9
1 ပထမပဋိညာဉ်တရားတွင်ပင် လောကနှင့်ဆိုင်သောသန့်ရှင်းရာဌာနနှင့် ဝတ်ပြုရာထုံးနည်းချက်များပါရှိ၏။
2 မီးခုံတော်၊ စားပွဲတော်နှင့် ရှေ့တော်တင်မုန့်ပါသောသန့်ရှင်းရာဌာနခေါ် တည်လုပ်ပြီးအပြင်တဲတော်တစ်ပိုင်း၊
3-5 ဒုတိယကန့်လန့်ကာအတွင်း နံ့သာပေါင်းတင်ရှို့ရာရွှေပလ္လင်တော်၊ မန္နမုန့်ထည့်ရွှေအိုးမှစ၍ အဖူးပေါ်သောအာရုန်၏တောင်ဝေှးနှင့် ပဋိညာဉ်တော်ကျောက်ပြားများပါေသာရွှေမွမ်းပဋိညာဉ်သေတ္တာတော်၊ ၎င်းပေါ်တွင် အပြစ်ဖြေရာပလ္လင်တော်ကိုဖြန့်မိုးသော ဘုန်းတော်ဆိုင်ရာခေရုဗများရှိသော အထူးသန့်ရှင်းရာဌာနခေါ် တဲတော်တစ်ပိုင်းရှိ၏။ ထိုအရာများကိုစိတ်ဖြာ၍ ငါတို့ယခုမပြောမဆိုနိုင်။
6 ဆိုခဲ့သည့်ဌာနများကို ထိုသို့တည်လုပ်ပြီးနောက် ပရောဟိတ်တို့သည်ဆိုင်ရာဝတ်ဆောင်ရွက်ရန် အပြင်တဲတော်သို့နေ့စဉ် ဝင်လေ့ရှိကြ၏။
7 အတွင်းတဲတော်သို့မူကား ပရောဟိတ်မင်းတစ်ပါးတည်းသာ ကိုယ့်အတွက်နှင့်လူပရိသတ်တို့ မိုက်မှားမှုများအတွက်ဆက်ကပ်ရန် အသွေးပါလျက် တစ်နှစ်လျှင်တစ်ကြိမ်ဝင်လေ့ရှိ၏။
8 ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်က အပြင်တဲတော်တည်နေသမျှကာလပတ်လုံး အထူးသန့်ရှင်းရာဌာနသို့ဝင်ရောက်ရန် လမ်းမထင်ရှားသေးကြောင်း ဖော်ပြတော်မူ၏။
9-10 ထိုတဲတော်သည် ပစ္စုပ္ပန်ခေတ်ကာလ၏ပမာဖြစ်သည့်အလျောက် အသစ်ပြုပြင်ခြင်းခေတ်ကာလမတိုင်မချင်း အာဏာရှိသောရုပ်ခန္ဓာ့ဆိုင်ရာထုံးနည်းအရ စားသောက်ဝတ်၊ ဆေးကြောဝတ်အမျိုးမျိုးမှစ၍ ဆက်ကပ်သောအလှူဝတ္ထုနှင့်ပူဇော်သက္ကာများသည် ဝတ်ပြုသူတို့သြတ္တပ္ပစိတ်ကို စုံလင်ရာမရောက်စေနိုင်။
11-12 ခရစ်တော်မူကား ရောက်ပြီးသောသုခချမ်းသာဆိုင်ရာ ပရောဟိတ်မင်းအဖြစ် ထာဝရရွေးနုတ်မှုပြုပြီးလျှင် လက်ဖြစ်မဟုတ်၊ ယခုဘဝနှင့်မဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်ကိုလွန်၍ ဆိတ်သွေး၊ နွားသွေးနှင့်မဟုတ်၊ ကိုယ့်အသွေးတော်နှင့် အထူးသန့်ရှင်းရာဌာနတော်တွင်းသို့ အပြီးသတ်ဝင်ရောက်တော်မူပြီ။
13 ဆိတ်သွေး၊ နွားထီးသွေးနှင့် မသန့်သူတို့ကိုပက်ကြဲရသည့်နွားမတန်းပြာမှုန့်သည် ရုပ်ခန္ဓာကို သန့်ရှင်းစေကြယ်စေခြင်းငှာ တတ်စွမ်းနိုင်လျှင်၊
14 ထာဝရဝိညာဉ်တော်အားဖြင့် ဘုရားသခင့်ထံ ကြန်အင်မယွင်းသောကိုယ်ကို ဆက်ကပ်တော်မူသောခရစ်တော်၏အသွေးတော်သည် အသေဖြစ်သောကိုယ်ကျင့်များမှ အသက်ရှင်တော်မူသောဘုရားသခင်အားဝတ်ပြုစေရန် သင်တို့သြတ္တပ္ပစိတ်ကိုလွှတ်လျက် သာ၍စင်ကြယ်စေမည်မဟုတ်လော။
