41
အချင်းကျွန်းကြီးကျွန်းငယ်တို့၊ ငါ့ထံသို့ဆိတ်ဆိတ်တိုးဝင်ကြလော့။ လူအမျိုးမျိုးတို့လည်း၊ အားယူ၍ချဉ်းကပ်လဲလျှောက်ကြစေ။ တရားဆိုင်ပြိုင်ကြကုန်အံ့။ ခြေလှမ်းတိုင်းဖြင့်အောင်မြင်ခွင့်ရသောသူ့ကို အလင်းထွက်ရာအရပ်မှ ပေါ်ထွန်းစေသောအရှင်ကား မည်သူနည်း။ ထိုအရှင်သည်လူမျိုးတို့ကိုသူ့ထံအပ်နှင်း၍ အမင်း မင်းတို့အပေါ်တွင် နှိမ်နင်းခွင့်ရစေသဖြင့်၊ ဓားရှေ့မြေမုန့်ကဲ့သို့လည်း‌ေကာင်း၊ လေးရှေ့လွင့်သောဖွဲကဲ့သို့လည်း‌ေကာင်း၊ အပ်ပေးသည်နှင့် မြေမနင်းဘဲလိုက်လံခွင့်၊ ဘေးမတွေ့ဘဲလွန်မြောက်ခွင့်ပေးတော်မူ၏။ ထိုသို့စီရင်ပြုပြင်သောအရှင်ကား မည်သူနည်း။ ရှေးဦးမှစသော လူမျိုးအဆက်ဆက်ကိုခေါ်ထုတ်၍၊ အာဒိကမှ အန္တိမတိုင်တည်သော ငါထာဝရဘုရားပေတည်း။ ကျွန်းကြီးကျွန်းငယ်များသိမြင်ထိတ်လန့်ကြရာ၊ မြေကြီးအစွန်းအဖျားများပင်တုန်လှုပ်လာရောက်ချဉ်းကပ်ကြ၏။ အပေါင်းအဖော်ညီအစ်ကိုအချင်းချင်း ကူညီလျက်၊ အားယူလော့ဟုဆိုကြသည့်အတိုင်း၊ ပန်းတည်းသည် ပန်းထိမ်ကိုလည်း‌ေကာင်း၊ အချောထုသူသည် တူရိုက်သူ့ကိုလည်း‌ေကာင်း၊ အားပေး၍ ဂဟေကောင်းသည်ဟုဆိုလျက်၊ ရုပ်ပွားဆင်းတုကိုခိုင်ခံ့စေခြင်းငှာသံမှိုနှက်တတ်၏။
ငါ့ကျွန်ရင်းဣသရေလ၊ ငါရွေးချယ်သူယာကုပ်၊ ငါ့အဆွေအာဗြဟံ၏အမျိုးအနွယ်၊ ငါ့ကိုကျွန်ရင်းဟုဆိုလျက်၊ မြေကြီးအစွန်အဖျားမှ ငါလက်ဆွဲ၍ ခေါ်ခဲ့သူ၊ 10 မစွန့်မပယ်ဘဲငါရွေးချယ်သည့်အလျောက်၊ သင်နှင့်အတူငါရှိသဖြင့်၊ မကြောက်လင့်။ ငါသည်သင်၏ဘုရားသခင်ဖြစ်သောကြောင့်၊ မစိုးရိမ်နှင့်။ သင့်ကိုခိုင်ခံ့စွာထောက် မမည့်ပြင်၊ အောင်ပွဲရညာလက်ရုံးဖြင့်ထောက်ပင့်လိမ့်မည်။ 11 သင့်အားအမျက်ထားသူအပေါင်းတို့သည် ကျိုးယုတ်ရှက်ကွဲ၍၊ ဘက်ပြိုင်သူတို့လည်း အသေးအနုပ်ရောက်လျက်၊ ပျက်စီးကြလိမ့်မည်။ 12 ရန်မူသူတို့ကိုသင်ရှာ၍မတွေ့ရ။ စစ်ဘက်သူတို့လည်း အလဟဿအသေးအနုပ်ရောက်ကြလိမ့်မည်။ 13 အသို့ဆိုသော် မကြောက်လင့်။ ငါထောက်မမည်ဟုမိန့်ဆိုသော သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင့်ညာလက်ကိုကိုင်ဆွဲလိမ့်မည်။ 14 အိုပိုးကောင်ဖြစ်သောယာကုပ်၊ အိုဣသရေလလူမျိုးတို့မကြောက်လင့်။ သင့်ကိုထောက်မမည်ဟု ငါထာဝရဘုရားမိန့်တော်မူပြီ။ သင်၏ 41.14 သို့မဟုတ် ၒ- သင့်ကိုေရွးနုတ်ေသာအရှင်။ရှေ့ဆောင်ကား ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ပေတည်း။ 15-16 သင့်ကိုထက်သောအသွားနှင့်ပြည်သည့်နယ်စက်သစ်၊ ငါဖြစ်စေသည့်အလျောက် တောင်များကိုကြိတ်၍ချေမွခြင်း၊ ကုန်းများကိုဝါး၍ဖွဲသဖွယ်လှေ့ခြင်း၊ သင်ပြုပြီးလျှင်၊ လေပြင်းမုန်တိုင်းဖြင့်တိုက်သွား၍လွင့်ပြားလိမ့်မည်။ သင်မူကား၊ ထာဝရဘုရားကြောင့်ရွှင်လန်းခွင့်၊ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ကြောင့် ဂုဏ်ရောက်ခွင့်ရလိမ့်မည်။ 17 ဆင်းရဲနွမ်းပါးသူတို့သည် ရေငတ်သဖြင့်၊ လျှာသွေ့ခြောက်သည်နှင့် ရေရှာ၍မတွေ့သောသောအခါ၊ ဣသရေလလူမျိုး၏ဘုရားသခင်ဖြစ်သောငါသည် စွန့်ပယ်မည်မ ဟုတ်။ 18 ငါထာဝရဘုရားသနား၍ တောင်ထိပ်ပေါ်တွင်မြစ်ကိုလည်း‌ေကာင်း၊ ချိုင့်တွင်စမ်းကိုလည်း‌ေကာင်း၊ ပေါက်စေသည့်ပြင်၊ သဲကန္တာရအရပ်ကိုရေအိုင်၊ သွေ့ခြောက်ရာအရပ်ကိုစမ်းပေါက် ဖြစ်စေလိမ့်မည်။ 19 သဲကန္တာရ၌သစ်ကတိုးပင်၊ ရှားပင်၊ ကျောက်ပန်းပင်၊ သံလွင်ပင်များကိုလည်း‌ေကာင်း၊ သဲတော၌ ထင်းရူးပင်၊ ကျောက်ပန်းငယ်ကျောက်ပန်းကြီးပင်များကိုလည်း‌ေကာင်း စိုက်ပျိုးသဖြင့်၊ 20 ထာဝရဘုရား၏လက်ရုံးတော်စီရင်တော်မူကြောင်း၊ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ဖန်ဆင်းတော်မူကြောင်းများကို၊ သိမြင်ဆင်ခြင်နားလည်ကြလိမ့်မည်။
21 သင်တို့အမှုကိုသွင်းကြလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။ ချေပချက်များကိုတင်ပြကြလော့ဟု ယာကုပ်အမျိုး၏ဘုရင်မိန့်တော်မူ၏။ 22 တင်ပြသောအခါ ဖြစ်ပျက်အံ့သည်ကိုငါတို့အားေဖာ်ပြကြစေ။ ငါတို့ဆင်ခြင်၍ အကျိုးဆက်ကို သိနိုင်ကြစေရန်၊ အတိတ်ဟောချက်များကိုပြန်ကြားကြစေ။ သို့မဟုတ်၊ အနာဂတ်အရာများကိုကြားပြောလော့။ 23 သင်တို့သည်ဘုရားများမှန်ကြောင်းငါတို့သိကြစေရန်၊ အနာဂတ်အရာများကိုမေဖာ်မပြနိုင်က၊ ငါတို့ရှုကြည့်၍ အံ့ဩကြစေခြင်းငှာ၊ အကောင်းကိုဖြစ်စေ၊ အဆိုးကိုဖြစ် စေ၊ ပြုကြလော့။ 24 သင်တို့လည်းအသေးအနုပ်၊ အမှုလည်းအလဟဿဖြစ်သဖြင့် သင်တို့ကိုရွေးချယ်သောသူတို့သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြသည်တကား။
25 မြောက်ပိုင်းနေထွက်ရာရပ်မှငါပေါ်ထွန်းစေသည့်အလျောက်၊ ငါ့နာမကို ပဌနာပြုသူတစ်ဦးလာရောက်၍ မြေစေးကိုအိုးထိန်းနင်းနယ်သည့်နည်းတူ မှူးမတ်တို့ကို ရွှံ့သဖွယ် ကျော်နင်းလိမ့်မည်။ 26 ငါတို့သိကြစေရန်လည်း‌ေကာင်း၊ ဟုတ်မှန်သည်ဟု ဝန်ခံကြစေရန်လည်း‌ေကာင်း၊ အထက်ကာလက၊ မည်သူဖော်ပြခဲ့ဘူးသနည်း။ ထိုသို့ေဖာ်ပြကြားပြောသူ တစ်ဦးတစ်ယောက်မျှမရှိ။ သင် တို့စကားကိုကြားဖူးသူလည်း တစ်ယောက်မျှမရှိချေ။ 27 ငါမူကား ထိုသူတို့ကို မြော်ကြည့်ကြလော့ဟု ဇိအုန်မြို့အားတင်ကူးကြားပြောသည့်အလျောက်၊ ယေရုရှလင်မြို့အားလည်း၊ ဝမ်းမြောက်ဖွယ်သတင်းကြော်ငြာသူ့ကို စေလွှတ်၏။ 28 ငါမေးမြန်းသောအခါ ၎င်းတို့အနက် စကားတုံ့ပြန်၍ အကြံပေးတတ်သူမရှိ။ ရှာဖွေရာလည်းတစ်ဦးတစ်ယောက်မျှမရှိချေ။ 29 ရှိသမျှတို့အချည်းနှီး၊ အမှုများအလဟဿဖြစ်သည့်ပြင်၊ ချင်းတို့ရုပ်ပွားဆင်းတုများလည်း၊ လေသက်သက်၊ လဟာသက်သက်ဖြစ်ကြကုန်၏။