13
1-2 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသား လူသူတိရစ္ဆာန်တို့ဦးစွာဖွားသော သားဦးအပေါင်းတို့ကို ငါ့အဖို့သီးသန့်ထားလော့။ ၎င်းတို့သည် ငါပိုင်ဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။
ထိုလူမျိုးအား မောရှေဆင့်ဆိုသည်မှာ သင်တို့သည် ကျွန်ခံနေရာအိဂျစ်ပြည်မှ ထွက်လွတ်သောဤနေ့ရက်ကို သတိရကြလော့။ လက်ရုံးတော်တန်ခိုးဖြင့် ထာဝရဘုရားထုတ်ဆောင်တော်မူပြီ။ တဆေးခတ်သောမု့န်ကိုမစားရ။ အဗိဗခေါ်လ၊ ယနေ့၌ပင် သင်တို့ထွက်လွတ်ကြပြီ။ သင်တို့ကိုပေးသနားရန် ဘိုးဘေးများအား ထာဝရဘုရားသစ္စာဆိုတော်မူခဲ့သောပြည်၊ ခါနနိ၊ ဟိတ္တိ၊ အာမောရိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့နေရာ နို့ရည်ပျားရည်လွှမ်းစီးသောပြည်သို့ ဆောင်သွင်းတော်မူပြီးမှလည်း ယခုလတိုင်း ဤဝတ်ကိုပြုကြရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားလျက် သတ္တမနေ့တွင် ထာဝရဘုရားရှေ့ပူဇော်ပွဲကျင်းပကြရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုသာစားရမည်။ နေပြည်တစ်ဝှမ်းလုံးတွင် တဆေးကိုလည်းေကာင်း၊ တဆေးခတ်သောမုန့်ကိုလည်းေကာင်း မရှိစေရ။ ထိုကာလ၌လည်း သင်တို့က၊ အိဂျစ်ပြည်မှငါတို့ထွက်လွတ်ရသောအခါ ထာ၀ရဘုရားပြုတော်မူသောကျေးဇူးကြောင့် ဤသို့ပြုရသည်ဟု သားများအားကြားပြောကြရမည်။ အားကြီးသောလက်ရုံးတော်ဖြင့် အိဂျစ်ပြည်မှ ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သောကြောင့် သင်တို့နှုတ်၌ ထာဝရဘုရား၏တရားတည်စေရန် ဤဝတ်သည်၊လက်၌လက္ခဏာသက်သေ၊ မျက်မှောင်ကြား၌အထိမ်းအမှတ်သဖွယ် ဖြစ်ရမည်။ 10 ထို့ကြောင့် နှစ်စဉ်အခါသမယ၌ ဤထုံးဖွဲ့နည်းကို စောင့်ရှောက်ကြရမည်။
11 သင်တို့၌လည်းေကာင်း၊ ဘိုးဘေးများ၌လည်းေကာင်း၊ သစ္စာဆိုတော်မူခဲ့သည့်အတိုင်း ထာဝရဘုရားသည် ခါနာန်လူမျိုးနေရာပြည်သို့ဆောင်သွင်း၍ ထိုပြည်ကိုပေးသနားတော်မူလျှင်၊ 12 သင်တို့၌ အဦးဖွားသောသားများနှင့် တိရစ္ဆာန်များ၏ သားဦးအပေါင်းတို့ကို ထာဝရဘုရားအား အပ်နှင်းကြရမည်။ အထီးဟူသမျှသည် ထာဝရဘုရားပိုင်ဖြစ်ရမည်။ 13 မြည်းမတို့သားဦးရှိသမျှကိုကား သိုးသားငယ်နှင့်ရွေးနုတ်ရမည်။ မရွေးနုတ်ခဲ့လျှင် လည်ကိုချိုးရမည်။ လူ့သားတို့အနက် သားဦးအပေါင်းတို့ကိုရွေးနုတ်ကြရမည်။ 14 နောင်၌လည်း သင်တို့သားများက၊ ဤကားအသို့နည်းဟုမေးမြန်းလျှင် ကျွန်ခံနေရာအိဂျစ်ပြည်မှ ထာဝရဘုရားသည် လက်ရုံးတော့်တန်ခိုးဖြင့် ငါတို့ကိုထုတ်ဆောင်တော်မူရာ၊ 15 ခွင့်လွှတ်ခြင်းအမှု၌ ဖာရောမင်းခဲယဉ်းသည်နှင့် အိဂျစ်ပြည်တွင်လူနှင့်တိရစ္ဆာန်တို့ သားဦးအပေါင်းကို ကွပ်မျက်တော်မူသောကြောင့် အဦးဖွားသောအထီးဟူသမျှကို ထာဝရဘုရားထံပူဇော်ရမည်။ အဦးဖွားသောသားအပေါင်းကိုကား ရွေးနုတ်လေ့ရှိသည်ဟု သင်တို့ပြန်ဆိုကြရမည်။ 16 ထာဝရဘုရားသည် လက်ရုံးတော့်တန်ခိုးဖြင့် ငါတို့ကိုအိဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သောကြောင့် ဤဝတ်သည် သင်တို့လက်၌လက္ခဏာသက်သေ၊ မျက်မှောင်ကြား၌ သင်းကျစ်သဖွယ်ဖြစ်ရမည်ဟု ဆင့်ဆိုလေ၏။
17 ဣသရေလလူမျိုးကို ဖာရောမင်းလွှတ်သော် ထိုလူမျိုးသည် စစ်မှုတွေ့ရလျှင်၊ အိဂျစ်ပြည်သို့ ပြန်သွားမည်စိုးရိမ်ရန်ရှိသည်ဟု ဘုရားသခင်အောက်မေ့လျက်၊ 18 နီးသောဖိလိတ္တိလမ်းဖြင့်မဆောင်ဘဲ ပင်လယ်နီကမ်း၊ သဲတောလမ်းဖြင့် လှည့်၍ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည် ခင်းကျင်းသောတပ်စဉ်အတိုင်း အိဂျစ်ပြည်မှထွက်သွားကြ၏။ 19 ယမန်ယောသပ်က၊ ဘုရားသခင်သည် သင်တို့အားအကြည့်အရှု မုချကြွရောက်တော်မူမည်။ ထိုအခါ ကျွန်ုပ်အရိုးများကို ဤပြည်မှဆောင်ယူရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ခိုင်ခံ့စွာသစ္စာဆိုစေသည့်အတိုင်း သူ့အရိုးများကို မောရှေဆောင်ခဲ့လေ၏။ 20 တစ်ဖန်သူတို့သည် သုကုတ်မြို့မှချီသွား၍ သဲတောစ၊ ဧသံမြို့၌စွဲရပ်ကြ၏။ 21 နေ့ညဉ့်မဟူ၊ သူတို့သွားနိုင်စေခြင်းငှါ ထာဝရဘုရားသည် နေ့၍လမ်းပြရန်တိမ်တိုင်အားဖြင့်လည်းေကာင်း၊ ညဉ့်၌လင်းစေရန် မီးတိုင်အားဖြင့်လည်းေကာင်း သူတို့ရှေ့ကကြွတော်မူ၏။ 22 နေ့အချိန်၌ တိမ်တိုင်၊ ညဉ့်အချိန်၌မီးတိုင်ကို သူတို့ရှေ့မှရုပ်သိမ်းတော်မမူ။