23
1 သိမ်ဖျင်းသောသတင်းစကားကို မပြောကြားနှင့်။ မတရားသက်သေအဖြစ်သို့ရောက်ရန် လူဆိုးကိုလက်မဆက်နှင့်။
2 အဆိုးပြုရန်၊ လူများနောက်သို့မလိုက်နှင့်။ လူများကိုငဲ့၍တရားလွဲစေခြင်းငှါ၊ အမှု၌သက်သေမခံနှင့်။
3 နွမ်းပါးသူ၏အမှုနှင့်စပ်၍လည်း သူ့ကိုမငဲ့နှင့်။
4 ရန်သူ၏ မြည်း၊ နွား၊ လမ်းလွဲသည်ကိုတွေ့လျှင် အမှန်ပြန်ပို့ရမည်။
5 သင့်ကိုမုန်းထားသူ၏မြည်းသည် ဝန်ဖိ၍လဲနေသည်ကိုတွေ့မြင်လျှင် မဖြုတ်လိုသော်လည်း မုချကူညီ၍ဖြုတ်ရမည်။
6-7 ဆင်းရဲသူအမှုနှင့်စပ်၍ တရားမလွဲစေနှင့်။ မမှန်သောအမှုကို ကိုယ်နှင့်ကွာဝေးစေ။ အပြစ်ကင်းသူ၊ ဖြောင့်မတ်သူတို့ကို မကွပ်မျက်နှင့်။ လူဆိုးကိုဖြောင့်မတ်သည်ဟု ငါစီရင်မည်မဟုတ်။
8 တံစိုးမစားနှင့်။ တံစိုးသည်စက္ခုလင်းသူတို့ကိုကွယ်စေ၍ ဖြောင့်မတ်သူတို့အမှုကိုလည်း မှောက်လှန်တတ်၏။
9 ဝင်နေသူတို့ကိုမနှိပ်စက်နှင့်။ သင်တို့သည်အိဂျစ်ပြည်တွင် ဝင်နေသူအဖြစ်နေခဲ့ရဘူးသည်နှင့်အညီ ဝင်နေသူတို့စိတ်သဘောကိုသိကြ၏။
10 ခြောက်နှစ်ပတ်လုံးလယ်လုပ်၍ အသီးအနှံကိုသိမ်းယူရသော်လည်း၊
11 သတ္တမနှစ်တွင်မလုပ်ဘဲ လှပ်ထား၍ အမျိုးသားချင်းဆင်းရဲသူတို့စားကြရမည်။ ကြွင်းသောအရာကိုလည်း မြေသတ္တဝါတို့စားကြရလိမ့်မည်။ စပျစ်၊ သံလွင်ခြံများကိုလည်း ထိုနည်းတူပြုရမည်။
12 ခြောက်ရက်အတွင်းအလုပ်လုပ်၍ သတ္တမနေ့၌ သင်တို့နွားမြည်းများနားနေခွင့်ရလျက်၊ ငယ်သားများ၊ ဝင်နေသူများလည်း သက်သာရကြစေရန် ငြိမ်ဝပ်စွာနေကြလော့။
13 ငါမိန့်ဆိုသမျှကို သတိပြုကြလော့။ အခြားသောဘုရားတို့နာမကို သတိမမူနှင့်။ နှုတ်ဖြင့်မျှမပြောမကြားနှင့်။
14 တစ်နှစ်လျှင်သုံးကြိမ် ငါ့ရှေ့ပူဇော်ပွဲကျင်းပကြရမည်။
15 သင်တို့သည် အဗိဗခေါ်လ၌အိဂျစ်ပြည်မှ ထွက်လာရသည်နှင့်အညီ ထိုလတွင် အခါသမယ၌ တဆေးမဲ့မုန့်ပွဲကိုကျင်းပ၍ ငါမိန့်မှာခဲ့သည့်အတိုင်း ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုသာစားကြရမည်။
16 မည်သူမျှ ငါ့ထံသို့လက်ချည်းမဖူးမမျှော်ရ။ လယ်လုပ်၍ အဦးမှည့်အသီးအနှံပွဲတည်းဟူသော ရိတ်သိမ်းပွဲကိုလည်းေကာင်း၊ လယ်မှအသီးအနှံသိုထားရာကာလ၊ နှစ်လည်၊ တလင်းတက်ပွဲကိုလည်းေကာင်း ကျင်းပကြရမည်။
17 တစ်နှစ်လျှင်သုံးကြိမ်၊ ယောက်ျားအပေါင်းတို့သည် ငါထာဝရဘုရားရှင့်ထံဖူးမျှော်ကြရမည်။
18 ငါ့ထံဆက်ကပ်သော အကောင်၏အသွေးကို တဆေးခတ်မုန့်နှင့်မပူဇော်ကြလင့်။ ပူဇော်ပွဲတော်ဆီဥကိုလည်း နံနက်တိုင်မကြွင်းစေရ။
19 သင်တို့မြေ၌ အဦးမှည့်သောအသီးအနှံအထူးအမြတ်ကို သင်တို့ဘုရားသခင်ငါထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ ဆောင်သွင်းကြရမည်။ သိုးဆိတ်သားငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
