31
ငါသည် ကိုယ့်မျက်စိနှင့် ပဋိညာဉ်ဖွဲ့ပြီးဖြစ်၍၊ အပျိုကိုရှုကြည့်တပ်မက်မည်လော။ အထက်ဘဝဂ်ဝယ်စံနေတော်မူသောအနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ၊ ခံရသောဝေပုံပိုင်စုကား။ မည်သို့နည်း။ မတရားသူ၌ဥပဒ်၊ ဒုစရိုက်ပြုသူ၌ ဘေးဖြစ်သည်မဟုတ်တုံလော။ ကိုယ်တော်သည် ငါ့လမ်းကို ရှုကြည့်၍၊ ခြေလှမ်းများကို ရေတွက်တော်မူသည်မဟုတ်လော။ 5-6 မှန်သောချိန်ခွင်နှင့်၊ ငါ့ကိုချိန်စက်သဖြင့်၊ ငါ့စုံလင်ခြင်းကိုဘုရားသခင်သိတော်မူပါစေသော။ ငါသည် မုသာနှင့်သွားလာလျက်၊ လှည့်စားခြင်းနောက်သို့ခြေလျင်မြန်ခဲ့ လျှင်လည်းေကာင်း၊ လမ်းတော်မှလွှဲနင်းလျက်၊ မျက်စိနောက်စိတ်လိုက်သဖြင့်၊ လက်၌အစွန်းအကွက် ကပ်ငြိခဲ့လျှင်လည်းေကာင်း၊ ငါကြဲသော်၊ သူတထူးစား၍၊ လယ်ထွက်ကိုလည်း အမြစ်ပါနုတ်ပစ်ပါစေသော။
သူ့မယားကိုစိတ်စွဲ၍၊ သူ့အိမ်တံခါးဝမှာ ချောင်းမြောင်းခဲ့လျှင်၊ 10 ငါ့မယားသည် သူတစ်ပါးအတွက်ထောင်းဖွတ်ရသည့်ပြင်၊ အသရေရှုတ်ချခြင်းကို ခံရပါစေသော။ 11 အသို့ဆိုသော်၊ ထိုအမှုသည် ဆိုးယုတ်မှုဖြစ်၍၊ သမာဓိတို့ထံအပြစ်ဒဏ်ခံထိုက်ရာ၏။ 12 ငါ့အကျိုးစီးပွားရှိသမျှကို နုတ်ယူ၍၊ ငရဲတိုင်အောင် ကျွမ်းလောင်သောမီးဖြစ်သတည်း။ 13 ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ ဘက်ပြိုင်လာသောအမှုကို၊ ငါငြင်းဆိုခဲ့လျှင်၊ 14 ဘုရားသခင်ထတော်မူသောအခါ၊ မည်သို့ပြု၍၊ ရှုကြည့်တော်မူသောအခါ၊ မည်သို့လဲလျှောက်ရအံ့နည်း။ 15 ဝမ်း၌ငါ့ကိုဖန်ဆင်းသောအရှင်သည်၊ ထိုကျွန်ကိုလည်းဖန်ဆင်း၍၊ နှစ်ဦးလုံးကိုပင် တစ်ပါးတည်း ပြုပြင်တော်မူသည်မဟုတ်လော။
16-18 ငါငယ်ရွယ်စဉ်က၊ ငါ့ကိုအဖသဖွယ် ထင်မှတ်၍ ကြီးပွားနွမ်းပါးသူ့ကို၊ နှစ်သက်ရာမှချုပ်ချယ်ခြင်း၊ အမိဝမ်းမှစ၍ ငါလမ်းပြရသူတို့ဖြစ်သောမုဆိုးမကို၊ မျက်စိအား ကုန်ခြင်းပြုလျက်၊ ဖသက်ဆိုးတို့အား မဝေငှဘဲ၊ ဘောဇဉ်ကိုငါတစ်ယောက်တည်းစားခဲ့လျှင်လည်းေကာင်း၊ 19 ခြုံစောင်မဲ့၊ ခါးဝတ်မဲ့ဆင်းရဲသူပျက်စီးသည်ကို ငါမြင်၍၊ 20 ထိုသူ့ခါးပင်ငါ့ကိုဩဘာမပြုရဘဲ၊ ငါ့သိုးသငယ်အမွေးအားဖြင့် မနွေးဘဲနေရလျှင်လည်းေကာင်း၊ 21 မြို့တံခါးဝတွင် ငါ့အားမစမည်ကိုရိပ်မိ၍၊ ဖသက်ဆိုးကိုလက်ရောက်ပြုခဲ့လျှင်လည်းေကာင်း၊ 22 ငါ့မောင်းအိုးသည် ပခုံးမှကျ၍၊ လက်မောင်းလည်း ညှပ်ရိုးပါပြတ်ကျိုးပါစေသော။ 