15 ထိုကြောင့်ပထမပဋိညာဉ်ကို လွန်ကြူးမှုများမှရွေးနုတ်ရန်အသေခံပြီးနောက် ခေါ်ထားတော်မူသူတို့သည် ကတိတော်အတိုင်း ထာဝရအမွေကိုခံစားရစေခြင်းငှာ ကိုယ်တော်သည် ၁ 9.15 ဤအချက်နှစ်ရပ်၊ ပါဠိတူညီ၏။ ပဋိညာဉ်သစ်ဆိုင်ရာ စေ့စပ်သောအရှင်ဖြစ်တော်မူ၏။
16 ၁ 9.16 ဤအချက်နှစ်ရပ်၊ ပါဠိတူညီ၏။ သေတမ်းစာရှိလျှင် ထားသူ၏သေခြင်းလည်းရှိရမည်။
17 သေပြီးမှသာ သေတမ်းစာတည်၏။ ထားသူရှင်ခိုက် အလျှင်းမတည်။
18 ထိုကြောင့်ဆိုခဲ့သော ပထမပဋိညာဉ်ကိုပင် အသွေးကင်းလျက်ဖွဲ့ခဲ့သည်မဟုတ်။
19 မောရှေသည် ပညတ်တရားတော်အတိုင်း ပညတ်ဟူသမျှကိုလူပရိသတ်အားပြန်ကြားပြီးနောက် နွားသွေး၊ ဆိတ်သွေးကို ရေ၊ သိုးမွေးနီ၊ ဟုဿုပ်ညွန့်များနှင့်တကွယူ၍ ထိုကျမ်းနှင့်လူပရိသတ်ရှိသမျှ အပေါ်တွင်သွန်းပက်လျက်၊
20 ဤအသွေးကား သင်တို့အားဘုရားသခင်ပညတ်ထားတော်မူသော ပဋိညာဉ်၏အသွေးတည်းဟုဆို၏။
21 တဲတော်မှစ၍ ဝတ်ပြုရာအသုံးအဆောင်ရှိသမျှအပေါ်တွင်လည်း ထိုနည်းတူ အသွေးသွန်းပက်သည့်အလျောက်၊
22 ထိုတရားတော်အရ အရာခပ်သိမ်းကို အသွေးနှင့်စင်ကြယ်စေရ၏။ သွေးသွန်းကင်း၍ အပြစ်ပြေလွတ်ခွင့်မရှိဟု ဆိုရာရောက်၏။
23 သို့ဖြစ်၍ ကောင်းကင်အရာများ၏အတုကို ဆိုခဲ့သောပူဇော်သက္ကာများနှင့်စင်ကြယ်စေရ၏။ ကောင်းကင်အရာများကိုမူကား သာ၍မြတ်သောပူဇော်သက္ကာများနှင့် စင်ကြယ်စေရ၏။
24 ခရစ်တော်သည် အထူးသန့်ရှင်းရာဌာနတော်စစ်၏ ပုံမျှသာဖြစ်သော လက်လုပ်ဌာနတော်ထဲသို့မဝင်။ ငါတို့အတွက် ဘုရားသခင်မျက်မှောက်တော်တွင် ထင်ထင်ဖူးမြော်ရန် ကောင်းကင်ဘုံထဲသို့ဝင်တော်မူ၏။
25 ပရောဟိတ်မင်းဖြစ်သူသည် ကိုယ့်အသွေးမဟုတ်သော အသွေးနှင့် အထူးသန့်ရှင်းရာဌာနထဲသို့နှစ်စဉ်ဝင်ရသကဲ့သို့ ကိုယ်ကိုအကြိမ်ကြိမ်ဆက်ကပ်ရန် ဝင်တော်မူသည်မဟုတ်။
26 ထိုသို့ဟုတ်ခဲ့လျှင် ဤလောကတည်သည်ကစ၍ အကြိမ်ကြိမ်အသေခံတော်မူခဲ့ရလေပြီ။ မုချဆိုသော် ကိုယ်တော်သည် ကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ရန် ယခုခေတ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူခဲ့ပြီ။
27 လူတို့သည် တစ်ကြိမ်တည်းသေပြီးနောက် စီရင်ဆုံးဖြတ်ခံရသည့်နည်းတူ၊
28 ခရစ်တော်လည်းအများတို့၏အပြစ်ကိုခံခြင်းငှာ တစ်ကြိမ်တည်းဆက်ကပ်ခံတော်မူပြီးနောက် ကိုယ်တော်ကိုစောင့်ေမျှာ်သူတို့အား ကယ်တင်ခြင်းငှာပြစ်ဒဏ်မခံဘဲ ဒုတိယအကြိမ်ပေါ်ထွန်းတော်မူဦးမည်။