31
၎င်းနောက် မောရှေသည် ဣသရေလတစ်မျိုးလုံးအား သွားရောက်မိန့်ဆိုသည်ကား၊ ငါသည်ယနေ့အသက်တစ်ရာ့နှစ်ဆယ်ပြည့်၍၊ ချီဝင်ခြင်း၊ ချီထွက်ခြင်းကို ဆက်လက်ပြုနိုင်တော့ မည်မဟုတ်။ ထာဝရဘုရားကလည်း ဤယော်ဒန်မြစ်ကို မကူးရဟု မြစ်တားတော်မူပြီးဖြစ်၏။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ဦးဆောင်ကူးကြွလျက်၊ တိုက်ယူခွင့်ကို သင်တို့ရကြ အံ့သောငှါ၊ ထိုလူမျိုးခြားတို့ကို ပယ်ရှားတော်မူလိမ့်မည်။ ယောရှုလည်း၊ ထာဝရဘုရား ကတိတော် အတိုင်းဦးတည်ကူးချီရာ၊ ထာဝရဘုရားသည် ပယ်ရှားတော်မူသောအာမောရိပြည့်ရှင်ရှိဟုန်မင်း၊ သြဃမင်းတို့၌ ပြည်နိုင်ငံပါ၊ စီရင်တော်မူခဲ့ သည့်နည်းတူ၊ ထိုလူမျိုးခြားတို့အား စီရင်လျက် သင်တို့ရှေ့အပ်နှင်းတော်မူသည်နှင့် ငါမိန့်မှာသမျှပညတ်အတိုင်း သင်တို့ပြုကြရမည်။ ကြောက်ရွံခြင်း၊ အံ့အားသင့်ခြင်းကင်းလျက်၊ အားယူ၍ရဲရင့်ကြလော့။ အတူချီကြွတော်မူသော သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုမည်သည့်အခါမျှ စွန့်ထားတော်မူမည်မဟုတ်ဟု မိန့်ဆိုပြီးနောက် မောရှေသည်ယောရှုကိုခေါ်လျက်၊ ဣသရေလတစ်မျိုးလုံးမျက်မှောက်တွင်မှာထားသည်ကား အားယူ၍ရဲရင့်လော့။ ဘိုးဘေးတို့အားပေးရန် ထာဝရဘုရားသစ္စာဆိုတော်မူခဲ့သောပြည်ကို ဤလူမျိုး နှင့်တကွ ဝင်သွားသဖြင့် အပိုင်ပေးခွင့်ရလိမ့်မည်။ အတူကြွလျက် ဦးဆောင်တော်မူသောထာဝရဘုရားသည် သင့်ကိုမည်သည့်အခါမျှ စွန့်ထားတော် မမူသောကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းလော့ဟူ၍တည်း။
မောရှေသည်၊ ဤပညတ်တရားကို ရေးသားပြီးလျှင် ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို ပင့်ဆောင်ရသောလေဝိအနွယ်သား ပရောဟိတ်တို့နှင့် ဣသရေလလူကြီးအပေါင်းတို့အား လွှဲအပ် လျက်၊ မိန့်ဆိုသည်မှာ ခုနစ်နှစ်လျှင်တစ်ကြိမ်၊ 10-13 လွတ်ငြိမ်းရာသတ္တမနှစ်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားထံ၊ ရွေးချယ်တော်မူမည့်ဌာန၌၊ ဣသရေလတစ်မျိုးလုံးဖူးမြော်ကြရာ တဲနေပွဲအခါသမယတွင် ယောက်ျား၊ မိန်းမ၊ သူငယ်တို့မှစ၍ သင်တို့မြို့ရွာများအတွင်း ဝင်နေသူတို့ပါ၊ နားထောင်သင်ကြားသဖြင့် သင်တို့ဘုရားသခင်ထာဝရ ဘုရားအားခန့်ညားလျက်၊ ဤပညတ်တရားချက်အလုံးစုံကို စောင့်ရှောက်လိုက်နာကြအံ့သောငှါလည်းေကာင်း၊ မကြားမသိဘူးသောသားသမီးတို့လည်း၊ ယော်ဒန်မြစ်ကိုကူးချီ၍ ပိုင်ရမည့်ပြည်တွင် နေထိုင်သမျှ ကာလပတ်လုံး၊ နားထောင်သင်ကြားသဖြင့်၊ သင်တို့ဘုရားသခင်ထာဝရဘုရားအား ခန့်ညားကြအံ့ သောငှါလည်းေကာင်း၊ လူပရိသတ်ကိုစုရုံးလျက်၊ ဤပညတ်တရားကို တစ်မျိုးလုံးရှေ့ဖတ်ရွတ်ကြလော့ဟူ၍ တည်း။
