12
1 တစ်ဖန်၊ ငါသို့ရောက်လာသော ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
2 အချင်းလူ့သား၊ ပုန်ကန်သောသဘောအလိုက်၊ မျက်စိရှိလျက်မမြင်၊ နားရှိလျက်မကြားဘဲ၊ ပုန်ကန်လေ့ရှိသောလူမျိုးတို့ဘောင်တွင် သင်နေသည်တကား။
3 သို့ဖြစ်၍၊ အချင်းလူ့သား၊ သင့်ပရိက္ခရာကို ရွှေ့ပြောင်းရန်ပြင်ဆင်လျက်၊ နေ့အခါ၊ သူတို့မျက်မှောက်တွင်၊ ရွှေ့ပြောင်းလော့။ ကိုယ့်နေရာမှတစ်နေရာသို့၊ သူတို့မျက်မှောက်တွင် ရွှေ့ပြောင်းလျှင်၊ ပုန်ကန်သော သဘောရှိသည်ကို သိကောင်းသိကြလိမ့်မည်။
4 သင်သည်၊ နေ့အခါ၊ သူတို့မျက်မှောက်တွင်၊ သိမ်းရာပါပစ္စည်းဖြစ်သကဲ့သို့၊ သင့်ပရိက္ခရာကိုထုတ်လျက်၊ သိမ်းသွားခံသူတို့ထွက်ရသည့်နည်းတူ၊ ညဉ့်ဦးအချိန်၊ သူတို့ မျက်မှောက်တွင်ထွက်ရမည့်ပြင်၊
5 မျက်မှောက်တွင်ပင်၊ မြို့ရိုးကိုထုတ်ချင်းပေါက်ထွင်းလျက်၊ ပရိက္ခရာများကိုထုတ်သွားလော့။
6 ဣသရေလအမျိုးသားတို့ရှေ့၊ သက်သေလက္ခဏာအဖြစ်၊ သင့်ကိုငါခန့်ထားပြီးဖြစ်သော ကြောင့်၊ မြေကိုမမြင်အောင်မျက်နှာဖုံးလျက်၊ မှောင်ကျမှထုတ်ပြီးလျှင်၊ ချင်းတို့ မျက်မှောက်တွင် ထမ်းသွားလော့ဟုမိန့်မှာတော်မူသည့်အတိုင်း၊
7 ငါလိုက်နာ၍၊ သိမ်းရာပါပစ္စည်းဖြစ်သကဲ့သို့၊ ပရိက္ခရာကို၊ နေ့အခါထုတ်ပြီးလျှင်၊ ညဉ့်ဦးအချိန်မြို့ရိုးကိုကိုယ့်လက်ဖြင့်ထုတ်ချင်းပေါက်ထွင်းလျက်၊ မှောင်ကျမှထုတ်သော ပရိက္ခရာကို၊ သူတို့မျက်မှောက်တွင်ပင်၊ ထမ်းသွား၏။
8 နောက်နံနက်၌၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
9 အချင်းလူ့သား၊ ပုန်ကန်ခြင်းသဘောရှိသောဣသရေလလူမျိုးတို့က၊ မည်သို့ပြုလုပ်သနည်းဟူ၍ မေးကြပြီမဟုတ်လော။
10 သင်ကလည်း၊ ထိုတင်ဝန်သည်၊ ယေရုရှလင်မြို့ရှိမင်းမှစ၍၊ အပေါင်းပါဣသရေလအမျိုးသားတို့နှင့် စပ်ဆိုင်ကြောင်း၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ဟူ၍လည်းေကာင်း၊
11 သင်တို့ရှေ့သက်သေလက္ခဏာအဖြစ်၊ ငါပြုသည့်နည်းတူ၊ သူတို့သည် သုံ့ပန်းသိမ်းသွားခံရကြလျက်၊
12 အုပ်စိုးသောမင်းလည်း၊ ထုတ်သွားခွင့်ရရန်၊ ထုတ်ချင်းပေါက်ထွင်းနှင့်ကြပြီ။ မြို့ရိုးမှမှောင်ကျရာ၌ထမ်းဆောင်ထွက်သွားလျက်၊ မြေကိုကိုယ့်မျက်စိဖြင့်မမြင်နိုင်သောကြောင့်၊ မျက်နှာဖုံးလိမ့်မည်ဟူ၍လည်းေကာင်း၊ ဆင့်ဆိုလော့။
13 ငါလည်း ပိုက်ကွန်တော်ကိုဖြန့်ချသည့်အလျောက်၊ အုပ်မိသောထိုမင်းကို ခါလဒဲပြည်ဗာဗုလုန်မြို့သို့ယူသွားမည်။ ၎င်းပြည်ကို မြင်ခွင့်မရဘဲ သေရလတ္တံ့။
14 ခြံရံစစ်ကူသူအပေါင်းတို့ကို၊ တပ်များနှင့်တကွ၊ အရပ်လေးမျက်နှာလေ၌လွှင့်ပြီးနောက်၊ ဓားတော်ကိုထုတ်သဖြင့်၊
