21
1 ငါသို့ရောက်ပြန်သောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊
2 အချင်းလူ့သား၊ ယေရုရှလင်မြို့သို့မျက်နှာမူလျက်၊ သန့်ရှင်းရာဌာနများသို့ စကားလွှင့်လျက်၊ ဣသရေလပြည်ကိုရည်၍ ဟောပြောလျက်၊ ထိုဣသရေလပြည်အား ဆင့်ဆိုရမည်မှာ၊
3 ငါသည် သင့်တစ်ဖက်၌နေလျက်၊ ဓားတော်ကိုချွတ်၍၊ မသူတော်ကို၊ သူတော်ကောင်းပါ၊ ပယ်ရှားလိမ့်မည်။
4 မသူတော်ကို၊ သူတော်ကောင်းပါ၊ ငါပယ်ရှားအံ့သည်နှင့်အညီ၊ တောင်ပိုင်းက၊ မြောက်ပိုင်းအထိ၊ လူအပေါင်းတို့ဆန့်ကျင်ဘက်၊ ဓားတော်ထွက်သဖြင့်၊
5 နေမဝင်ရအောင် ဓားတော်ကို၊ ငါထာဝရဘုရားချွတ်ကြောင်း၊ လူအပေါင်းတို့သိရကြလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။
6 သို့ဖြစ်၍ အချင်းလူ့သား၊ မြည်တမ်းလော့။ သူတို့ရှေ့တွင်၊ ခါးချိုး၍နစ်နာစွာ မြည်တမ်းရမည်။
7 အဘယ့်ကြောင့်မြည်တမ်းသနည်းဟု မေးမြန်းကြသော်၊ သင်က၊ သတင်းအတိုင်းဘေးသင့်ရောက်သောကြောင့်တည်း။ လူအပေါင်းတို့သည်၊ နှလုံးတုန်ခြင်း၊လက်လျှော့ခြင်း၊ စိတ်ပျက်ခြင်း၊ ဒူးအရည်ပျော်ခြင်းရှိရကြလတ္တံ့။ အရှင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ သင့်ရောက်တည်နေလိမ့်မည်ဟု၊ ပြန်ဆိုလော့ဟူ၍တည်း။
8 ငါသို့ရောက်ပြန်သော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊
9 အချင်းလူ့သား၊ ငါထာဝရဘုရား ဗျာဒိတ်တော်ကိုဟောပြောဆင့်ဆိုလော့။ ဓားတော်၊ ဓားတော်ရှိ၏။ သွေးကျင်းကိုတိုက်ပွတ်လျက်ရှိပြီ။
10 လုပ်ကြံရန်သွေးကျင်းခြင်း၊ လျှပ်စစ်သဖွယ် လက်ရန်တိုက်ပွတ်ခြင်းခံခဲ့ပြီ။ အားရရွှင်လန်းကြမည်လော၊ ငါ့သား၏တောင်ေဝးသည်၊အပင်တကာတို့ကိုမထီမဲ့မြင်ပြုရာ ရောက်၏။
11 ဓားတော်ကိုစွဲကိုင်ရန် တိုက်ပွတ်စေပြီ။ ကွပ်မျက်သူလက်သို့အပ်ရန် သွေးကျင်းတိုက်ပွတ်လေပြီဟု ဖွဲ့ဆိုလော့။
12 အချင်းလူ့သား၊ ငါ့လူမျိုးအပေါ်သို့လည်းေကာင်း၊ ဣသရေလမင်းအပေါင်းတို့အပေါ်သို့လည်းေကာင်း၊ ဘေးသင့်သောကြောင့်အော်ဟစ်လော့။ လူမျိုးတော်နှင့်တကွမင်းများကို၊ ဓားတော် သို့အပ်နှင်းသည့်အတွက်ရင်တီးလော့။
13 စုံစမ်းခံကြလေစွ၊ မထီမဲ့မြင်ပြုသောထိုတောင်ဝေးသည်၊ နောင်မတည်လျှင် မည်သို့နည်းဟု၊ ငါအရှင်ထာဝရဘုရားမေး၏။
14 သို့ဖြစ်၍ အချင်းလူ့သား၊ လက်ပမ်းပေါက်ခတ်လျက်ဟောပြောဦးလော့။ လုပ်ကြံလေ့ရှိသောဓားတော်ကိုသုံးကြိမ်မြောက်ဝင့်ယမ်းလော့။ မင်းမြတ်ကို လုပ်ကြံလျက် ဝန်းဝိုင်းသောဓားတော်ဖြစ်သည်တကား။
15 စိတ်ပျက်ခြင်း၊ များပြားစွာပြိုလဲခြင်းခံရစေအံ့သောငှာ၊ ချင်းတို့မြို့တံခါးများရင်ဆိုင်လုပ်ကြံသောဓားတော်ကို၊ ငါထားလေပြီ။ လျှပ်စစ်သဖွယ်လက်လျက်၊ ကွပ်မျက်ရန် တိုက်ပွတ်လေစွ။
16 အသွားထက်လျက်ယာဘက်သို့လည်းေကာင်း၊ ဦးစိုက်လျက်ဝဲဘက်သို့လည်းေကာင်း၊ အသွားတည်လေရာရာတက်လော့။
17 ငါလည်းလက်ပမ်းပေါက်ခတ်လျက်၊ အမျက်တော်ငြိမ်းစေမည်ဟု၊ ငါထာဝရဘုရားမိန့်ဆိုခဲ့ပြီဟူ၍တည်း။
