10
ငါအသက်ရှင်ခြင်းကို စိတ်၌ စက်ဆုပ်လျက်ရှိ၏။ ညည်းတွားခြင်းကိုပြုမြဲပြု၍၊ နစ်နာသည့်အတိုင်းပင်ပြောဆိုပါမည်။ ဘုရားသခင်အားငါက၊ အပြစ်စီရင်တော်မမူပါနှင့်။ ဘက်ပြိုင်တော်မူရန် အကြောင်းကိုလည်း၊ ဖော်ပြတော်မူပါဟု လျှောက်ပါမည်။ ညှဉ်းပန်းတော်မူခြင်း၊ လက်တော်ဖြင့်ဖန်ဆင်းရာကို ရွံ့ရှာခြင်း၊ လူဆိုးတို့အကြံအစည်ပါ တွင် ရောင်ခြည်တော်လွှတ်ခြင်းများသည်၊ ကိုယ်တော်၌အကျိုးရှိပါသလော။ မံသစက္ခုရှိ၍၊ လူ့ဘာဝအတိုင်းမြင်တော်မူသလော။ 5-7 အကျွန်ုပ်သည်လူဆိုးမဟုတ်ကြောင်းကိုလည်းေကာင်း၊ လက်တော်မှကယ်လွှတ်နိုင်သူမရှိကြောင်းကို လည်းေကာင်း၊ သိတော်မူပါလျက်၊ အကျွန်ုပ်၏အပြစ်ဒုစရိုက်ကို စီစစ်ရှာဖွေတော်မူ သည်မှာ၊ ကိုယ်တော်၏အသက်တာနှစ်များသည်၊ လူတို့၏အသက်တန်းနှင့်တူမျှပါသလော။
အကျွန်ုပ်ကိုပုံကျအောင်လက်တော်စုံဖြင့်လှည့်ပတ်ဖန်ဆင်းတော်မူသော်လည်း၊ ဖျက်ဆီးတော်မူပြီတကား။ အိုးမြေလုပ်သကဲ့သို့၊ အကျွန်ုပ်ကိုဖန်ဆင်းတော်မူကြောင်းကိုသတိရတော်မူပါ။ မြေမုန့်ဖြစ်ပြန်စေတော်မူမည်လော။ 10 အကျွန်ုပ်တို့နို့ရည်ကဲ့သို့သွန်းလောင်း၍၊ နို့ဓမ်းကဲ့သို့ ခဲပျစ်စေတော်မူပြီမဟုတ်လော။ 11 အရေအသားနှင့်ဖုံးလွှမ်း၍၊ အရိုးအကြောများနှင့်လည်းဖွဲ့စည်းတော်မူပါပြီ။ 12 အကျွန်ုပ်အားအသက်နှင့်ကျေးဇူးကိုသနား၍၊ စိတ်ဝိညာဉ်ကိုကြည့်ရှုစောင့်ထိန်းတော်မူခဲ့သော်လည်း၊ 13 ဖြစ်ပျက်သမျှကို စိတ်တော်၌သိုထားတော်မူလျက်ရှိကြောင်း၊ အကျွန်ုပ်သိလှပါ၏။ 14 အကျွန်ုပ်ပြစ်မှားမိလျှင်၊ ကိုယ်တော်မှတ်တော်မူလိမ့်မည်။ ဒုစရိုက်ကင်းသည်ဟူ၍လည်း ပြဋ္ဌာန်းတော်မူမည်မဟုတ်။ 15 ဆိုသွမ်းလျှင်အမင်္ဂလာရှိမည်။ ဖြောင့်မတ်သော်လည်း၊ အရှက်ပြည့်လျက်၊ ဒုက္ခဆင်းရဲကိုဆင်ခြင်၍၊ မော်ကြည့်ဝံ့မည်မဟုတ်။ 16 မောက်မာလျှင်၊ ခြင်္သေ့ကဲ့သို့လိုက်လံ၍၊ အံ့ဖွယ်သရဲများကိုအကျွန်ုပ်၌ပြုတော်မူဦးမည်တကား။ 17 အကျွန်ုပ်တစ်ဘက်၌ သက်သေများကိုအတန်တန်ပြလျက်၊ အမျက်တော်ကို တိုးပွားစေတော်မူသဖြင့်၊ တစ်တပ်နောက်တစ်တပ်မပြတ်လုပ်ကြံခံရလေ၏။
18 အကျွန်ုပ်ကိုလွယ်သောဝမ်းမှ၊ အဘယ့်ကြောင့်ထုတ်တော်မူပါသနည်း။ မထုတ်ခဲ့လျှင်၊ မည်သူမျှမမြင်ရဘဲသေလွန်သဖြင့်၊ 19 မဖြစ်သကဲ့သို့ဖြစ်လျက်ဝမ်းမှပင်သင်္ချၖိုင်းသို့ပို့ခဲ့ရလေပြီ။ 20-21 အသက်တာမှာ၊ တိုသည်မဟုတ်ပါလော။ ထို့ကြောင့်၊ သေခြင်းအရိပ်ကျ၍ မှောင်မိုက်သောပြည်၊ သေခြင်းအရိပ်ရောက်ရာ၊ အစီအစဉ်မဲ့တခဲနက် မှောင်မိုက်အတိ၊ မည်းနက်ရောင်တောက်ထွန်းလျက်၊ မပြန်လမ်းတည်းဟူသောပြည်သို့၊ မသွားရသေးမီအကြား၊ တခဏမျှကြည်ရွှင်စွာနေရစေရန်၊ ကွေကွင်းတော်မူလျက်၊ အကျွန်ုပ်ကိုရှိပါလေစေ ဟုမြွက်ဆိုလေ၏။