20
အာရှုရိဘုရင်သာဂုန်မင်းစေလွှတ်သောတာတန်ဘွဲ့ခံဗိုလ်မင်းသည်၊ အာဇုတ်မြို့ကိုလုပ်ကြံရန် ချီတက်လာရောက်သောနှစ်တွင်၊ အာမုတ်သားဟေရှာယဖြင့်၊ ထာဝရဘုရားဗျာဒိတ်တော်မူသည်ကား။ ကိုယ်ရုံနှင့်ဖိနပ်ကို၊ သွား၍ချွတ်ပယ်လော့ဟုမိန့်တော်မူသည့်အတိုင်း အဝတ်မဆင်၊ ဖိနပ်မစီးဘဲ သွားလာလျက်နေသော်၊ ထာဝရဘုရားက၊ ငါ့ကျွန်ဟေရှာယသည်၊ အိဂျစ်ပြည်၊ ကုရှပြည်များနှင့် စပ်ဆိုင်သောသက်သေနိမိတ်လက္ခဏာအဖြစ်ဖြင့်၊ အဝတ်မဆင်၊ ဖိနပ်မစီးဘဲသုံးနှစ်ပတ်လုံး သွားလာသည့်နည်းတူ၊ အိဂျစ်လူမျိုးနှင့် ကုရှလူမျိုးအကြီးအငယ်တို့ကို၊ အိဂျစ်အရှက်ကွဲစေရန်၊ အဝတ်မဆင်၊ ဖိနပ်မစီး၊ တင်ပါးမဖုံးရဘဲ၊ အာရှုရိဘုရင်သုံ့ပန်းမောင်းနှင်သိမ်းသွားလိမ့်မည်။ 5-6 ထို့ကြောင့်၊ ဤပင်လယ်ကမ်းခြေတစ်လျှောက်နေထိုင်သောလူမျိုးတို့သည်၊ ခိုလှုံရာကုရှပြည်ကြောင့်လည်း‌ေကာင်း၊ ဂုဏ်တင်ရာအိဂျစ်ပြည်ကြောင့်လည်း‌ေကာင်း၊ အရှက်ကွဲရ၍ကြောက်လန့် လျက်၊ ကြည့်လော့။ အာရှုရိဘုရင်လက်မှကယ်လွှတ်ရန်၊ ငါတို့ပြေးဝင်ခဲ့သောခိုလှုံရာများ ဤသို့ပါတကား။ ငါတို့မှာမူ မည်သို့လွတ်မြောက်ကြအံ့နည်းဟူ၍၊ ထိုနေ့ရက်ကာလ ပြောဆိုကြရမည်ဟုမိန့်တော်မူ၏။