14 ထိုနောက် မောရှေအား ထာဝရဘုရားက၊ သင်သေချိန်နီးပြီဖြစ်သောကြောင့်၊ ငါခန့်ထားအံ့ သောငှါ ယောရှုကိုခေါ်၍၊ တွေ့ဆုံရာတဲတော်အတွင်း နှစ်ဦးလုံးခစားကြလော့ဟု မိန့်တော်မူသည့် အတိုင်း၊ မောရှေနှင့်ယောရှုတို့သည် တွေ့ဆုံရာတဲတော်တွင်းသို့ ဝင်ရောက်ခစားကြရာ၊ 15 တဲတော်အတွင်း၊ မုတ်ဝအနီးတည်လာသောတိမ်တိုင်၌ ထာဝရဘုရားထင်ရှား၍၊ မောရှေအား မိန့်တော်မူသည်မှာ၊ 16 ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက် ဤလူမျိုးသည် ဝင်ရောက်နေထိုင်ရာပြည်ရှိ ခြား နားသောဘုရားများနှင့် ထကြွမှားယွင်းလျက်၊ ငါ့ကိုစွန့်ပယ်၍ ငါဖွဲ့ခဲ့သောပဋိညာဉ်တော်ကို ဖောက်ကျော်ကြလိမ့်မည်။ 17 ထိုကာလငါသည်၊ အမျက်တော်ထားသဖြင့် ထိုသူတို့ကိုစွန့်ပယ်လျက် မျက်နှာတော်လွှဲသည့်အတိုင်း၊ တွေ့ကြုံကြရသောဘေးဒုက္ခများကြောင့် ပျက်စီးရသူထိုလူမျိုးက၊ ငါတို့ဘုရားသခင်ပါရှိ တော်မမူသည့်အတွက် ဤဘေးတွေ့ကြပြီမဟုတ်တုံလောဟု အောက်မေ့ကြလိမ့်မည်။ 18 အခြားဘုရားများသို့ လွှဲသွားလျက် ပြုကျင့်ကြသောဆိုးသွမ်းမှုကို ထောက်၍ ထိုကာလ၌ မျက်နှာတော်ကိုမုချငါလွှဲလိမ့်မည်။ 19 သို့ဖြစ်၍ ဤသီချင်းကို ရေးသားလျက်၊ ဣသရေလအမျိုးသားတို့တစ်ဘက်၌ ငါ့သက်သေအဖြစ် နှုတ်ငုံရအောင် ထိုသူတို့အား သွန်သင်လော့။ 20-21 အသို့ဆိုသော်၊ သစ္စာဆိုခဲ့သောပြည်သို့ မသွင်းဆောင်မီ၊ ယခုကပင်၊ လေ့လာကြသောအကြံ အစည်များကို ငါသိသည့်အတိုင်း၊ ဘိုးဘေးတို့အား သစ္စာဆိုခဲ့သော နို့ရည်ပျားရည်လွှမ်းစီးရာ ပြည်သို့ ငါဆောင်သွင်းပြီးလျှင်၊ ဆူဖြိုးအောင်ဝစွာစားသောက်သော ထိုလူမျိုးသည် အခြားဘုရားများကို လွှဲ သွားဝတ်ပြုလျက် ငါ့ကိုမထီလေးစားပြု၍ ပဋိညာဉ်တော်ကို ဖောက်ကျော်မည့်အလျောက် ဘေးဒုက္ခ များတွေ့ကြုံကြသည့်ကာလ ၎င်းတို့အဆက်အနွယ်နှုတ်ငုံဆောင်သောဤသီချင်းသည် 22 မျက်မှောက်ထင်ထင်သက်သေဖြစ်လိမ့်မည်ဟု မိန့်တော်မူသောနေ့ချင်းတွင် မောရှေသည် ဤသီချင်းကိုရေးတင်လျက် ဣသရေလအမျိုးသားတို့အား သွန်သင်လေ၏။ 23 နုန့်သားယောရှုကိုခန့်ထားတော်မူလျက်၊ သစ္စာဆိုခဲ့သောပြည်သို့ ဣသရေလအမျိုးသားတို့ကို သင်ဆောင်သွင်းရာ ငါပါရှိမည်ဖြစ်သောကြောင့် အားယူ၍ရဲရင့်လော့ဟု ဆင့်ထပ်လေ၏။
24 မောရှေသည် ဤပညတ်တရားချက်များကို ကျမ်းပြု၍ အပြီးသတ်ရေးသားပြီးမှ၊ 25 ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို ပင့်ဆောင်ရသော လေဝိဂိုဏ်းသားတို့အား မှာထား သည်ကား 26 သင်တို့တစ်ဘက်၌သက်သေအဖြစ်၊ ဤပညတ္တိကျမ်းကိုယူ၍၊ သင်တို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်တော်သေတ္တာအနီးသိုထားကြလော့။ 27 ငါသည် သင်တို့ပုန်ကန်ခြင်း၊ နှလုံးခဲယဉ်းခြင်းများကို သိလှလေစွ။ ယခုငါအသက်ရှင်၍ ပါရှိလျက်ပင်၊ ထာဝရဘုရားကို ပုန်ကန်လေ့ရှိကြပြီ။ ငါသေလျှင်မူကား၊ သာ၍ပုန်ကန်ကြလိမ့်မည်။ 28 သင်တို့အနွယ်လူကြီးနှင့် ဗိုလ်မှူးတို့တစ်ဘက်၌ သက်သေများအဖြစ် မိုးကောင်းကင်နှင့် မြေပထဝီကို ငါခေါ်၍ ဤအချက်များကို ပြန်ကြားရအံ့သောငှါ၊ ထိုသူအပေါင်းတို့ကို စုရုံးစေကြလော့။ 29 ငါသေပြီးနောက် သင်တို့သည် မုချမှားယွင်း၍ ငါဆင့်ဆိုသောနည်းလမ်းမှလွှဲသွားကြမည့် အကြောင်းကိုလည်းေကာင်း၊ ထာဝရဘုရားရှေ့အဆိုးပြုလျက် အမှုအရေးများဖြင့် အမျက်တော်တိုက်ကြ သောကြောင့်၊ နောင်ကာလ၌ဘေးသင့်ရောက်မည့်အကြောင်းကိုလည်းေကာင်း၊ ငါသိသည်ဟူ၍တည်း။
30 မောရှေသည်၊ ဣသရေလတစ်မျိုးလုံး အစည်းအဝေးရှေ့၊ သီချင်းဖွဲ့ဆိုချက်များကို အပြီး သတ်မြွက်ဆိုသည်ကား၊