5
1 ထိုကာလ၊ ပရောဖက်ဟဂ္ဂဲ၊ ဣဒေါ့သားပရောဖက်ဇာခရိတို့သည်၊ ယုဒပြည်၊ ယေရုရှလင်မြို့များ၌နေထိုင်သောယုဒလူမျိုးတို့အား၊ ဣသရေလလူမျိုး၏ဘုရားသခင့် နာမတော်ကိုအမှီပြု၍ နှိုးဆော်ဟောပြောကြသည့်အတွက်၊
2 ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သားယောရှုတို့ထသွားလျက်၊ အားပေးသူ ဘုရားသခင့်ပရောဖက်တို့နှင့်အတူ၊ ယေရုရှလင်မြို့ဗိမာန်တော်ကိုတည်စပြုပြန်ကြ၏။
3 ထိုအခါ၊ မြစ်ကြီးအနောက်ဘက်ဘုရင်ခံချုပ်တာတနဲ၊ ရှေသာဗောဇနဲတို့မှစသော ဘက်ပါသူတို့လာရောက်၍၊ ဤဗိမာန်တည်ဆောက်ခြင်း၊ တံတိုင်းပြီးစီးခြင်းများကို၊ မည်သူ့အမိန့်တော်နှင့်ပြုကြသနည်းဟူ၍လည်းေကာင်း၊
4 ဤဗိမာန်တည်ဆောက်သောဒါယကာတို့၏အမည်ကား၊ အသို့နည်းဟူ၍လည်းေကာင်း၊ မေးမြန်းကြသော်လည်း၊
5 ယုဒအကြီးအကဲတို့အပေါ်တွင်၊ သူတို့ဘုရားသခင်မျက်မှောက်ပြုတော်မူသည့်အတွက်၊ ဒါရိမင်းထံတင်သွင်းချက်အရ၊ အမိန့် တော်မပြန်မချင်းမကန့်ကွက်ကြချေ။
6-7 ဒါရိမင်းထံ၊ မြစ်ကြီးအနောက်ဘက်ဘုရင်ခံချုပ်တာတနဲ၊ ရှေသာ ဗောဇနဲတို့မှစ၍၊ ဘက်ပါအနောက်ဘက်သား အဖာသသက် လူမျိုးတို့တင်သွင်းချက်ဟူမူကား၊ ဒါရိ မင်းမြတ်၌၊ စည်းစိမ်ချမ်းသာအမျိုးမျိုးရှိပါစေသော။
8 ကျွန်တော်တို့သည်၊ ယုဒပြည်ရှိမြင့်မြတ်သောဘုရားသခင့်ဗိမာန်တော်သို့သွားရောက်ရာ၊ ကြီးမားသောကျောက်များနှင့် တည်လုပ်၍၊ နံရံတွင် ယက်မကပ်လျက်၊ လက်မှုဖြင့်လုံ့လထုတ်သောကြောင့် ပြီးမြောက်မည့်အကြောင်း၊
9 ထိုအကြီးအကဲတို့အား၊ ဤဗိမာန်တည်ဆောက်ခြင်း၊ တံတိုင်းပြီးစီးခြင်းများကို၊ မည်သူ့အမိန့်တော်နှင့်ပြုကြသနည်းဟုမေးပြီးမှ၊
10 ဘုရင်မင်းထံတင်သွင်းထောက်ခံရန်၊ ဦးစီးဦးခိုင်တို့အမည်များကိုလည်းမေးကြရာ၊
11 သူတို့က၊ ကျွန်တော်တို့သည်၊ မိုးမြေ့ရှင်ဘုရားသခင်၏ ကျွန်များဖြစ်လျက်၊ ရှေးကာလဘုန်းကြီးသူ ဣသရေလဘုရင်တည်ဆောက်ခဲ့သော ဗိမာန်တော်ကိုပြုပြင် ကြပါ၏။
12 ဘိုးဘေးတို့သည်၊ မိုးကောင်းကင့်ရှင်ဘုရားသခင်ကို အမျက်တော်တိုက်ပြုကြသည့်အတွက် ဤဗိမာန်ကိုဖျက်ဆီးလျက်၊ မြို့သူ မြို့သားတို့ကိုလည်း၊ ဗာဗုလုန်မြို့သို့ သိမ်းသွားသော၊ ခါလဒဲအမျိုးဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းလက်တွင်းသို့ အပ်နှင်းတော်မူခဲ့ပါ၏။
13 ဗာဗုလုန်ဘုရင်ကုရုမင်းနန်းစံတစ်နှစ်တွင်၊ ဤဗိမာန်ကိုတည်ဆောက်စေဟူသောအမိန့်တော်ကိုထုတ်ဆင့်ပြီးလျှင်၊
14 ယေရုရှလင်မြို့ရှိအထက်ဗိမာန်တော်မှ နေဗုခဒ်နေဇာမင်းထုတ်ယူလျက်၊ ဗာဗုလုန်မြို့ဗိမာန်အတွင်းသွင်းထားခဲ့သောရွှေ၊ ငွေ အသုံးအဆောင်တော်များကို၊ ကုရုမင်း ပြန်ထုတ်၍၊ ဘုရင်ခံရာထူးဖြင့် ခန့်ထားခံရသူရှေရှဗာဇာ့ ထံအပ်လျက်၊
15 ဤအသုံးအဆောင်တော်များကို၊ ယေရုရှလင်မြို့ဗိမာန်တော်တွင် ယူဆောင်သွင်းထားလော့။ ဘုရားသခင့်ဗိမာန်တော်ကိုလည်း၊ နေရာရင်းတွင် တည်ဆောက်ကြစေဟူသောအမိန့်တော်အတိုင်း၊
16 ထိုရှေရှဗာဇာသည်ယေရုရှလင်မြို့သို့ရောက်၍၊ ဗိမာန်တော်အခြေအမြစ်ကိုချလေ၏။ ထိုကာလကစ၍ယခုတိုင်အောင်တည် ဆောက်မှုမပြီးမြောက်သေးပါဟုပြန် လျှောက်သော အကြောင်းများကို သိမှတ်တော်မူပါ။
17 သို့ဖြစ်၍၊ အလိုတော်ရှိပါက၊ ယေရုရှလင်မြို့ဗိမာန်တော်ကိုတည်ဆောက်ရန်၊ ကုရုမင်းအမိန့်တော်ရှိမရှိ၊ ဗာဗုလုန်မြို့ဘဏ္ဍာသိုထားရာ တိုက်တွင်ရှာဖွေကြည့်ရှုတော်မူ ပြီးလျှင်၊ သဘောတော်မြတ်ရာအမိန့်ပေး တော်မူပါဟုတင်သွင်းကြ၏။