11
1 ထိုအခါ၊ နေမတ်အမျိုးသား ဇောဖာတုံ့ပြန်မြွက်ဆိုသည်ကား။
2 များပြားသောစကားကိုထုချေရမည်မဟုတ်လော။ စကားအိုးလည်း ဖြောင့်မတ်ရာရောက်ရမည်လော။
3 သင်ပြောသောအချည်းနှီးစကားအတွက်၊ ဆိတ်ဆိတ်နေ၍၊ သင်ကဲ့ရဲ့သောအခါ၊ ရှုတ်ချသူမရှိသလော။
4 သင်က၊ ငါသွန်သင်ချက်သည် သန့်စင်၏။ ရှေ့တော်တွင်လည်း ငါစင်ကြယ်သည်ဟုပြောဆိုလေပြီ။
5 သင့်တစ်ဘက်၌ ဘုရားသခင် နှုတ်မြွက်မိန့်ဆိုလျက်၊
6 အေမျှာ်အမြင်ပညာ၊ နှစ်ဆရှိသောဉာဏ်ပညာနှင့်စပ်လျဉ်း၍ ကွယ်ဝှက်ရာများကို၊ သင့်အားဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်ကိုလျော့၍စီရင်တော် မူကြောင်း၊ သိမှတ်ပါလိမ့်မည်။
7 ဘုရားသခင့်နက်နဲရာကို မီနိုင်သလော။ အနန္တတန်ခိုးရှင်၏ပြည့်စုံရာကိုမီနိုင်သလော။
8 ကောင်းကင်ဘဝဂ်ထက်မြင့်၍ မည်သို့ပြုနိုင်သနည်း။ ငရဲထက်နက်ရှိုင်း၍ မည်သို့သိနိုင်သနည်း။
9 ပမာဏဆိုသော်၊ မြေကြီးထက်ကျယ်ဝန်း၍၊ သမုဒ္ဒရာထက်ရှည်လျား၏။
10 ကိုယ်တော်သည် ကြွလာ၍ချုပ်နှောင်ပြီးလျှင်၊ စုရုံးစေတော်မူသည်ကို၊ မည်သူတွန်းလှန်နိုင်သနည်း။
11 ကိုယ်တော်သည်၊ လျှပ်ပေါ်သောသူတို့ကိုသိလျက်၊ ဒုစရိုက်ကိုလည်း၊ လျစ်လျူရာ၌ သိမြင်တော်မူ၏။
12 ပညာမဲ့သူတို့ကား၊ လူအဖြစ်မြည်းရိုင်းသားငယ်ပေါက်ဖွားရိုးရှိခဲ့လျှင်၊ ဉာဏ်ပညာကိုရလိမ့်မည်။
13 သင်သည်၊ စိတ်နှလုံးကိုပြုပြင်၍၊ ကိုယ်တော့်ထံလက်အုပ်ချီလျှင်လည်းေကာင်း၊
14 လက်ဝယ်ရှိသောဒုစရိုက်ကိုကင်းဝေးစေလျက်၊ သင့်တဲများတွင်မတရားမှုကို တည်းခိုခွင့်မပြုလျှင်လည်းေကာင်း၊
15 အစွန်းအကွက်မထိဘဲ မော်ကြည့်လျက်၊ ကြောက်ရွံ့ခြင်းမဲ့လျက် တည်ကြည်စွာနေရလိမ့်မည်။
16 ဒုက္ခကိုမေ့လျော့၍၊ စီးလွန်းပြီးသောရေအယဉ်ကဲ့သို့ မှတ်ယူရလတ္တံ့။
17 သင့်အသက်တာသည်မွန်းတည့်ရောင်ထက်ထွန်းကား၍၊ မှောင်မိုက်သော်လည်း၊ နံနက်ယံကဲ့သို့လင်းလိမ့်မည်။
18 စောင့်ေမျှာ်ရာ အကြောင်းရှိသဖြင့် စိတ်ချစွာနေ၍၊ ေလျှာက်ကြည့်ပြီးလျှင်၊ စိတ်ဧစွာအိပ်ပျော်ရလတ္တံ့။
19 ထိတ်လန့်ရာမဲ့လဲလျောင်းရ၍၊ လူအများတို့လည်း သင့်ကိုခယကြလိမ့်မည်။
20 လူဆိုးတို့မှာ၊ မျက်စိအားကုန်လျက်၊ ထွက်ပြေးခွင့်မဲ့၍။ ချင်းတို့၏ စောင့်ေမျှာ်ရာစောင့်ေမျှာ်ကြောင်းကား၊ အသက်သေခြင်းတည်းဟုမြွက်ဆိုလေ၏။