7
တစ်ဖန် နောဧအား ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ ယခုလူမျိုးတွင် သင်သည်ငါ့ရှေ့၌ ဖြောင့်မတ်သည်ကို ငါသိမြင်သည်ဖြစ်၍ အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ သင်္ဘောတွင်းသို့၀င်ကြလော့။ 2-3 မြေကြီးတစ်ပြင်လုံးပေါ်မှာ တိရစ္ဆာန်မျိုးမပြတ်ဆက်နွယ်စေခြင်းငှာ သန့်သောသားမျိုးအနက် အထီးအမ 7.2 သို့မဟုတ် ၒ- ခုနစ်ေကာင်စီခုနစ်စုံစီ၊ မသန့်သောသားမျိုးအနက် အထီးအမတစ်စုံစီ၊ လေသတ္တဝါမျိုးအနက် အထီးအမခုနစ်စုံစီ၊ အသီးအသီးတို့ကိုသိမ်းယူရမည်။ 4-5 အသို့ဆိုသော် ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင် အရက်လေးဆယ်ပတ်လုံး နေ့ညဉ့်မပြတ်မြေကြီးပေါ်သို့ မိုးရွာစေ၍ ငါဖန်ဆင်းခဲ့သောသတ္တဝါအပေါင်းတို့ကို မြေမျက်နှာပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်မှာတော်မူသမျှအတိုင်း ေနာဧပြုလေ၏။ မြေကြီးပေါ်မှာ ရေလွှမ်းမိုးသောဘေးသင့်ရောက်သောအခါ နောဧသည်အသက်ခြောက်ရာရှိ၏။ ရေလွှမ်းမိုးသည့်ဘေးကြောင့် နောဧသည် သား၊ မယား၊ ချွေးမများနှင့်တကွ သင်္ဘောတွင်းသို့ဝင်၍၊ နောဧအား ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သန့်သောသားမျိုး၊ မသန့်သောသားမျိုး၊ လေသတ္တဝါနှင့်မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များထဲမှ အထီးအမအစုံအစုံတို့သည်၊ နောဧရှိရာ သင်္ဘောတွင်းသို့ဝင်ကြ၏။ 10 ခုနစ်ရက်စေ့သောအခါ လွှမ်းမိုးသောရေသည် မြေပေါ်သို့တက်လာရာ၊ 11 နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ့်ခုနစ်ရက်တွင် မဟာရေထုစမ်း၀ရှိသမျှ ပေါက်ထွက်သည့်ပြင် မိုးကောင်းကင်ပြွန်၀များပွင့်သဖြင့်၊ 12 အရက်လေးဆယ်ပတ်လုံး နေ့ညဉ့်မပြတ် မြေကြီးပေါ်မှာမိုးသည်းစွာရွာလေ၏။ 13 ထိုနေ့ရက်တွင်ပင် နောဧနှင့်မယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက် ဟူသောသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောတွင်းသို့ဝင်ကြ၏။ 14 သားယဉ်သားရဲအမျိုးအလိုက်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အမျိုးအလိုက်၊ ပျံတတ်သော ကြက်ငှက်တည်းဟူသော လေသတ္တဝါမျိုးအလိုက်၊ 15 သဇီ၀သက်ရှိသတ္တဝါအမျိုးအမျိုးထဲမှ အစုံအစုံတို့လည်း နောဧရှိရာသင်္ဘောတွင်းသို့ဝင်ကြ၏။ 16 ထိုသို့၀င်သောတိရစ္ဆာန်တို့သည် နောဧအား ဘုရားသခင်မိန့်မှာတော်မူခဲ့သည့်အတိုင်း သတ္တဝါအမျိုးမျိုးထဲမှ အထီးအမအစုံအစုံ၀င်ကြကုန်၏။ နောဧ၀င်ပြီးနောက် ထာ၀ရဘုရားသည် သင်္ဘောကိုပိတ်ထားတော်မူ၏။ 17 မြေကြီးပေါ်မှာ အရက်လေးဆယ်ပတ်လုံး ရေလွှမ်းမိုးခြင်းတိုးတက်သဖြင့် သင်္ဘောသည်မြေမှကြွ၍ ပေါလောနေလေ၏။ 18 ထိုသို့ ရေသည်မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့် ရေမျက်နှာပြင်ပေါ်မှာ သင်္ဘောမျောနေလေ၏။ 19 မြေကြီးပေါ်မှာ ရေအလွန်တရာအားကြီးသဖြင့် မိုးကောင်းကင်အောက် တောင်ကြီးရှိသမျှနစ်မြုပ်ရလေ၏။ 20 ရေသည်အားကြီးသဖြင့် တောင်များအထက်သို့ တစ်ဆယ့်ငါးတောင်လွှမ်းမိုးလေၑ၏။ 21 လူမှစ၍ မြေပေါ်မှာလှုပ်ရှားသွားလာတတ်သည့် တိရစ္ဆာန်တည်းဟူသောလေသတ္တဝါ၊ သားယဉ်သားရဲ၊ မြေရှိပေါများသောသတ္တဝါစုအပေါင်းတို့သည် သေကြကုန်၏။ 22 ထွက်သက်၀င်သက်ရှိသော ကုန်းသတ္တဝါဟူသမျှတို့သည် သေကြကုန်၏။ 23 မြေမျက်နှာပေါ်မှာ သက်ရှိသတ္တဝါအပေါင်းတည်းဟူသော လူမှစ၍ သားယဉ်သားရဲ၊ တွားတတ်သောတိရစ္ဆာန်၊ လေသတ္တဝါတို့သည် မြေကြီးမှသုတ်သင်ပယ်ရှင်းခြင်းကို ခံရၕကြ၏။ နောဧမှစ၍ သင်္ဘောတွင်းပါရှိသမျှတို့သာ ကျန်ကြွင်းကြလေ၏။ 24 ရေလည်းမြေကြီးပေါ်မှာ ရက်ပေါင်းတစ်ရာ့ငါးဆယ်ပတ်လုံး အားကြီးစွာတည်လျက်ရှိ၏။