ဟဂ္ဂဲကျမ်း
1
ဒါရိမင်းနန်းစံနှစ်နှစ်၊ ဆဌမလတစ်ရက်တွင် ရှာလသေလသား၊ ယုဒဘုရင်ခံမင်း ဇေရုဗဗေလနှင့် ယောဇဒက်သားပရောဟိတ်မင်းယောရှုတို့အား ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုပရောဖက် ဟဂ္ဂဲဆင့်ဆိုသည်ကား။ ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်ရန် အချိန်မရောက်သေးကြောင်း၊ ဤလူမျိုးတို့ဆိုကြသည်ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 3-4 ဗိမာန်တော်သည် ဖုန်းဆိုးကုန်းဖြစ်ခိုက် အခင်းအကာစုံလင်သောကိုယ့်တိုက်အိမ်များတွင် သင်တို့နေထိုင်ရန် အချိန်ဟုတ်သလောဟု ပရောဖက်ဖြစ်သူ ငါဟဂ္ဂဲ အားဖြင့် ထာဝရဘုရားမေးတော်မူ၏။ သို့နှင့်အညီဗိုလ်ခြေတို့အရှင်ထာဝရဘုရားကလည်း ကိုယ့်အလေ့အလာကိုနှလုံးသွင်းကြလော့။ သင်တို့သည် မျိုးများစွာကြဲသော်လည်း အနည်းငယ်သာစုသိမ်းရကြ၏။ စားရသော်လည်းမလုံလောက်။ သောက်ရသော်လည်းမဝ။ ဝတ်ရသော်လည်း အချမ်းမလုံပဲ နေရကြ၏။ အခရသောသူသည် အိတ်ပေါက်သို့သာ ထည့်ရသည်ဟု မိန့်တော်မူ၏။ 7-8 ကိုယ့်အလေ့အလာကိုနှလုံးသွင်းကြဦး။ ခင်တန်းသို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် ငါသည် နှစ်မြို့၍ ဘုန်းတော်ထင်ပေါ်စေခြင်းငှာ ဗိမာန်တော်ကို တည်ဆောက်ကြလော့ဟု ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့သည် များပြားစွာမျှော်လင့်သော်လည်း တလင်းသွင်းရသောအနည်းငယ်ကိုပင် ငါလွင့်ပါးစေ၏။ အသို့ကြောင့်နည်းဟူမူကား လူအသီးသီးတို့သည်ကိုယ့်အိမ်ကို သာ ဂရုစိုက်ကြစဉ် ငါ့ဗိမာန်သည် ဖုန်းဆိုးကုန်းတည်ရှိသောကြောင့်တည်း။ 10 ထိုကြောင့်ကောင်းကင်သည် နှင်းချခွင့်၊ မြေသည် အသီးအနှံပေးခွင့်မရစေဘဲ၊ တောင်တန်းနှင့်တကွ၊ 11 စပါးစပျစ်ရည်ဆီများမှစသော မြေထွက်အမျိုးမျိုး၊ လူတိရစ္ဆာန်နှင့် ချွေးနဲစာအမျိုးမျိုးပါ နေပြည်ပေါ်တွင်မိုးခေါင်ဘေးကိုငါသင့်စေပြီဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟူ၍တည်း။
12 ထိုနောက် ရှာလသေလသား ဇေရုဗဗေလနှင့် ယောဇဒက်သား ပရောဟိတ်မင်းယောရှုတို့သည် လူမျိုးတော်အကြွင်းအကျန်အပေါင်းတို့ပါ ကိုယ့်ဘုရားသခင်ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုလည်းေကာင်း၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားစေလွှတ်တော်မူသည့်အတိုင်း ပရောဖက်ဟဂ္ဂဲဆုံးမချက်ကိုလည်းေကာင်း၊ နားထောင်လျက် ထာဝရဘုရားမျက်မှောက် တော်တွင် 13 လူပရိသတ်ကြောက်ရွံ့လျက်နေကြစဉ် ထာဝရဘုရား၏ဗျာဒိတ်တော်ကို ဆင့်ဆိုသောရာဇသံဖြစ်သူ ဟဂ္ဂဲက၊ သင်တို့နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရားမိန့်တော် မူကြောင်း လူပရိသတ်အားဆင့်ဆိုလေ၏။ 14-15 ထိုအခါ ထာဝရဘုရားသည် ရှာလသေလသား ယုဒဘုရင်ခံမင်းဇေရုဗဗေလ သဘောကိုလည်းေကာင်း၊ ယောဇဒက်၏သား ပရောဟိတ်မင်းယောရှု၏သဘောကိုလည်းေကာင်း၊ လူမျိုး တော်အကြွင်းအကျန်တို့၏သဘောကိုလည်းေကာင်း၊ ဆော်ဩတော်မူသည့်အတိုင်း ထိုသူတို့သည် ဒါရိမင်းနန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ့် လေးရက်တွင် ကိုယ့်ဘုရားသခင်ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်လုပ်ဆောင်ကြကုန်၏။