စုသိမ်းဆောင်သွင်းမည်ဟု ယုံသလော။
13 ရွှင်လန်းစွာ အတောင်ခတ်တတ်သော၊ ငှက်ကုလားအုပ်၏ အတောင်နှင့်အမွေးသည်၊ ကျင်နာလေ့ရှိသလော။ 14 အသို့ကြောင့်ဆိုသော်၊ ထိုငှက်သည် မြေ၌ဥထားခဲ့၍၊ မြေမုန့်ဓာတ်ဖြင့် နွေးစရာတွင်။ 15 နင်းမိမည်ကိုလည်းေကာင်း၊ သားရဲခွဲဖျက်မည်ကိုလည်းေကာင်း၊ သတိမရချေ။ 16-17 ဉာဏ်ပညာကို ဘုရားသခင်ပေးသနားတော်မမူသောကြောင့်၊ ထိုငှက်သည် သားရင်းမဟုတ်သကဲ့သို့ ရက်စက်လျက်၊ ပင်ပန်းကျိုးမဲ့သည်ကို စိုးရိမ်ခြင်းမရှိချေ။ 18 အတောင်ကိုချီခတ်သောအခါ၊ မြင်းနှင့်တကွ စီးလိုက်သူ့ကိုပင် ပြက်ရယ်ပြုတတ်၏။
19 သင်သည် မြင်းကို ခွန်အားနှင့်ပြည့်စေ၍၊ လည်ပင်းလှုပ်ခါခြင်းနှင့် ဆင်ယင်လျက်၊ 20 ကျိုင်းကောင်ကဲ့သို့ ခုန်လွှားစေသလော။ နှာမှုတ်သံအဟုန်သည် ကြောက်မက်ဖွယ်ဖြစ်သည့်ပြင်၊ 21 ခွန်အားနှင့်ရွှင်လန်းစွာလွင်ပြင်ပေါက်လျက်၊ လက်နက်ကိုင်တို့ကို ဆီးဆို့ရန်ထက်သွားသော်၊ 22 ကြောက်မက်ဖွယ်ရာကိုပြက်ရယ်ပြုလျက်၊ ထိန်လန့်ခြင်းနှင့်ကင်း၍ ဓားသွားကြောင့်မဆုတ်။ 23 မြှားကျည်တောက်နှင့်တကွ၊ ပြောင်လက်သောလှံ၊ ဓားမြှောင်များသည်၊ ကျောက်ကုန်းပေါ်ကလှုပ်သံပြုရာ။ 24 ထိုမြင်းသည် တံပိုးသံကိုကြားသော်၊ မရပ်တန့်ဘဲခုန်ပေါက်လျက် လှုပ်ကြွလျက် ဒုံးပြေးတတ်၏။ 25 တံပိုးမှုတ်လျှင် မှုတ်ချင်းဟီလျက်၊ စစ်ဗိုလ်တို့၏ကြိမ်းဝါးသံ၊ အုတ်အုတ်သဲသဲနှင့်တွက်စစ်အနံ့ကို၊ အဝေးကပင်ခံတတ်သတည်း။
26 ဥဩငှက်သည် အတောင်ကိုဖြန့်လျက်၊ တောင်မျက်နှာသို့ ပျံသွားတတ်သည်ကား၊ သင့်ဉာဏ်ကြောင့်ဖြစ်သလော။ 27 လင်းယုန်ငှက်လည်းပျံတက်၍၊ မြင့်ရာအရပ်၌ အသိုက်လုပ်တတ်သည်ကား၊ သင့်အမိန့်ကြောင့်ဖြစ်သလော။ 28 ထိုငှက်သည် ကျောက်တောင်ပေါ်တွင် တည်နေ၍၊ ခံတပ်သဖွယ် ကျောက်စွယ်၌ပင်နားနေတတ်၏။ 29 ထိုအရပ်မှ အကောင်ကိုရှာကြည့်ရာ၊ အဝေးကပင်မျက်စိမြင်ရ၏။ 30 သားငယ်တို့လည်း၊ အသွေးကို သောက်မျိုတတ်သည်ဖြစ်၍၊ ထိရှခံရသူတို့ရှိရာသို့လည်း၊ ထိုငှက်ရောက်လိမ့်သတည်းဟု မိန့်မြွက်တော်မူ၏။