12
1 သို့ဖြစ်၍ ထိုမျှလောက်ထူထပ်သောသက်သေခံတို့ ဝန်းဝိုင်းကြသဖြင့် ဝန်ရှိသမျှနှင့်ပတ်ရစ်သော ပြစ်မှုကိုပယ်ရှားပြီးလျှင် ယုံကြည်ခြင်းတရားကို အစအဆုံးစီရင်တော်မူသောအရှင်ယေရှုကို မျက်မှောက်ပြုလျက် ငါတို့တာကိုတည်ကြည်စွာပြေးကြကုန်အံ့။
2 ထိုအရှင်သည် ရွှင်လန်းရန်အကြောင်းကိုေမျှာ်ထောက်၍ အရှက်မငဲ့ဘဲ ကားတင်ခံပြီးလျှင် ဘုရားသခင့်ရာဇပလ္လင်ယာဘက်တော်တွင် စံတော်မူ၏။
3 သင်တို့သည်စိတ်ပျက်အားလျော့ခြင်းမရှိကြစေရန် ထိုမျှလောက်အပြစ်သားတို့ငြင်းဆန်ခြင်းကို သည်းခံတော်မူသောအရှင်နှင့် နှိုင်းယှဉ်ကြလော့။
4 အပြစ်တရားနှင့်တိုက်လှန်ရာတွင် သွေးသွန်းသည့်တိုင်အောင် သင်တို့မရပ်မခံသေး။
5-6 ၎င်းပြင် ငါ့သား၊ ထာဝရဘုရား၏ပဲ့ပြင်ခြင်းကိုပေါ့ပေါ့ဆဆမပြုဘဲ အဆုံးအမခံရာ၌လည်း စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူ့အား ပဲ့ပြင်ခြင်း၊ လက်ခံတော်မူသောသားတိုင်းအား ဒဏ်ခတ်ခြင်းပြုတော်မူကြောင်း သားအဖြစ်တိုက်တွန်းသောနှိုးဆော်ချက်ကို သင်တို့မေ့လျော့ကြပြီ။
7 သားအဖြစ်ဘုရားသခင်ဆုံးမတော်မူသည့်အလျောက် ပဲ့ပြင်ခြင်းအကျိုးငှာ သင်တို့သည်းခံလျက်နေရကြ၏။ အဖမပဲ့ပြင်သောသား မည်သူရှိသနည်း။
8 အကယ်၍ သူခပ်သိမ်းတို့ခံရသောပဲ့ပြင်ခြင်းနှင့် သင်တို့ကင်းလွတ်လျှင် သားစစ်မဟုတ်၊ အပျော်သားဖြစ်ကြလေပြီ။
9 ၎င်းပြင် ငါတို့ရုပ်ခန္ဓာအဘဖြစ်သူတို့ထံပဲ့ပြင်ခံ၍ ရိုသေခဲ့ကြသည်ဖြစ်က အသက်ရှင်ခွင့်ရအံ့သောငှာ နာမ်ခန္ဓာအဖ၏အုပ်စိုးခြင်းကို အထူးခံထိုက်ကြသည်မဟုတ်လော။
10 ဆိုခဲ့သော အဖတို့သည် သင့်လျော်သည်ဟုထင်မြင်တိုင်း နေ့ရက်အနည်းငယ်ပဲ့ပြင်ခဲ့ကြ၏။ ကိုယ်တော်မူကား သန့်ရှင်းစေတော်မူခြင်းကိုဆက်ဆံခွင့်ရကြစေရန် ငါတို့အကျိုးငှာပဲ့ပြင်တော်မူ၏။
11 ပဲ့ပြင်ခြင်းဟူသမျှကိုခံရစဉ် ဝမ်းမြောက်ဖွယ်မဟုတ်။ ဝမ်းနည်းဖွယ်ဟုထင်မှတ်ကြသော်လည်း ပဲ့ပြင်ခြင်းဖြင့်လေ့ကျက်ပြီးမှဖြောင့်မတ်ခြင်းတည်းဟူသော ငြိမ်သက်ရာအကျိုးဖြစ်ထွန်းတတ်၏။
12 သို့ဖြစ်၍ အားလျော့သောလက်နှင့် နုန့်နဲသောဒူးဆစ်များကို တည့်မတ်စေကြလော့။
13 ခြေဆွံ့သူတို့သည် အဆစ်မလွဲဘဲ သန်စွမ်းခွင့်ရကြစေရန် သင်တို့ခြေကြွရာလမ်းကိုလည်း ညီညွတ်စေကြလော့။
14 သူခပ်သိမ်းတို့နှင့်အသင့်အတင့်နေခြင်းကိုလည်းေကာင်း၊ ထာဝရဘုရားကိုဖူးမြင်ရစေသောသန့်ရှင်းခြင်းကိုလည်းေကာင်း လိုက်ရှာကြလော့။
15 မည်သူမျှ ဘုရားသခင့်ကျေးဇူးတော်နှင့်ကင်း၍ မနေစေခြင်းငှာလည်းေကာင်း၊ အခါးအဆိပ်ဖြစ်ပွားစေသော အမြစ်အညွန့်ပေါက်၍ နှောင့်ယှက်သဖြင့် အများကိုညစ်ညူးရာမရောက်စေခြင်းငှာလည်းေကာင်း၊