20 လမ်းခရီး၌စောင့်ရှောက်၍ ငါအသင့်ထားသောဒေသသို့ ပို့ဆောင်စေခြင်းငှါ စေတမန်တော်ကိုသင်တို့ရှေ့ကလွှတ်ခဲ့ပြီ။
21 ထိုစေတမန်တော့်ရှေ့သတိမူ၍ မိန့်သံကိုနာခံကြလော့။ ပုန်မကန်ကြနှင့်။ ငါ့နာမသည်သူ၌တည်၍ သင်တို့၏ကျူးလွန်မှုများကို ဖြေလွှတ်မည်မဟုတ်။
22 သင်တို့သည် သူ့မိန့်သံကိုနာခံနာယူ၍ ငါမိန့်ဆိုသမျှအတိုင်းပြုကြလျှင် သင်တို့ရန်သူများကို ငါ့ရန်သူ၊ သင်တို့ရန်ဘက်များကို ငါ့ရန်ဘက်ပြုမည်။
23 ငါ့စေတမန်သည် သင်တို့ရှေ့ကသွားလျက် အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ခါနနိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့နေရာသို့ သင်တို့ကိုပို့ဆောင်၍ ထိုလူမျိုးများကို ငါကွယ်ပစေမည်။
24 သူတို့ဘုရားများကိုရှိမခိုး၊ ဝတ်မပြုနှင့်။ အကျင့်ဓလေ့အတိုင်းမကျင့်နှင့်။ သူတို့ကိုအကုန်အစင်ဖြိုလှဲ၍ ကျောက်တိုင်များကိုလည်း လုံးလုံးချိုးဖျက်ကြရမည်။
25 သင်တို့ဘုရားသခင်ငါထာဝရဘုရားကို ဝတ်ပြု၍ သင့်စားဖွယ်သောက်ရာကို ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်တို့ဘောင်မှငါဖယ်တော်မူမည်။
26 သင်တို့ပြည်တွင် မည်သည့်သတ္တဝါမဆို သားပျက်ခြင်း၊ မြုံခြင်းရှိရမည်မဟုတ်။ သင်တို့အသက်တာကို ငါပြည့်စုံစေမည်။
27 ငါ့ထံမှဖြစ်ပွားသောထိတ်လန့်ခြင်းကို သင်တို့ရှေ့တွင်ငါစေလွှတ်၍ သင်တို့ရောက်မည့်နေရာရှိ လူမျိုးခပ်သိမ်းကို ငါရှုံးနိမ့်စေလျက် ရန်သူအပေါင်းကို နောက်သို့လှည့်စေမည်။
28 ဟိဝိ၊ ခါနနိ၊ ဟိတ္တိလူမျိုးတို့ကို သင်တို့ရှေ့ကနှင်ထုတ်ရန် ပြားတူဘေးကိုငါစေလွှတ်နှင့်မည်။
29 ပြည်ဆိတ်ညံလျက် တောသားရဲများပြားမည်ကိုစိုး၍ တစ်နှစ်ချင်းတွင် သင်တို့ရှေ့ကငါနှင်ထုတ်မည်မဟုတ်။
30 သင်တို့ပွားများ၍ ပြည်ကိုအပိုင်ရကြသည့်တိုင်အောင် သင်တို့ရှေ့က တရွေ့ရွေ့ငါနှင်ထုတ်မည်။
31 သင်တို့ပြည်အဝှမ်းကို ပင်လယ်နီမှဖိလိတ္တိပင်လယ်တိုင်အောင်လည်းေကာင်း၊ သဲကန္တာရမှမြစ်ကြီးတိုင်အောင်လည်းေကာင်း ငါသတ်မှတ်မည်။ ထိုပြည်သူပြည်သားတို့ကို လက်တွင်းသို့ငါအပ်နှင်းသည့်အတိုင်း သင်တို့နှင်ထုတ်ရလိမ့်မည်။
32 ချင်းတို့နှင့်လည်းေကာင်း၊ ချင်းတို့ဘုရားများနှင့်လည်းေကာင်း မိတ်သဟာယမဖွဲ့ကြနှင့်။
33 သင်တို့သည် ချင်းတို့ကြောင့် ငါ့ကိုမပြစ်မှားစေခြင်းငှါ သင်တို့ပြည်၌ချင်းတို့မနေကြရ။ ချင်းတို့ဘုရားများကိုဝတ်ပြုလျှင် သင်တို့၌ကျော့ကွင်းသဖွယ် အမှန်ဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။