22
1 မည်သူမဆို နွား၊ သိုး၊ ဆိတ်ကိုခိုး၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတစ်ကောင်အစား ငါးကောင်၊ သိုးဆိတ်တစ်ကောင်အစား လေးကောင်များကိုလျော်ပေးစေ။
2 ဖောက်ထွင်းစဉ် သူခိုးကိုတွေ့သဖြင့် ရိုက်၍သေသော်လည်း သွေးသွန်းပြစ်ကင်းစေ။
3 နေထွက်မှဖြစ်လျှင်မူကား မကင်းချေ။ သူခိုးသည်လျော်ပေးရန် တာဝန်ရှိလေ၏။ ပေးရန်မရှိလျှင် ခိုးရာပါပစ္စည်းအတွက် ကိုယ်ကိုအရောင်းခံစေ။
4 သူခိုးလက်တွင်ခိုးရာပါနွား၊ မြည်း၊ သိုး၊ ဆိတ်ကိုအရှင်တွေ့မိလျှင် နှစ်ဆလျော်ပေးစေ။
5 ကိုယ့်လယ်၊ ကိုယ့်စပျစ်ခြံ၌ စားစေရာတွင် တိရစ္ဆာန်ကိုလွှတ်ထားသဖြင့် သူတစ်ပါး၏လယ်၌စားလျှင် ကိုယ့်လယ်၊ ကိုယ့်စပျစ်ခြံထဲက အကောင်းဆုံးကိုလျော်ပေးရမည်။
6 မီးရှို့စဉ်ဆူးစည်းကိုကူးသဖြင့် သူတစ်ပါး၏ကောက်လှိုင်းပုံ၊ စပါးပင်၊ လယ်ယာများကိုကျွမ်းလောင်လျှင် မီးရှို့သူသည်မုချလျော်ပေးစေ။
7 မည်သူမဆို သူတစ်ထူးထံ၊ ရွှေငွေ၊ အသုံးအဆောင်ကို စောင့်ထိန်းရန်အပ်ထားစဉ် ထိုသူ့အိမ်မှခိုးယူရာ သူခိုးကိုဖမ်းမိလျှင် နှစ်ဆလျော်စေ။
8 မမိလျှင်မူကား သူ့ဥစ္စာကိုအလွဲသုံးစားမှုမပြုကြောင်း သစ္စာဆိုရန် သမာဓိတို့ထံအိမ်ရှင်ဝင်စေ။
9 ၎င်းနည်း၊ မည်သည့်ကျူးလွန်မှုမျိုးမဆို နွား၊ မြည်း၊ သိုး၊ ဆိတ်၊ အဝတ်တန်ဆာ စသော ပျောက်သမျှသောဥစ္စာနှင့်စပ်၍ ဤအရာကား ငါပိုင်တည်းဟုတစ်စုံတစ်ယောက်ဆိုလျှင် နှစ်ဦးသားတို့အမှုကို သမာဓိတို့ထံဆက်သွင်း၍ သမာဓိတို့အပြစ်စီရင်ခံရသူသည် နှစ်ဆလျော်ပေးစေ။
10 မည်သူမဆို၊ နွား၊ မြည်း၊ သိုး၊ ဆိတ်စသော တိရစ္ဆာန်ကို သူတစ်ထူးထံထိန်းကျောင်းရန်အပ်၍ မျက်ကွယ်၌ထိုတိရစ္ဆာန်သေသည်ဖြစ်စေ၊ အၙင်္ဂၙါၙၙပျက်ယွင်းသည်ဖြစ်စေ၊ တိုက်ယူသည်ဖြစ်စေ၊
11 သူ့ဥစ္စာကိုအလွဲသုံးစားမှုမပြုကြောင်း နှစ်ဦးသားတို့ကြားတွင် ထာရဘုရားကိုတိုင်တည်လျက် သစ္စာဆိုသည်နှင့်အညီ ဥစ္စာရှင်ယုံကြည်၍ ထိန်းကျောင်းသူမလျော်ရ။
12 ခိုးသွားလျှင်မူကား ဥစ္စာရှင်အားလျော်ပေးစေ။
13 သားရဲကိုက်လျှင် သက်သေအဖြစ်ယူခဲ့စေ။ အကိုက်ခံရသောအကောင်အတွက် မလျော်ရ။
