26
1-2 ထိုအခါ၊ ယောဘတုံ့ပြန်မြွက်ဆိုသည်ကား၊ သင်သည် ခွန်အားမဲ့သူ၍ မစခြင်း၊ လက်ရုံးအားနည်းသူ၌ကယ်ဆယ်ခြင်းကိုပြုလေဘိတကား။ ပညာမဲ့သူ့အား၊ အကြံအစည်နှင့် အေမျှာ်အမြင်ကို တွင်ကျယ်စွာကြားပြောပြီတကား။ မည်သူ့အား စကားပြောဆိုသနည်း၊ မည်သူ့လေကို ထုတ်ယူ၍ ပြောဆိုသနည်း။
ရေသတ္တဝါနှင့်၊ ရေထုအောက်ရှိသောအသူရကာယ်တို့သည် နာကျင်ခြင်းကိုခံရကြ၏။ မျက်မှောက်တော်တွင်၊ မရဏာ့နိုင်ငံဟင်းလင်းပွင့်၍။ ငရဲလည်းအဖုံးအကွယ်မရှိချေ။ လဟာအထက်မြောက်မျက်နှာကို ကြက်တော်မူလျက်၊ အတွယ်မရှိဘဲ မြေကြီးကို ဆွဲထားတော်မူ၏။ မိုးသားများ၌ ရေကိုလှောင်ထားတော်မူ၍၊ ရေလည်းမိုးသားကိုမထွင်းမဖောက်။ မိုးတိမ်ကိုဖြန့်၍၊ ပလ္လင်တော်ရင်ပြင်ကိုကွယ်ကာတော်မူ၏။ 10 အလင်းနှင့်အမိုက်စပ်မိရာတိုင်အောင်၊ သမုဒ္ဒရာမျက်နှာပြင်အဝန်းကို သတ်မှတ်တော်မူလေပြီ။ 11 ဆုံးမတော်မူသောအခါ၊ မိုးကောင်းကင်တည်ရာတိုင်များသည်၊ အံ့အားသင့်လျက်တုန်လှုပ်ရ၏။ 12 တန်ခိုးတော်အားဖြင့်၊ လှိုင်းတံပိုးကိုထကြွစေ၍၊ ဉာဏ်တော်အားဖြင့်၊ 26.12 ပါဠိၒ ၒ- ရာဟပ်။ရေနတ်နဂါးကို ထိုးခုတ်တော်မူ၏။ 13 လေတော်ဖြင့် မိုးကောင်းကင်ကိုကြည်လင်စေ၍၊ လက်တော်ဖြင့် အပြေးလျင်သောနဂါးကြီးကိုပစ်ခွင်းတော်မူ၏။ 14 ကြည့်ပါလော့။ ထိုအကြောင်းအရာများကား၊ နည်းလမ်းတော်၏ အကာမျှသာတည်း။ ကိုယ်တော့်အကြောင်းသတင်းသိုးသိုးသန့်သန့်ကြားရကြ၏။ တန်ခိုးတော်ဆိုင်ရာ မိုးချုန်းသံကိုကား၊ မည်သူနားလည်နိုင်သနည်းဟု မြွက်ဆို၏။