25
1 တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
2 အချင်းလူ့သား၊ အမ္မုန် အမျိုးသားတို့ကို မျက်နှာမူ၍ ဟောပြောဆင့်ဆိုလျက်၊
3 အရှင်ထာဝရဘုရားဗျာဒိတ်တော်ကိုနာခံကြလော့။ အရှင်ထာဝရဘုရားက၊ ရှုတ်ချခံရသောသန့်ရှင်းရာငါ့ဌာနကိုလည်းေကာင်း၊ ဆိတ်ညံရာရောက်သောယုဒပြည်ကိုလည်းေကာင်း၊ သုံ့ပန်းသိမ်းသွားခံရသော ယုဒအမျိုးသားတို့ကိုလည်းေကာင်း၊
4 ရည်လျက်သင်ကဲ့ရဲ့သောကြောင့်၊ အရှေ့ပြည်သားတို့အားသင့်ကိုငါအပိုင်ပေးသည့်အလျောက်၊ သင့်ပြည်တွင်တပ်စွဲခြင်း၊ စခန်းချခြင်းပြုသော ထိုသူတို့သည်၊ သင့်အသီးအနှံနှင့် နို့ရည်ကို စားသောက်ကြလိမ့်မည်။
5 ရဗ္ဗာမြို့တော်ကို၊ ကုလားအုပ်တို့နားနေရာ၊ အမ္မုန်ပြည်ကို၊ သိုးဆိတ်ဝပ်နေရာ၊ ငါဖြစ်စေသဖြင့်၊ ထာဝရဘုရားငါဖြစ်သည်ကို၊ သင်သိရလတ္တံ့ဟူ၍လည်းေကာင်း၊
6 လက်ပမ်းပေါက်ခတ်ခြင်း၊ ခြေဆောင့်ခြင်းပြုလျက်၊ ဣသရေလပြည်ကို၊ မုန်းစိတ်နှင့်သင်ရွှင်လန်းသောကြောင့်၊
7 ငါသည် ဆန့်တန်းသောလက်ရုံးတော်ဖြင့်၊ လုယူရာအဖြစ်လူမျိုးခြားတို့အားလွှဲအပ်ခြင်း၊ လူအမျိုးမျိုးတို့မှပယ်ရှားခြင်း၊ အပြည်ပြည်မှ ဖျက်ဆီးခြင်းများကိုပြုလျက်၊ ပယ်ရှင်းခံရသောသင်သည်၊ ထာဝရဘုရားငါဖြစ်သည်ကို သိရလတ္တံ့ဟူ၍လည်းေကာင်း၊ မိန့်တော်မူကြောင်းဆင့်ဆိုလော့။
8 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည်မှာ၊ ယုဒအမျိုးသားတို့သည် လူမျိုးတကာတို့နှင့်မခြားဟု၊ မောဘနှင့် စိရလူမျိုးတို့ဆိုလေ့ရှိသောကြောင့်၊
9-10 လူမျိုးခြားတို့တွင် အမ္မုန်အမျိုးသားတို့ကို အမည်ဖျက်ရန်၊ ချီတက်သောအရှေ့ပြည်သားတို့အား၊ ငါအပိုင်ပေးသည့်ပြင်၊ မောဘနယ်စွန်ရှိနိုင်ငံရတနာဖြစ်သော၊ ဗက်ယေရှိမုတ်၊ ဗာလမောင်၊ ကိရယသိမ်မြို့များအနီးပြည်နံဘေးကိုဖွင့်လျက်၊
11 ထိုပြည်ကိုစီရင်ဒဏ်ခတ်သဖြင့်၊ ထာဝရဘုရားငါဖြစ်သည်ကို၊ သိရကြလတ္တံ့ဟုမိန့်ဆို၏။
12 ငါအရှင်ထာဝရဘုရားမိန့်ဆိုပြန်သည်မှာ၊ ဧဒုံလူမျိုးသည်၊ ယုဒအမျိုးသားတို့အား တုံ့ပြန်၍လက်စားချေသဖြင့်၊ ပြစ်ဒဏ်ခံထိုက်ရာ ရောက်သောကြောင့်၊
13 ငါသည် ဆန့်တန်းသော လက်ရုံးတော်ဖြင့်၊ လူသူတိရစ္ဆာန်ကို ဧဒုံပြည်မှပယ်ရှားလျက်၊ တေမန်နယ်က၊ဒေဒန်နယ်အထိ၊ ဓားဖြင့်ကျဆုံးကြသည့်အလျောက်၊ ဆိတ်ညံ ရာရောက်လတ္တံ့။
14 ဣသရေလလူမျိုးတော်လက်ဖြင့်လည်း၊ လက်စားချေတော်မူခြင်းကို ငါစီရင်လျက်၊ ဒေါသအမျက်တော်အလျောက်၊ ဧဒုံလူမျိုးအားပြုကြသဖြင့်၊ ငါလက်စားချေသောအမှုကို သိရကြလတ္တံ့ဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆို၏။
15 ငါအရှင်ထာဝရဘုရားမိန့်ဆိုပြန်သည်မှာ၊ ဖိလိတ္တိလူမျိုးလည်း၊ တုံ့ပြန်၍ အစဉ်ရန်ငြိုးဖွဲ့လျက်၊ ဖျက်ဆီးလိုသမှု၊ မုန်းစိတ်နှင့် လက်စားချေသောကြောင့်၊
16 ငါသည် ဆန့်တန်းသောလက်ရုံးတော်ဖြင့်၊ ခေရသိခေါ်ဖိလိတ္တိလူမျိုးကိုပယ်ရှားလျက်၊ သမုဒ္ဒရာကမ်းရှိအကြွင်းအကျန်တို့ကို ဖျက်ဆီးလျက်၊
17 အမျက်တော်နှင့်ဆုံးမ၍၊ လက်စားချေခြင်းကို အပြင်းအထန် ပြုသဖြင့်၊ ပြုသောငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရကြလတ္တံ့ဟုမိန့်ဆိုသည်ဟူ၍တည်း။