25
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ သစ္စာတော်တည်မြဲ၍၊ ရှေးကာလကပင်ပြဋ္ဌာန်းတော်မူသော အံ့ဩဖွယ်ရာများကိုစီရင် တော်မူသောကြောင့်၊ ဂုဏ်တော်ကိုချီးမြှောက်၍ နာမတော်ကိုချီးမွမ်းပါမည်။ မြို့ကိုလည်း‌ေကာင်း၊ ခိုင်ခံ့သော မြို့ကိုလည်း‌ေကာင်း၊ ဖြိုလှဲချပုံရာဖြစ်စေလျက်၊ လူမျိုးခြားတို့ခံမြို့ကိုလည်း မည်သည့်အခါမျှ ပြုစုခွင့်၊ မြို့ဖြစ်ခွင့်မရသည့်တိုင်အောင် စီရင်တော်မူပြီးဖြစ်၍၊ ရက်စက်သောလူမျိုးတို့သည်ဘုန်းတော်ကိုချီးမွမ်းလျက်၊ ကြမ်းကြုတ်သော လူမျိုးခြားတို့မြို့များသည်၊ကိုယ်တော်ကိုကြောက်ရွံ့ကြလိမ့်မည်။ ကိုယ်တော်သည် ဒုက္ခရောက်သည့်ကာလ၊ နွမ်းပါးသူ၊ ဆင်းရဲသူတို့ခံတပ်သဖွယ်၊ ပြင်းစွာမိုးသက်မုန်တိုင်းဝှေ့သကဲ့သို့ ကြမ်းကြုတ်သူတို့တိုက်ဝှေ့သည့်ကာလ၊ မိုးခိုရာ၊ နေရောင်ကွယ်ရာအရိပ်သဖွယ်ဖြစ်တော်မူပြီ။ သွေ့ခြောက်သောအရပ်၌ နေရှိန်ကိုဧစေသကဲ့သို့၊ လူမျိုးခြားတို့ကြိမ်းဝါးသံကိုလည်း‌ေကာင်း၊ မိုးတိမ်အားဖြင့် နေရှိန်ကိုပေါ့သကဲ့သို့၊ ကြမ်းကြုတ်သူတို့အောင်သံကိုလည်း‌ေကာင်း၊ ပြတ်စဲ စေတော်မူ၏။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ဆူဖြိုးလျက် အဆီနိုင်သောခဲဖွယ်၊ စစ်ပြီးလက်ဟောင်းစပျစ်ရည်သောက်ဖွယ်များကို လူအမျိုးမျိုးတို့အဖို့ ဤတောင်တော်ပေါ်တွင်စီရင်တော်မူ၍၊ လူအမျိုးမျိုး၌ ဖုံးအုပ်သောတစ်ဘက်၊ လူမျိုးခြားတို့၌ လွှမ်းတင်သောအထည်များကို ဤတောင်ပေါ်မှာပယ်တော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်၊ သေခြင်းတရားကို အစဉ်အမြဲပယ်ဖျက်လျက်၊ လူရှိသမျှတို့၏ မျက်နှာမှ မျက်ရည်ကိုသုတ်၍၊ လူမျိုးတော်ခံရသောကဲ့ရဲ့ခြင်းကို၊ မြေတစ်ပြင်လုံး၌ ကင်းရှင်းစေတော်မူလိမ့်မည်။ ထိုသို့ထာဝရဘုရားမိန့်မြွက်တော်မူသတည်း။
ထိုကာလဆိုရမည်မှာ၊ ငါတို့ကိုကယ်တင်အံ့ဟု စောင့်မြော်ကြသော ငါတို့ဘုရားပေတည်း။ ငါတို့စောင့်စားကြသောထာဝရဘုရားပေတည်း။ ကယ်တင်တော်မူသောကျေးဇူးတော်ကြောင့်၊ ငါတို့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟူ၍တည်း။ 10 ထာဝရဘုရားသည်၊ ဤတောင်ပေါ်မှာလက်တော်တင်လျက်၊ နောက်ချေးရွှံ့အိုင်၌ ကောက်ရိုးကိုချနင်းတတ်သကဲ့သို့၊ မောဘသည်ကိုယ့်နေရပ်၌ ချနင်းခံရသဖြင့်၊ 11 ရေလက်ပစ်ကူးသူ့နည်းတူ၊ ထိုအိုင့်အလယ်တွင် လက်ပစ်ကူး လိမ္မာသော်လည်း၊ မာရ်မာနနှိမ့်ချခံရလိမ့်မည်။ 12 သင်၏မြင့်သောခံတပ်မြို့ရိုးများကို၊ မြေမုန့်သို့ရောက်သည့်တိုင်အောင်၊ ဖြိုဖျက်လှဲချတော်မူလိမ့်မည်။