15 လူအမျိုးမျိုးအပြည်ပြည်တွင်၊ အနှံ့အပြားကွဲလွင့်ကြသည့်ကာလ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း၊ သူတို့သိရကြလတ္တံ့။
16 သို့ရာတွင်၊ ဝင်ရောက်၍နေရာလူမျိုးခြားတို့၌၊ ရွံရှာဖွယ်အမှုများကို ဖော်ပြကြအံ့သောငှာ၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များမှ၊ လူအနည်းငယ်ကို ငါခြွင်းထားသဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း၊ လူတို့သိရကြလတ္တံ့ဟူ၍တည်း။
17 ငါသို့ရောက်ပြန်သော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊
18 အချင်းလူ့သား၊ သင့်အစာကို တုန်လှုပ်လျက်၊ ရေကို ကြောင့်ကြကြောက်လန့်လျက် စားသောက်၍၊
19 ပြည်သားချင်းတို့အား ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သူ ဣသရေလပြည်သားတို့သည်၊ ချင်းတို့ရက်စက်မှုများအတွက်၊ အစာကို ကြောင့်ကြလျက်၊ ရေကိုအံ့အား သင့်လျက် စားသောက်ရကြမည်။ တစ်ပြည်လုံးလည်း၊ ပေါက်ရောက်သမျှပါ၊ ဖုန်းဆိုးကုန်းဖြစ်လတ္တံ့။
20 လူနေမြို့ရွာများသည်ဆိတ်ညံရာ၊ ပြည်လည်းဖုန်းဆိုးကုန်းဖြစ်သဖြင့်၊ ထာဝရဘုရားငါဖြစ်သည်ကို၊ သင်တို့သိရကြလတ္တံ့ဟု၊ ထိုသူတို့အားရည်လျက်၊ အရှင်ထာဝရ ဘုရားမိန့်တော်မူကြောင်းဆင့်ဆိုလော့ဟူ၍တည်း။
21 ငါသို့ရောက်ပြန်သော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊
22 အချင်းလူ့သား၊ နေ့ရက်ကာလရှည်လျား၍၊ ရူပါရုံဟူသမျှ ပျက်ယွင်းပြီဟု၊ ဣသရေလပြည်၌ဆိုရိုးကား၊ အသို့နည်း။
23 သို့နှင့်အညီ၊ ထိုဆိုရိုးကို ဣသရေလလူမျိုးတို့ ဆက်လက်မသုံးရအောင်၊ ငါပြတ်စဲစေမည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ဟူ၍လည်းေကာင်း၊ နေ့ရက်ကာလနီးလျက်၊ ရူပါရုံဟူသမျှပြည့်လုပြီဟူ၍လည်းေကာင်း၊ ဆင့်ဆိုလော့။
24 ဣသရေလအမျိုးသားတို့တွင်၊ အကျိုးမဲ့ရူပါရုံ၊ မြှောက်ပင့်သောအဟောရှိတော့မည်မဟုတ်။
25 အသို့ဆိုသော်၊ ငါထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူမည်။ ဗျာဒိတ်တော်ချက်လည်း၊ မနှောင့်မနှေးဘဲအတည်ဖြစ်လိမ့်မည်။ အိုပုန်ကန်လေ့ရှိသောအဆက်၊ သင်တို့ ေခတ်၌ပင်၊ ဗျာဒိတ်တော်ကိုပေးလျက် အတည်ပြုမည်ဟု၊ ငါအရှင်ထာဝရဘုရားမိန့်တော်မူသည်ဟူ၍တည်း။
26 ငါသို့ရောက်ပြန်သော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊
27 အချင်းလူ့သား၊ ဣသရေလအမျိုးသားတို့က၊ ထိုဆရာမြော်မြင်ရာရူပါရုံ၊ ဟောပြောရာအချက်များသည်၊ ဝေးကွာလှသောနေ့ရက်ကာလနှင့်စပ်ဆိုင်သည်ဟု ဆိုလေ့ ရှိသောကြောင့်၊
28 ငါပေးသောဗျာဒိတ်တော်တစ်ချက်မျှမနှောင့်မနှေးဘဲ၊ အတည်ဖြစ်မည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။