24
ကြည့်လော့၊ မြေကြီးသားတို့ကွဲလွင့်သည့်တိုင်အောင်၊ ထာဝရဘုရားသည် မြေပထဝီကိုမှောက်လှန်၍၊ လဟာသက်သက်ဖြစ်စေတော်မူသဖြင့်၊ ပရောဟိတ်သည် လူကဲ့သို့လည်း‌ေကာင်း၊ သခင်သည် ကျွန်ယောက်ျားကဲ့သို့လည်း‌ေကာင်း၊ သခင်မသည် ကျွန်မိန်းမကဲ့သို့လည်း‌ေကာင်း၊ ရောင်းသူသည်ဝယ်သူကဲ့သို့လည်း‌ေကာင်း၊ မြီရှင်သည် မြီစားကဲ့သို့လည်း‌ေကာင်း၊ အတိုးစားသူသည် အတိုးဆပ်သူကဲ့သို့လည်း‌ေကာင်း၊ ဖြစ်ရကြလိမ့်မည်။ မြေပထဝီသည် လုယက်ပျက်စီးခြင်းခံရလျက်၊ လဟာသက်သက်ဖြစ်လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ မြေပထဝီသည် မြည်တမ်းညှိုးနွမ်းလျက်၊ လောကလည်းအားလျော့ညှိုးနွမ်းလျက်၊ ပြည်တိုင်းအထွဋ်အမြတ်တို့ အားလျော့ကြလေ၏။ တရားတော်ကျူးလွန်ခြင်း၊ ဥပဒေသတော်ဆန့်ကျင်ခြင်း၊ ထာဝရပဋိညာဉ်တော်ဖောက်ကျော်ခြင်းများကိုပြုကျင့်တတ်သောမြေကြီးသားတို့အောက်တွင်၊ မြေပထဝီညစ်ညူးရာရောက်လေပြီ။ ထို့ကြောင့်၊ အမင်္ဂလာဖြင့် မြေပထဝီကျွမ်းလောင်၍၊ မြေကြီးသားတို့ပြစ်ဒဏ်ခံရသည့်ပြင်၊ အကြွင်းနည်းပါးသည့်တိုင်အောင်မီးလောင်ခံရကြ၏။ စပျစ်ပင်ညှိုးလျက်၊ အရည်လည်းလျော့လျက်၊ စိတ်ရွှင်သူအပေါင်းတို့ညည်းတွားကြ၏။ စောင်းပတ်သာတီးခြင်းဆိုင်ရာ အားရဝမ်းမြောက်သံတိတ်ဆိတ်လျက်၊ ရွှင်လန်းသံငြိမ်းကုန်၏။ စပျစ်ရည်ကို၊ သီဆိုလျက်မသောက်ရချေ။ သောက်သောအရက်လည်း၊ အရသာခါးလိမ့်မည်။ 10 လဟာဖြစ်သောမြို့သည် ပြိုပျက်၍၊ ဝင်ရောက်ခွင့်မရှိနိုင်အောင်၊ အိမ်ဝတိုင်းဆို့ပုံလျက်ရှိ၏။ 11 မြို့ပြင်တွင်စပျစ်ရည်ကို အောက်မေ့မြည်တမ်းလျက်၊ မြေတစ်ပြင်လုံးမှ အားရရွှင်လန်းခြင်းပြတ်စဲကုန်လွန်၍၊ 12 မြို့အတွင်းမှာ ဆိတ်ညံခြင်းသာကျန်ကြွင်းလျက်၊ မြို့တံခါး၌ပြိုပျက်ဘေးသင့်လေပြီ။ 13 သံလွင်ပင်မှခြွေပြီးအသီးကျန်ကဲ့သို့လည်း‌ေကာင်း၊ စပျစ်ပင်မှသိမ်းပြီးအသီးကျန်ကဲ့သို့လည်း‌ေကာင်း၊ မြေအပြင်တွင် လူအမျိုးမျိုး၌ဖြစ်လိမ့်သတည်း။ 14-15 ၎င်းတို့သည် ထာဝရဘုရား၏ဘုန်းအာနုဘော်တော်ကြောင့်၊ သမုဒ္ဒရာအနီးတွင်ကျူးဧလျက်၊ နေထွက်ရာအရပ်၌ ထာဝရဘုရားကိုလည်း‌ေကာင်း၊ ပင်လယ်ကမ်းခြေတစ်လျှောက်၌ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုလည်း‌ေကာင်း၊ ချီးမြှောက်ကြလော့ဟု ဟစ်ခေါ်ကြွေးကြော်ကြလိမ့်မည်။
16 သူတော်ကောင်းတို့၌သုခရှိစေသတည်းဟူ၍၊ မြေကြီးအစွန်းအဖျားမှကျူးဧသံကိုငါကြားရ၏။ ငါ၌မူကား၊ ဒုက္ခ၊ ဒုက္ခ၊ အကျိုးနည်းလေစွ။ တရားပျက်သူတို့တရားဖျက်လေပြီ။ တရားပျက်သူတို့တရားဖောက်ဖျက်ကြလေပြီဟု ငါဆို၏။ 17 အိုမြေကြီးသားတို့၊ ကြောက်မက်ဖွယ်ဘေး၊ တွင်းကျဘေး၊ ညွှတ်ကွင်းဘေးများသည်၊ သင့်ရောက်ခဲ့သည်ဖြစ်၍၊ 18 ကြောက်မက်ဖွယ်ဘေးမှပြေးသူသည် တွင်းကျသို့ကျခြင်း၊ တွင်းကျမှလွတ်သူသည် ညွှတ်ကွင်း၌ မိခြင်းခံရလိမ့်မည်။ အထက်ပြွန်ဝများပွင့်လျက်၊ မြေကြီးအခြေအမြစ်များ လှုပ်ရှားပြီတကား။ 19 မြေပထဝီသည် ပေါက်ပျက်လျက်၊ မြေပထဝီသည် အက်ကွဲလျက်၊ မြေပထဝီသည် တုန်လှုပ်လျက်ရှိ၏။ 20 မြေပထဝီသည် မူးယစ်သူကဲ့သို့ ယိမ်းယိုင်လျက်၊ လင့်စင်ကဲ့သို့ လှုပ်ရှား၍၊ လွန်ကျူးဝန်လေးသဖြင့်၊ မထရသည့်တိုင်အောင်လဲလိမ့်မည်။
21 ထိုကာလ ထာဝရဘုရားသည်၊ ဘဝဂ်ရှိ ဗိုလ်ခြေတို့ကိုဘဝဂ်၌လည်း‌ေကာင်း၊ မြေကြီးရှိဘုရင်တို့ကို မြေကြီး၌လည်း‌ေကာင်း၊ အစီအရင်ကြွလာတော်မူသဖြင့်၊ 22 နှောင်တွင်း၌ ချုပ်ထားသော အကျဉ်းသားတို့ကဲ့သို့၊ ထိုသူတို့သည် ချုပ်နှောင်လှောင်ထားခြင်းကို ခံရ၍၊ နေ့ရက်များစွာကုန်လွန်မှ အစီအရင်ခံရကြလိမ့်မည်။ 23 ထိုအခါဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင်၊ယေရုရှလင်မြို့၌မင်းပြု၍၊ လူမျိုးတော်အကြီးအကဲတို့ရှေ့ဘုန်းတော်ရောင်ခြည်လွှတ်တော်မူသောကြောင့်၊ စန္ဒသည်မျက်နှာပျက်၍၊ သူရိယလည်း အရှက်ကွဲလိမ့်သတည်း။