18 ငါသို့ရောက်ပြန်သောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
19 အချင်းလူ့သား၊ ဗာဗုလုန်ဘုရင်၏ ဓားတက်ရောက်နိုင်စေရန်၊ တစ်ပြည်တည်းမှ ပေါက်ရောက်သောလမ်းနှစ်သွယ်ကို ပုံရေးလျက်၊ မြို့ဝင်လမ်းဆုံ၌ေမာ်ကွန်းတိုင် စိုက်ထိုးလျက်၊
20 အမ္မုန်ပြည်ရဗ္ဗာမြို့တော်သို့လည်းေကာင်း၊ ယုဒပြည်ယေရုရှလင်ခံမြို့တော်သို့လည်းေကာင်း၊ ဓားတက်ရောက်နိုင်သော လမ်းကိုပုံရေးလော့။
21 ဗာဗုလုန်ဘုရင်သည် မြှားများကို လှုပ်ရှားလျက်၊ ရုပ်တုများကိုမေးလျှောက်လျက်၊ အသည်းကြည့်လျက်၊
22 လမ်းဆုံလမ်းခွ၌ ရပ်နေ၍ စနည်းနာရာတွင်၊ ယေရုရှလင်မြို့ရှေ့သစ်မောင်းဆင်ခြင်း၊ လုပ်ကြံရာ၌ အောင်သံပေးခြင်း၊ အသံလွှင့်၍ကြိမ်းပခြင်း၊ မြို့တံခါးများရင်ဆိုင် သစ်မောင်းဆင်ခြင်း၊ ကတုတ်လှန်ခြင်း၊ ရင်တားတည်ခြင်းများကိုပြုရန်၊ လက်ျာလက်ဖြင့် စနည်းရ၏။
23 သစ္စာဆိုခဲ့သော မြို့သားတို့ရှေ့၊ အကျိုးမဲ့စနည်းဖြစ်သော်လည်း၊ သုံ့ပန်းရာတွင်ဒုစရိုက်ကိုသတိရစေ၏။
24 သို့ဖြစ်၍၊ ငါအရှင်ထာဝရဘုရားက၊ သင်တို့လွန်ကျူးမှုများပေါ်ထွက်လျက်၊ အပြုအကျင့်ရှိသမျှ၌ အပြစ်ထင်ရှားရာရောက်အောင်၊ ကိုယ့်ဒုစရိုက်ကိုသတိရစေသော ကြောင့်လည်းေကာင်း၊ ကိုယ်တိုင်လည်း၊ သတိရတော်မူခြင်းကိုခံရသောကြောင့်လည်းေကာင်း၊ လက်ရုံးအောက်သုံ့ပန်းခံရကြလတ္တံ့ဟုမိန့်ဆို၏။
25 အပြီးသတ်အပြစ်ဒဏ်ခံရာကာလ၌၊ ရက်တာစေ့သောအိုဣသရေလမင်း၊ အိုလုပ်ကြံခံရာ ဆိုးသွမ်းသူ၊
26 ဦးရစ်ကိုပယ်လျက်၊ မကိုဋ်ကိုချွတ်လော့။ အရင်အတိုင်းနောက်မဖြစ်ရ၊ နိမ့်ကျရာကိုမြင့်မြတ်စေ၊ မြင့်မြတ်ရာကိုနိမ့်ကျစေ၊
27 ငါသည် မှောက်လှန်ခြင်း၊ မှောက်လှန်ခြင်း၊ မှောက်လှန်ခြင်းပြုမည်။ အာဏာပိုင်ရှင်ပေါ်ထွန်းလျက် ငါမအပ်မချင်း၊ အရင်အတိုင်း နောက်မဖြစ်ရချေဟု၊ ငါအရှင် ထာဝရဘုရားမိန့်ဆို၏။
28-29 အချင်းလူ့သား၊ အမ္မုန်အမျိုးသားတို့နှင့်လည်းေကာင်း၊ ချင်းတို့ကဲ့ရဲ့ခြင်းအမှုနှင့်လည်းေကာင်း၊ စပ်လျဉ်းသော၊ ငါအရှင်ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဟောပြောဆင့်ဆိုလော့။ ဓားတော် ရှိ၏။ အပြီးသတ်အပြစ်ဒဏ်ခံရာကာလ၌၊ ရက်တာစေ့သောလုပ်ကြံခံခဲ့ရာလူဆိုးတို့လည်ပေါ်တွင်၊ သင့်ကိုထပ်လဲစေခြင်းငှာ၊ သင့်အားမုသာဗေဒင်ဟောလျက်၊ အချည်းနှီးမြော်မြင်ကြစဉ်ပင်၊ ဓားတော်သည် လုပ်ကြံရန်ချွတ်ခြင်း၊ လျှပ်စစ်သဖွယ်လက်၍ မျိုစားရန်တိုက်ပွတ်ခြင်းခံခဲ့ပြီတကား။
30 ဓားအိမ်သို့ပြန်ဝင်စေ၊ ဖွားမြင်ရာပြည်၊ ဖန်ဆင်းထားရာ အရပ်တွင်ပင်၊ သင့်ကိုငါတရားစီရင်လျက်၊
31 အမျက်တော်ကိုသွန်းလောင်းခြင်း၊ ဒေါသမီးကိုမှုတ်ခြင်းပြု၍၊ ဖျက်ဆီးတတ်သောရက်စက်သူတို့လက်တွင်းသို့အပ်နှင်းမည်။
32 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ နေပြည်တွင်သွေးသွန်းခံသောသင်သည်၊ လောင်စာဖြစ်လျက်၊ နောင်သတိရကြတော့မည်မဟုတ်ဟုဆင့်ဆိုလော့ဟူ၍တည်း။