25
ထိုအခါ၊ ရှုအာ့အမျိုးသား ဗိလဒဒ်တုံ့ပြန်မြွက်ဆိုသည်ကား၊ အစိုးပိုင်ခွင့်၊ ကြောက်မက်စေခွင့်များသည်၊ ကိုယ်တော်၌ရှိသည်ဖြစ်၍၊ မြင့်မြတ်သောဌာနတော်များတွင် ငြိမ်သက်စေတော်မူ၏။ ဗိုလ်ခြေတော်များကို ရေတွက်နိုင်သလော။ ရောင်ခြည်တော်သည်၊ မည်သူ့အပေါ်သို့မရောက်ဘဲနေသနည်း။ သို့ဖြစ်၍လူသည် ဘုရားသခင်ရှေ့တော်တွင်၊ မည်သို့ဖြောင့်မတ်ရအံ့နည်း။ မိန်းမမှ ဖွားမြင်သူသည် မည်သို့သန့်စင်ရအံ့နည်း။ မျက်မှောက်တော်တွင်၊ လသည် အရောင်မတောက်။ ကြယ်များလည်း စင်ကြယ်သည်မဟုတ်။ လောက်သဖွယ်ဖြစ်သောလူ၊ ပိုးကောင်သဖွယ်ဖြစ်သောလူသားကား၊ သာ၍မစင်ကြယ်သတည်းဟု မြွက်ဆို၏။