14 မည်သူမဆို သူတစ်ပါးထံတစ်စုံတစ်ရာကိုအခမဲ့ငှါး၍ ဥစ္စာရှင်မပါဘဲသေသည်ဖြစ်စေ၊ အၙင်္ဂၙါၙၙပျက်ယွင်းသည်ဖြစ်စေ၊ မုချလျော်စေ။
15 ဥစ္စာရှင်ပါလျှင် မလျော်ရ။ ပခုံးခွန်နှင့်ဖြစ်က ပခုံးခွန်တွင်ပြေြငိမ်းပြီ။
16 အကြင်သူသည် မမှန်းသေးသောအပျိုကညာကိုဖြားယောင်း၍ အိပ်စက်လျှင် ထိုသူသည်မယားဖြစ်ရန် ကန်တော့ဥစ္စာတင်သွင်းစေ။
17 ထိုမိန်းမကို အဘမထိမ်းမြားသော်လည်း တင်သွင်းကန်တော့လေ့ရှိသည့်အတိုင်း ငွေကိုလျော်ပေးရမည်။
18 စုံးမကိုအသက်မရှင်စေနှင့်။
19 တိရစ္ဆာန်နှင့်မှားယွင်းသူသည် မုချသေဒဏ်ခံစေ။
20 ငါထာရဘုရားမှတစ်ပါး အခြားသောဘုရားတို့ထံ ပူဇော်သောသူသည် မြေလှန်ခံစေ။
21 သင်တို့သည် အိဂျစ်ပြည်တွင်ဝင်နေသူအဖြစ် နေခဲ့ရဘူးသည်နှင့်အညီ ဝင်နေသူကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်။
22 မုဆိုးမကိုသော်လည်းေကာင်း၊ ဘသက်ဆိုးကိုသော်လည်းေကာင်း မညှဉ်းပန်းကြနှင့်။
23 ညှဉ်းပန်းခံရသဖြင့် ငါ့ထံအော်ဟစ်လျှင် ထိုဟစ်သံကိုမုချငါနားညောင်းသည်နှင့်အညီ၊
24 ပြင်းစွာအမျက်တော်ထားလျက် သင်တို့ကိုဓားဘေးဖြင့်ကွပ်မျက်၍ မယားတို့သည် မုဆိုးမ၊ သားများလည်း ဘသက်ဆိုးဖြစ်ကြလိမ့်မည်။
25 လူမျိုးတော်ဖြစ်သော သင်နှင့်အတူနေသူဆင်းရဲသားအားငွေကိုချေးလျှင် မြီရှင်မလုပ်ရ။ ငွေတိုးလည်းမယူရ။
26 အကယ်၍ သူတစ်ထူး၏အဝတ်ကို သင်အပေါင်ခံလျှင် နေမဝင်မီပြန်ပေးရမည်။
27 သူ၌အခြားခြုံရန်မရှိ။ အရေပါးကိုခြုံသောအဝတ်ဖြစ်၏။ သူသည်မည်သို့အိပ်ရမည်နည်း။ ငါ့ထံဟစ်လျှင် ကရုဏာရှိသည်နှင့်အညီ နားညောင်းလိမ့်မည်။
28 ငါဘုရားကိုပြစ်မှားပြောဆိုခြင်း၊ သင့်လူမျိုးအပေါ်တွင်အုပ်စိုးသော မင်းကိုကျိန်ဆဲခြင်း မပြုနှင့်။
29 သင့်စပါးဆန်ရေအနက်၊ ဆက်ကပ်ရန် မဖင့်နွှဲနှင့်။ အဦးဖွားသောသားတို့ကိုလည်း ငါ့အားဆက်ကပ်ရမည်။
30 နွား၊ သိုး၊ ဆိတ်များကိုလည်း ထိုနည်းတူပြုရမည်။ ၎င်းတို့သားငယ်များကို အမိနှင့်ခုနစ်ရက်နေစေ၍ အဌမနေ့ရောက်သော် ငါ့အားဆက်ကပ်ရမည်။
31 သင်တို့သည် ငါ့အဖို့သီးသန့်ထားသူဖြစ်ကြသည့်အတိုင်း လယ်တော၌သားရဲကိုက်သောအသားကို မစားရ။ ခွေးများအားပစ်ပေးရမည်။