18
1-2 အိုကုရှတိုင်း၊ မြစ်မြွာတစ်ဘက်၌အတောင်ခတ်သံနှင့်ပြည်လျှံလျက်၊ အိုင်ကြီးရေမျက်နှာပြင်ပေါ်တွင်၊ ကြိမ်ချုပ်များဖြင့်ရာဇသံတို့ကိုစေလွှတ်သောပြည်၊ အရပ်အမောင်း မြင့်ခြင်း၊ ကိုယ်ရေကိုယ်သားပြောင်ခြင်းရှိသောလူမျိုး၊ ယမန်ကစ၍ ကြောက်မက်ဘွယ်ကောင်းသောလူမျိုး၊ တန်ခိုးကြီးလျက် နှိမ်နှင်းတတ်သောလူမျိုး၊ မြစ်အမြွာမြွာဖြတ်သောပြည်တွင် နေထိုင်သောလူမျိုးထံသို့၊ ခြေလျင်ရာဇသံတို့ပြန်သွားကြပါလော့။
3 ဤလောက၌နေထိုင်သူ၊ မြေကြီးပေါ်မှာရှိနေသူအပေါင်းတို့၊ တောင်ပေါ်တွင်အလံစိုက်ထူသော အခါကြည့်ကြလော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။
4 ငါ့အားထာဝရဘုရားက၊ နေရောင်အပူရှိန်ကဲ့သို့လည်းေကာင်း၊ ဆွတ်ခူးချိန်နွေဥတုရှိနှင်းပြင်ကဲ့သို့လည်းေကာင်း၊ စံရာဌာနမှ ငြိမ်ငြိမ်သက်သက် ငါရှုကြည့်မည်ဟုမိန့်တော်မူ၏။
5 အသို့ဆိုသော်၊ အဖူးရင့်၍အပွင့်မှ အောင်မာသောစပျစ်သီးသီးရာ၊ ဆွတ်ခူးချိန်မတိုင်မီ ထားကောက်ဖြင့်အညွန့်များကိုရိတ်ပယ်လျက်၊ အခက်အလက်များကိုလည်း ခုတ်ချိုင်ရှင်းလင်းတော်မူမည့်အလျောက်၊
6 ၎င်းတို့ကိုတောင်ငှက်ရဲ၊ တောသားရဲတို့အဖို့စွန့်ထားသဖြင့်၊ ငှက်ရဲများသည် နွေဥတု၌လည်းေကာင်း၊ သားရဲတို့သည် ဆောင်းဥတု၌လည်းေကာင်း စားကြလိမ့်မည်။
7 ထိုကာလ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏နာမတော်တည်ရာဇိအုန်တောင်တော်သို့၊ အရပ်အမောင်းမြင့်ခြင်း၊ ကိုယ်ရေကိုယ်သားပြောင်ခြင်းရှိသောလူမျိုး၊ ယမန်ကစ၍ ကြောက်မက်ဖွယ်ကောင်းသောလူမျိုး၊ တန်ခိုးကြီးလျက် နှိမ်နှင်းတတ်သောလူမျိုး၊ မြစ်အမြွာမြွာဖြတ်သောပြည်တွင် နေထိုင်သောလူမျိုးသည်၊ ဗိုလ်ခြေတို့အရှင် ထာဝရ ဘုရားထံ ကိုယ်ကိုဆက်သွင်းကြလိမ့်သတည်း။ ္ယ