25
1 အကယ်၍ လူနှစ်ဦးအမှုရှိလျက် တရားဆိုင်ကြရာ၊ ဆုံးဖြတ်ရသောတရားသူကြီးတို့သည် ဖြောင့် သူ့ကိုလွှတ်၍ ဆိုးသူ့ကိုအပြစ်စီရင်သည်နှင့်အညီ၊
2-3 ဆိုးသူကြိမ်ဒဏ်ခံထိုက်လျှင် အရေအတွက်အချက်လေးဆယ်ထက်မလွန်ဘဲ၊ ဆိုးသွမ်းမှုနှင့် ထိုက်သင့်သမျှ၊ မှောက်ခံရသောထိုလူဆိုးကို၊ ကိုယ့်မျက်မှောက်တွင်ပေးကြစေ။ ဒဏ်ချက်များစွာ ပိုလွန်၍ခတ်သော်၊ ဆွေမျိုးသားချင်းကို ရှုတ်ချရာရောက်လိမ့်မည်။
4 စပါးနင်းနယ်သောနွားကို၊ ပါးချုပ်တပ်၍မထားရ။
5 အကယ်၍အတူနေညီအစ်ကိုတို့အနက်၊ တစ်ဦးသည် သားမရှိဘဲသေလျှင်၊ မုဆိုးမသည် အိမ်ထောင်သားချင်းပြင်၊ မဆိုင်သူနှင့်အိမ်ထောင်မပြုရ။ ၁ 25.5 ပါဠိေတာ်၌ - မတ်နှင့်ခဲအို၊ ဟူ၍မကဲွပြား။မတ်သည်၊ မတ်ဝတ်အတိုင်း အိမ်ထောင် ပြုလျက် ဝင်ထွက်ရသဖြင့်၊
6 ဣသရေလလူမျိုးမှ အစ်ကို့အမည်မကျေပျောက်စေခြင်းငှါ၊ ဖွားမြင်သောသားဦးသည်၊ သေလွန်သူ၏အမည်ရိုက်ရာကိုဆက်ခံစေ။
7 မတ်ကအိမ်ထောင်မပြုလိုလျှင်၊ မရီးသည် မြို့ရွာလူကြီးတို့ရှိရာတံခါးဝအနီးသို့သွားလျက်၊ ဣသရေလလူမျိုးတွင် အစ်ကို့အမည်တည်စေအံ့သောငှါ၊ ကျွန်တော်မ၌မတ်ဝတ်ကိုမပြုလို၊ ငြင်းဆို ပါသည်ဟု လျှောက်ထားသည့်အတိုင်း၊
8 လူကြီးတို့ခေါ်ငင်မေးမြန်းကြရာ၊ မတ်က၊ ကျွန်တော်သည်မရီးနှင့်အိမ်ထောင်မပြုလိုပါဟု အခိုင်အမာငြင်းပယ်သော်၊
9 မရီးသည်၊ လူကြီးတို့ရှေ့ချဉ်းလာ၍၊ မတ်၏ဖိနပ်ကိုချွတ်ခြင်း၊ မျက်နှာကိုတံတွေးထွေးခြင်းပြု လျက်၊ အစ်ကို၏အိမ်ထောင်မတည်လိုသော သူတိုင်း၌ ထိုသို့ပြုကြပါစေသောဟု ကျိန်ဆိုသည့် အလျောက်၊
10 ဖိနပ်ချွတ်ခံရသောသူ၏အိမ်ထောင်ဟူ၍ ဣသရေလဘောင်တွင် အမည်တွင်စေ။
11 အကယ်၍ လူနှစ်ဦးသတ်ပုတ်လုံးထွေးကြရာ၊ တစ်ဦး၏မယားသည် ရန်ဘက်လက်မှ ကိုယ့်လင်လွတ်စေရန် ချဉ်းဝင်လျက်၊ ငယ်ပါကိုကိုင်ဆွဲလျှင်၊
12 မျက်စောင်းဖြင့်မညှာတာဘဲ လက်ဖြတ်ဒဏ်ပေးကြလော့။
13 သင်တို့အိတ်၌အလေးကြီးငယ်ကိုမထားရ။
14 အိမ်၌လည်း တင်းကြီးငယ်ကိုမထားရ။
15-16 ထိုသို့ထားလျက် စဉ်းလဲသူအပေါင်းတို့သည် သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ ရွံရှာဖွယ် ဖြစ်သောကြောင့်၊ ပေးသနားတော်မူသောပြည်တွင် တာရှည်ခွင့်ရကြအံ့သောငှါ၊ မှန်ကန်သောအလေး ကောင်း၊ တင်းကောင်းကိုသာ ထားကြရမည်။
17-18 အိဂျစ်ပြည်မှထွက်လာကြရာ ခရီးအကြားတွင် သင်တို့ပင်ပန်းမောဟိုက်ကြစဉ် ဆီးဆို့၍၊ ဘုရားသခင်အား မခန့်ညားဘဲ၊ အားလျော့သောတပ်မြီးကို သတ်ဖြတ်သူအာမလက်အမျိုးသားတို့ကို သတိရလျက်၊
19 ပိုင်စုအဖြစ် သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်တွင် ပတ်ဝန်းကျင် အရပ်ရပ်မှ ရန်ငြိမ်းခွင့်ပေးတော်မူသည့်ကာလ၊ ထိုအရေးကိုမမေ့မလျော့ဘဲ အာမလက်ဟူသော အမှတ်ကို မိုးကောင်းကင်အောက်မှ ချေဖျောက်ကြလော့။