16 မတရားသောမေထုန်ပြုသူ သြရသရိုက်ရာကို တစ်နပ်စာနှင့်ရောင်းချသောဧသောကဲ့သို့ တရားလွတ်သူမရှိစေခြင်းငှာလည်းေကာင်း သတိမူကြလော့။
17 ဧသောသည် နောက်မှကောင်းကြီးမင်္ဂလာအမွေကိုခံလို၍ မျက်ရည်ကျလျက် တောင်းလျှောက်သော်လည်း နောင်တရခွင့်မရှိဘဲ ငြင်းပယ်ခံရသည်ကိုသင်တို့သိကြ၏။
18 သင်တို့သည်စမ်းသပ်နိုင်သောတောင်၊ မီးတောက်ခြင်း၊ မှောင်ခြင်း၊ မိုက်ခြင်း၊ မုန်တိုင်းကျခြင်း၊ တံပိုးမှုတ်ခြင်းတောင်၊
19-20 ဗျာဒိတ်တော်သံကြားသူတို့သည် တိရစ္ဆာန်ပင်တောင်ကိုထိမိလျှင် ခဲပစ်သတ်ဒဏ်ခံစေဟူသော အမိန့်တော်ကိုမနာခံဝံကြသောကြောင့် ထပ်မံမိန့်တော်မမူစေရန် တောင်းပန်ကြရာ ဗျာဒိတ်တော့်တောင်၊
21 ဗျာဒိဟာ အလွန်ကြောက်မက်ဖွယ်ဖြစ်သောကြောင့် မောရှေကလည်းငါသည် အလွန်ကြောက်ရွံ့တုန်လှုပ်သည်ဟုဆိုရာ တောင်သို့ရောက်ခဲ့ကြသည်မဟုတ်။
22 သင်တို့သည် ဇိအုန်တောင်တော်၊ ကောင်းကင်ယေရုရှလင်မြို့တော်၊ အသက်ရှင်တော်မူသောဘုရားသခင့်မြို့တော်သို့လည်းေကာင်း၊ ကုဋေသင်္ချေမကသော စေတမန်တော်တို့ပွဲသဘင်သို့လည်းေကာင်း၊
23 ကောင်းကင်စာရင်းဝင်သောသားဦးတို့ စည်းဝေးရာသို့လည်းေကာင်း၊ သူခပ်သိမ်းတို့တရားမင်းဖြစ်သောဘုရားသခင့်အထံတော်သို့လည်းေကာင်း စုံလင်စေတော်မူပြီး၊ သူတော်ကောင်းတို့ဝိညာဉ်များထံသို့လည်းေကာင်း၊
24 ပဋိညာဉ်တော်သစ်၏ စေ့စပ်သောအရှင်ဖြစ်သောယေရှုအထံတော်သို့လည်းေကာင်း၊ အာဗေလအသွေးထက် ကောင်းမြတ်စွာမြွက်ဆိုသော ဖျန်းပက်ခြင်းအသွေးတော်ရှိရာသို့လည်းေကာင်း ရောက်ကြလေပြီ။
25 သို့ဖြစ်၍ မိန့်မြွက်တော်မူသောအရှင်ကိုမငြင်းပယ်မိစေရန် သတိမူကြလော့။ မြေကြီးပေါ်၌ ဗျာဒိတ်ပေးတော်မူသောအရှင်ကိုငြင်းပယ်သူတို့သည် ဘေးမလွတ်ကြသည်မှန်လျှင် ကောင်းကင်ဘုံက ဗျာဒိတ်ပေးသောအရှင့်ထံမှ လွှဲဖယ်ကြသောငါတို့သည် သာ၍မလွှတ်နိုင်ချေ။
26 အမိန့်တော်အသံသည် ထိုအခါ၌မြေကြီးကိုလှုပ်ရှား၏။ ယခုမူကား နောက်တစ်ကြိမ် ငါသည်မြေကြီးကိုသာမဟုတ်။ ကောင်းကင်ပါလှုပ်ရှားဦးမည်ဟု ကတိထားတော်မူ၏။
27 နောက်တစ်ကြိမ်ဆိုသည်မှာ လှုပ်ရှားမခံရသောအရာများသည် ကျန်ကြွင်းစေရန် ဖန်ဆင်းရာများတည်းဟူသော လှုပ်ရှားခံရသောအရာများကို ဖယ်ရှားတော်မူမည်ဟုဆိုလိုသတည်း။
28-29 ထိုကြောင့် မလှုပ်ရှားနိုင်သောနိုင်ငံတော်ကိုငါတို့ရကြသည်နှင့်အညီ ကျေးဇူးတော်ကိုခံစား၍ ငါတို့ဘုရားသခင်သည် ကျွမ်းလောင်သောမီးဖြစ်တော်မူသည့်အလျောက် နှစ်သက်တော်မူသောဝတ်ကို ရိုသေခံညားစွာဆက်ကပ်ကြကုန်အံ့။