4
ထိုအမှုခပ်သိမ်းကိုမော်ဒကဲသိသော်၊ အဝတ်ဆုတ်ခြင်း၊ လျှော်တေဝတ်ခြင်း၊ ပြာတင်ခြင်းများကိုပြုလျက်၊ မြို့တွင်းသို့သွားပြီးလျှင်၊ အလွန်နစ်နာသဖြင့်ပြင်းထန်စွာအော် ဟစ်၍၊ နန်းတော်တံခါးအတွင်း၊ လျှော်တေဝတ်သူမဝင်ရသောကြောင့်၊ တံခါးပြင်တွင်ရပ်နေေလ၏။ ဘုရင်မင်း၏ရာဇသတ်အမိန့်တော်ရောက်သမျှပြည်ထောင်တကာ၌၊ ယုဒလူမျိုးတို့သည်၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကိုပြုရာအများတို့လည်းပြာနှင့်လျှော် တေခင်းလျက်လျောင်းကြ၏။ မော်ဒကဲအကြောင်းကို၊ မိဖုရားဧသတာ၏အပျိုတော်တို့နှင့်မိန်းမစိုးတို့ကြားပြောကြသောအခါ၊ အလွန်ဝမ်းနည်းသဖြင့်၊ လျှော်တေကိုလဲစေရန်အဝတ်ကိုပေးလိုက် သော်လည်း၊ မော်ဒကဲမယူဘဲနေသောကြောင့်၊ ဧသတာ့ရှေ့ခစားရန်ဘုရင်မင်းစီမံခဲ့သောမိန်းမစိုးဟာတက်ကိုခေါ်၍၊ မည်သည့်အမှု၊ မည်သည့်အကြောင်းကြောင့်နည်းဟုမေးရန်၊ မော်ဒကဲထံစေလွှတ်သည့်အတိုင်း၊ မော်ဒကဲရှိရာနန်းတော်တံခါးရှေ့၊ မြို့တော်ကျယ်ဝန်းရာအရပ်သို့၊ ဟာတက်သွားရောက်ရာ၊ မော်ဒကဲသည် ကိုယ်၌ဖြစ်ပျက်သမျှကိုလည်းေကာင်း၊ ယုဒလူမျိုးတို့ကိုကွပ်မျက်လို၍ဘဏ္ဍာတော်ထဲသို့သွင်းရန်ဟာမန်ကတိထားသောငွေချိန်ကိုလည်းေကာင်း၊ ဖော်ပြပြီးလျှင်၊ ဧသတာ့ထံဖော်ပြစေခြင်းငှာ၊ ယုဒလူမျိုးတို့ကိုကွပ်မျက်စေဟူသော၊ ရှုရှန်နန်းတော်မှထုတ်ဆင့်ပြီးရာဇသတ်စာတန်းကိုအပ်လျက်၊ ဘုရင်မင်းထံကိုယ့်လူမျိုးအတွက် ဝင်ရောက်တောင်းလျောက်အသနားတော်ခံရန်မှာထားလိုက်သည့်အတိုင်း၊ ဟာတက်ပြန်သွား၍၊ မော်ဒကဲစကားကို၊ ဧသတာ့ထံပြန်ကြားလေ၏။
10 ဧသတာသည်၊ မော်ဒကဲသိစေရန်၊ ဟာတက်အားမှာလိုက်ပြန်သည်ကား၊ 11 ယောက်ျားမိန်းမ မဆို၊ ဘုရင်မင်းခေါ်တော်မမူဘဲ အတွင်းနန်းမြို့ရိုးအထံတော်သို့ဝင်မိသောသူ၌၊ အသက်ချမ်းသာစေရန် ရာဇရွှေလှံတံကမ်းတော်မမူလျှင်၊ သေဒဏ် ခံရသောတစ်ချက်လွှတ်ရာဇသတ်ရှိကြောင်း၊ ကျေးကျွန်သင်းပင်းမှစ၍၊ ပြည်သူပြည်သားအပေါင်းတို့သိကြပါ၏။ ကျွန်မကိုကား၊ ရက်ပေါင်းသုံးဆယ်အတွင်း၊ ဘုရင်မင်းခေါ်တော်မမူ ဟူသောစကားကို၊ 12 မော်ဒကဲအားပြန်ကြားသောအခါ၊ 13 မော်ဒကဲက နန်းတော်၌စံနေရသော်လည်း၊ ယုဒလူမျိုးတကာတို့နှင့်ကင်းလျက် တစ်ယောက်တည်းဘေးလွတ်မည်မထင်ပါလင့်။ 14 သင်သည် ယခုကာလဆိတ်ဆိတ်နေခဲ့မူ၊ ယုဒလူမျိုးတို့ဘေးလွတ်ခြင်း ချမ်းသာတစ်နည်းနည်းပေါ်ပါလိမ့်မည်။ သင်ကား၊ ဆွေမျိုးညာတိတို့နှင့်တကွပျက်စီးရလိမ့်မည်။ သင်မိဖုရားဖြစ်ရသည်မှာ၊ ယခုအမှုဆောင်ရွက်ရန်ဖြစ်သည်မဖြစ်သည်ကို၊ မည်သူသိနိုင်အံ့နည်းဟုပြန်ကြားလိုက်သည့်အတိုင်း၊ 15-16 ဧသတာက၊ ရှုရှန်မြို့တော်ရှိ ယုဒလူမျိုးတို့ကိုသွား၍၊ စုရုံးစေပြီးလျှင်၊ ကျွန်မအတွက်သုံးရက်တိုင်တိုင်၊ နေ့ညဉ့်မဟူ၊ မစားမသောက်ဘဲနေကြပါစေသော။ ကျွန်မနှင့်အပျို တော်တို့ပါ၊ ထိုနည်းတူအစာရှောင်ကြပါမည်။ ထိုနောက်ရာဇသတ်ကိုကျူးလွန်၍ သေဒဏ်ခံရသော်လည်း၊ အထံတော်သို့တိုးဝင်ပါမည်ဟု၊ 17 မော်ဒကဲအားပြန်ကြားသည်နှင့်အညီ၊ မော်ဒကဲသွား၍ပြုလေ၏။