24
အကယ်၍လူတစ်ဦးသည်၊ မိန်းမကိုဆောင်ယူပေါင်းသင်းပြီးမှ၊ ရှက်ဖွယ်ရာကိုတွေ့လျက် မနှစ်သက်သဖြင့်၊ ဖြတ်စာရေးပေး၍အိမ်မှထုတ်ပြီးနောက်၊ ထွက်ခွာသောမိန်းမသည် အိမ်ထောင်ပြုပြန်သော်၊ နောက်လင်၊ မေတ္တာကုန်သဖြင့်ဖြတ်စာရေးပေးလျက်အိမ်မှထုတ်သော်လည်းေကာင်း၊ သေသော်လည်းေကာင်း။ အထက်ကွာထားသောလင်သည်၊ မသန့်ရာရောက်ပြီးသော ထိုမိန်းမကိုပြန်၍ မသိမ်းပိုက်ရ။ ထာဝရဘုရားရှေ့ရွံရှာဖွယ်ဖြစ်သောကြောင့် သင်တို့ဘုရားသခင်ထာဝရဘုရားအပိုင် ပေးတော်မူသောပြည်၌ ထိုအမှုဖြင့်ပြစ်ဒဏ်မသင့်စေကြလင့်။
အကယ်၍လူတစ်ဦးသည် မိန်မကိုဆောင်ယူလျှင်၊ တစ်နှစ်အတွင်းစစ်ချီခြင်း၊ အမှုထမ်းခြင်းကင်းလျက်၊ ဆောင်ယူသောမိန်းမရွှင်လန်းစေရန် အိမ်၌နေစေ။
ကြိတ်ဆုံကိုသော်လည်းေကာင်း၊ အထက်ကေျာက်သွားကိုသော်လည်းေကာင်း၊ အသက်မွေးရာဖြစ်သောကြောင့်။ အပေါင်မခံရ။
အကယ်၍ဆွေရင်းမျိုးချာဖြစ်သောဣသရေလအမျိုးသား တစ်စုံတစ်​ယောက်ကို လူတစ်ဦးခိုးသွား၍ကျွန်စေစားခြင်း၊ ရောင်းခြင်းပြုသည်ကိုတွေ့မိလျှင်၊ ထိုခိုးသူသေဒဏ်ခံစေ။ သို့မှသင်တို့ဘောင်တွင်ရှိသောဆိုးသွမ်းခြင်းကို ကျွမ်းလောင်ရာ ရောက်လိမ့်မည်။
8-9 နူနာအမှတ်လက္ခဏာရောက်သော်၊ အိဂျစ်ပြည်မှထွက်လာကြရာခရီးအကြားတွင်၊ မိရိအံအား သင်တို့ဘုရားသခင်ထာဝရဘုရားစီရင်တော်မူချက်ကို သတိရလျက်၊ ငါမိန့်မှာခဲ့သောလေဝိဂိုဏ်းသား ပရောဟိတ်တို့ သွန်သင်သမျှအလျောက် ဂရုပြု၍ စောင့်ရှောက်လိုက်နာပြုကျင့်ကြလော့။
10 အကယ်၍ သူတစ်ပါးအားတစ်စုံတစ်ရာကို ချေးငှါးလျှင်၊ ပေါင်နှံမည့်အရာကို သူ့အိမ်အတွင်းဝင်၍ မယူဘဲ၊ 11 ပြင်ပ၌ရပ်နေလျက် ချေးယူသူထုတ်ပေးစေ။ 12-13 သူဆင်းရဲဖြစ်က၊ အဝတ်ခြုံလျက်အိပ်ပျော်ရသည့်အတိုင်း၊ သင့်အပေါ်၌ကောင်းကြီးပေး စေရန် အပေါင်ခံပစ္စည်းကို ညဉ့်မသိပ်ဘဲ နေဝင်ချိန်ပြန်ပေးလော့။ ထိုသို့ပြုလျှင် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့ဖြောင့်မတ်မှုပြုရာရောက်လိမ့်မည်။
14 သင်တို့နေပြည်ရှိမြို့ရွာများအတွင်း၊ ဝင်နေသူဖြစ်စေ၊ ဆွေမျိုးသားချင်းဖြစ်စေ၊ ဆင်းရဲနွမ်းပါး သောသူရင်းငှါးကို မညှဉ်းပန်းရ။ 15 ဆင်းရဲသည့်အတွက် အခကိုစိတ်စွဲလမ်းသဖြင့်၊ ထာဝရဘုရားထံအော်ဟစ်ခြင်းကြောင့်၊ ပြစ်ဒဏ်သင့်မည်ကိုစိုး၍၊ နေမဝင်မီနေ့စဉ်ပေးလော့။
16 အဘသည်သား၏ပြစ်မှုကြောင့်လည်းေကာင်း၊ သားသည်အဘ၏ပြစ်မှုကြောင့်လည်းေကာင်း၊ သေဒဏ်မခံရ။ မည်သူမဆို ကိုယ့်ပြစ်မှုကြောင့်သာသေဒဏ်ခံစေ။
17 ဝင်နေသူ၊ ဘသက်ဆိုးတို့အမှုနှင့်စပ်၍ တရားလွှဲခြင်း၊ မုဆိုးမအဝတ်ကိုအပေါင်ခံခြင်း မပြု ကြရ။ 18 အိဂျစ်ပြည်တွင်ကျွန်ခံရသောသင်တို့ကို ကိုယ့်ဘုရားသခင်ထာဝရဘုရား ရွေးနုတ်တော်မူခဲ့ ကြောင်း အောက်မေ့ရသည်နှင့်အညီ ထိုသို့လိုက်နာကြရန် ငါမိန့်မှာသတည်း။
19 သင်တို့လယ်တွင် စပါးရိတ်သိမ်းကြသည့်ကာလ၊ ကောက်လှိုင်းမေ့ကျန်လျှင်၊ ပြုလေရာရာ၌ သင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူစေခြင်းငှါ၊ ပြန်၍မယူဘဲ ဝင်နေသူ၊ ဘသက်ဆိုး၊ မုဆိုးမတို့အဖို့ရှိစေ။ 20 သံလွင်သီးကို ရိုက်ခါကြပြီးလျှင်၊ အသီးကျန်ကိုမချွေမယူဘဲ ဝင်နေသူ၊ ဘသက်ဆိုး၊ မုဆိုးမ တို့အဖို့ရှိစေ။ 21 စပျစ်သီးကို ဆွတ်ခူးကြပြီးလျှင်၊ ကောက်သင်းမကောက်ဘဲ ဝင်နေသူ၊ဘသက်ဆိုး၊ မုဆိုးမ တို့အဖို့ရှိစေ။ 22 အိဂျစ်ပြည်တွင် သင်တို့ကျွန်ခံခဲ့ကြောင်း အောက်မေ့ရသည်နှင့်အညီ ထိုသို့လိုက်နာကြရန် ငါမိန့်မှာသတည်း။