62
1 ဇိအုန်ဟူသောယေရုရှလင်မြို့၏ ကယ်တင်ခြင်းသည်၊ ထွန်းတောက်သောမီးတိုင်သဖွယ်၊ အောင်မြင်ခြင်းလည်း ရောင်ခြည်သဖွယ်မလွတ်မချင်း၊ ထိုမြို့အတွက် ငါဆိတ်ဆိတ်နေမည်မဟုတ်။
2 လူမျိုးခြားတို့သည် သင့်အောင်မြင်ခြင်းကိုလည်းေကာင်း၊ ဘုရင်တကာတို့လည်း သင့်အသရေကိုလည်းေကာင်းမြင်ရ၍၊ သင်သည်ထာဝရဘုရားမိန့်မြွက်တော်မူအံ့သော ဘွဲ့သစ်ကိုအခေါ်ခံရလျက်၊
3 ထာဝရဘုရားလက်တော်တွင် ဘုန်းသရဖူ၊ သင်၏ဘုရားသခင့်လက်ဝါးတော်ဝယ်မင်းဆောင်းမကိုဋ်ဖြစ်လိမ့်မည်။
4 သင့်ကိုစွန့်ခွာသူဟူ၍လည်းေကာင်း၊ နေပြည်ကိုဆိတ်ညံပြည်ဟူ၍လည်းေကာင်း၊ ခေါ်ရတော့မည်မဟုတ်။ ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူ၍၊ နေပြည်ကိုလည်းစုလျားပတ်မည့်အလျောက်၊ သင်သည် ငါနှစ်သက်သူ၊ နေပြည်လည်းစုလျားပတ်သောပြည်ဟူသောအမည်များကိုရလိမ့်မည်။
5 လူပျိုသည် အပျိုကညာနှင့်လက်ထပ်သကဲ့သို့ တည်ဆောက်သောအရှင်လည်း၊ သင့်ကိုစုလျားပတ်၍လက်ထပ်တော်မူလိမ့်မည်။ မင်္ဂလာဆောင်သတို့သားသည် မင်္ဂလာဆောင်သတို့သမီးကြောင့် အားရသကဲ့သို့၊ သင်၏ဘုရားသခင်သည် သင့်ကြောင့်အားရတော်မူလိမ့်မည်။
6-7 အိုယေရုရှလင်မြို့၊ သင့်မြို့ရိုးပေါ်တွင် နေ့ညဉ့်မဟူတိတ်ဆိတ်စွာမနေရသောမြို့စောင့်တို့ကို၊ ငါစီမံခဲ့ပြီ။ ထာဝရဘုရားကိုသတိရစေသောသင်တို့၊ ယေရုရှလင်မြို့ကို ပြုစုလျက်၊ မြေကြီးပေါ်တွင်ချီးမွမ်းရာအကြောင်းဖြစ်စေတော်မမူမချင်း၊ နားနေတော်မူခွင့်ကို မပေးကြနှင့်။ ကိုယ်တိုင်လည်းမနားနေကြနှင့်။
8 တန်ခိုးကြီးသောညာလက်ရုံးတော်ကိုတိုင်တည်၍ ထာဝရဘုရားက၊ သင်လုပ်ဆောင်၍ရသော စပါးဆန်နှင့်စပျစ်ရည်ကို၊ နိုင်ငံခြားသားဖြစ်သော သင့်ရန်သူတို့အား၊ သုံးဆောင်ခွင့်အပ်ပေးတော့မည်မဟုတ်။
9 ရိတ်သိမ်းသောသူတို့ပင်၊ ငါထာဝရဘုရားကိုချီးမွမ်းလျက်စားခွင့်၊ ဆွတ်ခူးသူတို့လည်း၊ သန့်ရှင်းသောငါ့တံတိုင်းများအတွင်း သုံးသောက်ခွင့်ရကြလိမ့်မည်ဟုသစ္စာထားတော်မူပြီ။
10 မြို့တံခါးများမှထွက်ကြလော့။ ထွက်ကြလော့။ လူမျိုးတော်တို့သွားရာလမ်းမကိုဖို့၍ပြင်ဆင်ကြလော့။ ဖို့ကြလော့။ ကျောက်လုံးများကိုဖယ်ရှင်းကြလော့။ လူအမျိုးမျိုးတို့အား အလံထူပြကြလော့။
11 ထာဝရဘုရားသည် မြေကြီးအစွန်းအဖျားတိုင်အောင်၊ သတင်းကြော်ငြာတော်မူပြီ။ ဇိအုန်သတို့သမီးတို့အား၊ သင်၏ကယ်တင်ရာကယ်တင်ကြောင်းကြွရောက်ပြီ။ အပါး တော်တွင်ဆုလပ်တော်ကိုလည်းေကာင်း၊ ရှေ့တော်တွင်အကျိုးဆက်တော်ကိုလည်းေကာင်း၊ ဆောင်တော်မူသည်ဟုဆင့်ဆိုကြလော့။
12 သူတို့သည် သန့်ရှင်းသောလူမျိုးတော်၊ ထာဝရဘုရားရွေးနုတ်တော်မူသောသူဟူ၍လည်းေကာင်း၊ သင်လည်း စွန့်ခွာခြင်းမခံသောမြို့၊ ရှာဖွေဖွယ်ကောင်းသောမြို့ဟူ၍လည်းေကာင်း၊ သမုတ်ခံရလိမ့်သတည်း။