23 အသို့ဆိုသော်၊ ဘုရားသခင်ထံမှသင့်လတ္တံ့သောဘေးဥပဒ်ကိုကြောက်ရွံ့၍၊ မြင့်မြတ်တော်မူသောကြောင့်၊ မည်သည့်အပြစ်ကိုမျှငါမပြုဝံ့ချေ။ 24 ငါသည် ရွှေကိုကိုးစားရာကိုးစားကြောင်းပြုလျက်၊ ရွှေစင်အားလည်း၊ ငါစိတ်ချရာစိတ်ချကြောင်းဟုဆိုခဲ့လျှင်လည်းေကာင်း၊ 25 ငါ၌စည်းစိမ်တိုးပွား၍၊ များစွာသောဥစ္စာဓနကိုလက်ဝယ်ရသဖြင့်၊ ဝမ်းမြောက်ရွှင်လန်းခဲ့လျှင်လည်းေကာင်း၊ 26 နေမင်းအရောင်တောက်ခြင်း၊ လမင်းလင်းပြောင်ေလျှာက်သွားခြင်းများကို၊ အာရုံပြုသဖြင့်၊ 27 လျှို့ဝှက်စွာစိတ်စွဲလျက်၊ နှုတ်ဖြင့်လက်ကိုနမ်းရှုတ်ဝတ်ပြုခဲ့လျှင်လည်းေကာင်း၊ 28 အထက်၌စံနေတော်မူသောဘုရားသခင်အား၊ ငြင်းဆန်ရာရောက်သည့်အတိုင်း ထိုအမှုလည်း သမာဓိတို့ထံအပြစ်ဒဏ်ခံထိုက်ရာ၏။ 29-30 အကယ်စင်စစ်၊ ငါ့အားမုန်းထားသူ့အသက်ကို၊ ကျိန်ဆို၍ လျှောက်တောင်းသောဝစီကံမျှပင်မပြစ်မှားခဲ့သောငါသည်၊ ထိုသူပျက်စီးသည့်အကြောင်းကြောင့်ဝမ်းမြောက် ရွှင်လန်းလျက်၊ ဘေးသင့်သည့်အတွက် စိတ်ကြွခဲ့လျှင်လည်းေကာင်း၊ 31-32 လမ်း၌ဧည့်သည်ခရီးသွားတို့ မတည်းခိုရစေရန်၊ ငါ့တံခါးကိုဖွင့်ထားလေ့ရှိသည်နှင့် အညီ၊ ငါ့အိမ်သူအိမ်သားတို့က၊ သခင့်အမဲသားကိုမစားရသူရှိသလောဟုမဆိုကြရလျှင်လည်းေကာင်း၊ 33-34 ငါသည် တိတ်ဆိတ်စွာနေ၍၊ အိမ်တံခါးဖြင့် မထွက်ဝံ့သည့်တိုင်အောင်၊ လူသာမန်ပရိသတ်ကိုကြောက်လျက်၊ လူမြတ်တို့မထီမဲ့မြင်ပြုခြင်းကို ရွံ့လျက်၊ လူ့ဘာဝအတိုင်း၊ ကိုယ့်ဒုစရိုက်ကိုရင်ခွင်၌ ဝှက်ထားသဖြင့် လွန်ကျူးမှုကိုလည်း ဖုံးကွယ်ခဲ့လျှင်လည်းေကာင်း၊ 35 ငါ့ငြင်းချက်ကို တစ်ဦးတစ်ယောက်နားထောင်ပါစေသော။ ငါလက်မှတ်ထိုးပြီ။ အနန္တတန်ခိုးရှင်တုံ့ပြန်တော်မူပါစေသော။ ဘက်ပြိုင်ရှင်ရေးထားသောစွပ်စွဲချက်ကိုငါရပါ စေသော။ 36 ရခဲ့ပါမူ၊ ထမ်းဆောင်ခြင်းကိုလည်းေကာင်း၊ ဦးရစ်သဖွယ်ပတ်စည်းခြင်းကိုလည်းေကာင်း၊ ပြုပြီးလျှင်၊ 37 ထိုအရှင့်ထံမှူးမတ်ကဲ့သို့ချဉ်းကပ်၍ ခြေရာစဉ်ကိုဖော်ပြလိမ့်မည်။ 38 ငါ့မြေသည် တစ်ဘက်၌အော်ဟစ်၍။ ထယ်ကြောင်းများလည်းတစ်ပြိုင်နက်ငိုကြွေးရလျှင်လည်းေကာင်း၊ 39 တန်ဖိုးမပေးဘဲအသီးအနှံကိုစားလျက်၊ မြေရှင်တို့ထွက်သက်ဝင်သက်ကုန်စေခဲ့လျှင်လည်းေကာင်း။ 40 ဂျုံစပါးအစား ဆူးပင်၊ မုယောစပါးအစား၊ ပေါင်းပင်များထွက်ပေါက်ပါစေသောဟုမြွက်ဆို၏။ ယောဘစကားပြီး၏။