11
ရှည်လျားသော နေ့ရက်အတွင်း ပြန်တွေ့မည်ကိုထောက်၍၊ သင့်အစာကို ရေမျက်နှာပြင်၌ ပစ်ချလော့။ မြေပေါ်တွင် မည်သည့်အမှုရောက်မည်ကို မသိသောကြောင့်၊ ခုနစ်ပုံ၊ မုချဆိုသော်၊ ရှစ်ပုံခွဲ၍ဝေမျှလော့။ တိမ်တိုက်များသည် ရေနှင့်ပြည့်လျှင်၊ မြေပေါ်သို့ သွန်းချတတ်သည့်နည်းတူ၊ သစ်ပင်လည်းတောင်မျက်နှာသို့ဖြစ်စေ၊ မြောက်မျက်နှာသို့ဖြစ်စေ၊ လဲရာအရပ်တွင် တည်နေတတ်၏။ လေကိုအရေးပြုတတ်သူသည် မျိုးကြဲခြင်း၊ မိုးကို ဂရုစိုက်တတ်သူလည်း ကောက်ရိတ်ခြင်းကို မပြုရချေ။ လေသွားရာလမ်းကိုလည်း‌ေကာင်း၊ သန္ဓေတည်သောဝမ်းတွင်း အရိုးရှိနည်းကိုလည်း‌ေကာင်း၊ မသိနိုင်ကြသည့်နည်းတူ၊ အရာခပ်သိမ်းစီရင်တော်မူသောဘုရားသခင်၏ အမှုအရေးတော်ကိုမသိနိုင်။ မည်သည့်အရာက အကျိုးရှိမည်ကိုလည်း‌ေကာင်း၊ နှစ်နည်း‌လုံး‌ပင်‌အညီအမျှအကျိုးရှိမည်ကိုလည်း‌ေကာင်း မသိသည်ဖြစ်၍၊ နံနက်အချိန်မျိုးကြဲလျက်၊ ညဉ့်ဦးအချိန်တိုင်လက်မချနှင့်။ အလင်းသည် မုချကောင်း၏။ နေရောင်နှင့် စက္ခုတွေ့ထိခြင်းလည်းသာယာ၏။ မုချအားဖြင့်လူသည်၊ နှစ်ကာလရှည်လျားစွာအသက်ရှင်လျှင်၊ တစ်သက်ပတ်လုံးရွှင်လန်းပါလေစေ။ သို့ရာတွင်၊ မှောင်ကျသော နေ့ရက်များရှိအံ့ဖြစ်၍၊ ထိုနေ့ရက်ကိုလည်း သတိမူပါလေစေ။ ဖြစ်လတ္တံ့သမျှသည် အနတ္တတည်း။
အချင်းလုလင်၊ နုပျိုခြင်းကြောင့်ဝမ်းမြောက်လျက်၊ ပျိုရွယ်သောကာလ၌ စိတ်ရွှင်လန်း၍၊ မျက်စိမြင်သည့်အလျောက်၊ စိတ်ရှိရာလမ်းလျှောက်လော့။ သို့ရာတွင် ထိုအရာရှိသမျှနှင့်စပ်လျဉ်း၍၊ သင့်ကိုဘုရားသခင်စီရင်ဆုံးဖြတ်တော်မူမည်ကိုသိမှတ်လော့။ 10 ၎င်းပြင်၊ ပျိုရွယ်ခြင်းနှင့်အင်အားရှိခြင်းများသည် အနတ္တဖြစ်သောကြောင့်၊ စိတ်နှလုံးမှပူဆွေးခြင်း၊ ကိုယ်ခန္ဓာမှ နာကျင်ခြင်းအကြောင်းကို၊ ပယ်ရှားလော့။