9
၎င်းပြင်၊ ဖြောင့်မတ်သူ၊ ပညာရှိသူတို့နှင့်တကွ ပြုလုပ်မှုများပါ၊ ဘုရားသခင်လက်တော်၌ ရှိကြသည်နှင့်အညီ၊ ဖြစ်ပျက်သမျှသည်၊ နောင်၌ရှိသေးသောကြောင့်၊ ချစ်ခင် မည်ကိုလည်း‌ေကာင်း၊ မုန်းထားမည်ကိုလည်း‌ေကာင်း၊ လူတို့မသိရသော အကြောင်းအရာခပ်သိမ်းကို ဖော်ပြရန်၊ ငါနှလုံးသွင်း၏။ လူခပ်သိမ်း၌၊ အဖြစ်အပျက်ရှိသမျှတူ၏။ လူကောင်းလူဆိုးတို့၌လည်း‌ေကာင်း၊ သူတော်ကောင်းမှစ၍၊ စင်ကြယ်သူ၊ မစင်ကြယ်သူတို့၌လည်း‌ေကာင်း၊ ပူဇော်သက္ကာဆက်ကပ်သူ၊ မဆက် ကပ်သူတို့၌လည်း‌ေကာင်း၊ အဖြစ်အပျက်တစ်မျိုးတည်း သင့်ရောက်တတ်၏။ သူတော်ကောင်းသည်၊ အပြစ်သားနှင့်လည်း‌ေကာင်း၊ သစ္စာထားသူသည်၊ မထားဝံ့သူနှင့်လည်း‌ေကာင်း၊ တူ၏။ နေအောက်တွင် သင့်ရောက်သော ဘေးဟူမူကား၊ လူရှိသမျှ၌ထိုသို့သောအဖြစ်အပျက်တစ်မျိုးတည်းဖြစ်သတည်း။ ၎င်းပြင်လူ့သားတို့သည်၊ စိတ်နှလုံးဆိုးသွမ်းခြင်းနှင့်ပြည့်သည့်အတိုင်း၊ အသက်ရှင်စဉ်တွင် ရူးသွပ်သောသဘောရှိ၏။ ထို့နောက် သေဆုံးရကြ၏။ အသက်ရှင်သောလူ့ဘောင်၌အပါအဝင်ဖြစ်သူသည်၊ စောင့်မြော်ရန်အကြောင်းရှိ၏။ ရှင်သောခွေးသည်၊ သေသောခြင်္သေ့ထက်ကောင်း၏။ အဘယ့်ကြောင့်ဆိုသော်၊ သူရှင်တို့သည် သေကြရမည်ကိုသိ၏။ သူသေတို့မူကား၊ မည်သည်ကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူတို့ကိုမေ့လျော့တတ်ကြ၏။ ထိုသူတို့အချင်းချင်းချစ်ခင်ခြင်း၊ မုန်းထားခြင်း၊ ငြူစူခြင်းများပျက်ပြီးဖြစ်၍၊ နေအောက်တွင် ပြုလုပ်သမျှအတွက်၊ မည်သည့်အခါမျှအကျိုးဆက်မခံကြရချေ။
သင်ပြုသောအမှုအရာများကို၊ ဘုရားသခင်နှစ်သက်တော်မူသောကြောင့်၊ ရွှင်လန်းသောစိတ်နှင့်စားဖွယ်သောက်ဖွယ်ကို၊ သွား၍ အားရစွာစားသောက်လော့။ ဦးခေါင်းတွင်ဆီမွှေးလိမ်းကျံလျက်၊ ဖြူစင်သောအဝတ်ကို အမြဲဝတ်ဆင်လော့။ နေအောက်တွင်ပေးသနားတော်မူသော၊ အချည်းအနှီးအသက်ရှည်သမျှအတွင်း၊ ချစ်ခင်သည့်ကြင်ဘက် နှင့်အတူမွေ့လျော်နေထိုင်လော့။ ဤသည်ကား၊ နေအောက် တွင်အသက်ရှင်စဉ်၊ ကြိုးပမ်းစွာ လုပ်ကိုင်သမျှသောအကျိုးဆက်ဖြစ်သတည်း။ 10 သင်သွားရောက်မည့်မရဏနိုင်ငံ၌၊ အပြုအမူ၊ အကြံအစည်၊ အသိပညာ၊ ဉာဏ်ပညာ မရှိသည်ကို ထောက်သဖြင့်၊ လက်ရှိအလုပ်ကိုတတ်နိုင်သမျှလုပ်ဆောင်လော့။
11 ထို့နောက်၊ အချိန်စေ့ခြင်း၊ ဖြစ်ပျက်ခြင်းများကို၊ လူရှိသမျှတွေ့ကြုံတတ်သည်ဖြစ်၍၊ လျင်သောသူသည်အပြေးသာခြင်း၊ သူရဲကောင်းသည် စစ်အောင်ခြင်း၊ ပညာရှိ သည် စားသောက်ခြင်း၊ ဉာဏ်ကောင်းသူသည် ကြွယ်ဝခြင်း၊ လိမ္မာသူသည် မျက်နှာရခြင်းများကိုမခံရကြောင်း၊ နေအောက်တွင် ငါသိမြင်၏။ 12 လူသည် အချိန်ေစ့ရောက်မည်ကို မသိ၊ ကြမ်းကြုတ်သောကွန်၌ အုပ်မိသောငါး၊ ညွှတ်ကွင်းတွင်မိသောငှက်ကဲ့သို့ပင်၊ လူ့သားတို့လည်း ရုတ်ခြင်းသင့်သောကပ်ဆိုး အတွင်း၊ ဖမ်းဆီးခံရကြ၏။
13 နေအောက်တွင် ပညာရှိခြင်းကို ငါတွေ့၍၊ ချီးမွမ်းဖွယ်ထင်မြင်သည်ကား၊ လူနည်းသောမြို့ငယ်ရှိ၍၊ 14 ကြီးမြင့်သောဘုရင်တစ်ပါးသည် ချီလာပြီးလျှင်၊ ထိုမြို့ပတ်ဝန်းကျင်၌ ခိုင်ခံ့စွာကတုတ်တည်ထားရာ၊ 15 ၎င်းမြို့တွင် ပညာရှိဆင်းရဲသားတစ်ယာက်ကိုတွေ့သဖြင့်၊ သူ့ပညာအစွမ်းနှင့် ကယ်လွှတ်လေ၏။ သို့ရာတွင် ထိုပညာရှိဆင်းရဲသားကို မည်သူမျှသတိမရချေ။ 16 သို့ဖြစ်၍ ငါက၊ ဉာဏ်ပညာသည် ခွန်အားဗလထက်၊ ထက်မြက်သော်လည်း၊ ဆင်းရဲသူ၏ ပညာကိုမူကား၊ မထီမဲ့မြင်ပြုတတ်သည့်ပြင်၊ စကားကိုလည်းအလေးမမူကြ။
17 လူမိုက်တို့တွင် မင်းဖြစ်သူ့ အော်ဟစ်သံထက်၊ ပညာရှိတို့၏ နူးညံ့သိမ်မွေ့သောစကားများ ကို အလေးမူတတ်ကြ၏။ 18 ဉာဏ်ပညာသည် စစ်လက်နက်ထက်၊ ထက်မြက်သော်လည်း၊ အပြစ်သားတစ်ဦးသည် များစွာသော အကျိုးကိုယုတ်စေတတ်၏။