22
1 ဆွေမျိုးသားချင်း၏နွား၊ သိုး၊ ဆိတ်လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ မျက်နှာမလွှဲဘဲ၊ အမှန်ပြန် ပို့ရမည်။
2 ပိုင်ရှင်ကိုမသိသော်လည်းေကာင်း၊ အနေဝေးသော်လည်းေကာင်း၊ ကိုယ့်အိမ်သို့မောင်းနှင်၍ ပိုင်ရှင်လိုက်ရှာလျက် အပ်နှံခွင့်မရမချင်း ထိန်းသိမ်းလော့။
3 ဆွေမျိုးသားချင်း၏ပျောက်သောမြည်းကိုသော်လည်းေကာင်း၊ အထည်ကိုသော်လည်းေကာင်း၊ အခြားတစ်စုံတစ်ရာကို သော်လည်းေကာင်း၊ သင်တွေ့လျှင်၊ မျက်နှာမလွှဲဘဲ၊ ထိုနည်းတူပြုလော့။
4 လမ်းခရီးတွင် ဆွေမျိုးသားချင်း၏မြည်းနွားဝပ်လဲသည်ကို တွေ့မြင်လျှင်၊ မျက်နှာမလွှဲဘဲ၊ မုချကူညီထောက်မလော့။
5 မိန်းမသည် ယောက်ျားဝတ်ဆင်ရာကိုလည်းေကာင်း၊ ယောက်ျားသည် မိန်းမဝတ်ဆင်ရာကိုလည်းေကာင်း၊ မဝတ် မဆင်ရ။ ဝတ်ဆင်လျှင် သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ရွံရှာဖွယ်ဖြစ်၏။
6 လမ်းအနီးသစ်ပင်ရှိ၊ မြေရှိသိုက်မြုံ၌၊ ဥအထက်ဖြစ်စေ၊ သားငယ်အထက်ဖြစ်စေ၊ ဝပ်နေသော ငှက်မကိုတွေ့ကြုံလျှင်၊ သားရောအမိပါမယူရ။
7 သားငယ်ကိုနှိုက်ယူသော်လည်း၊ ကောင်းစားလျက် တာရှည်ခွင့်ရအံ့သောငှါ၊ အမိကိုလွှတ်လော့။
8 တိုက်အိမ်သစ်ကိုတည်ဆောက်သည့်ကာလ၊ အမိုးမှလူကျသဖြင့် တိုက်အိမ်၌သွေးသွန်းပြစ် ရောက်မည်စိုး၍၊ စိန်တောင်ကိုကာလော့။
9 သင်တို့ကြဲရာမျိုးမှရသော အသီးအနှံ၊ စပျစ်သီးပါ သီးသန့်ရာဝတ္ထုဖြစ်မည်စိုး၍၊ စပျစ်ခြံတွင် မျိုးနှစ်မျိုးမကြဲရ။
10 နွားနှင့်မြည်းကိုဖက်၍ လယ်မလုပ်ရ။
11 သိုးချည်လျှော်ချည်နှစ်မျိုးရက်ထည်ကို မဝတ်ရ။
12 ခြုံထည်အမြိတ်လေးထောင့်၌ ပန်းပွားများကို လုပ်၍တပ်လော့။
13 အကယ်၍လူတစ်ဦးသည် မိန်းမကိုယူလျက်၊ ဝင်ထွက်ပြီးမှ မေတ္တာကုန်သည့်အတိုင်း၊
14 ငါယူသောဤမိန်းမထံဝင်သော်၊ ကညာစစ်လက္ခဏာကိုမတွေ့ဟူသော ပရိယာယ်စကားဖြင့် အသရေဖျက်လျှင်၊
15-17 ထိုမိန်းမ၏မိဘတို့သည် ကညာစစ်လက္ခဏာပါရှိသောအထည်ကို မြို့ရွာလူကြီးတို့ရှိရာ တံခါးဝအနီးသို့ဆောင်သွားခင်းပြလျက်၊ အဘက၊ သမီးကိုထိုယောက်ျားအား ကျွန်တော်ထိမ်းမြားပါ ပြီ။ မေတ္တာကုန်သဖြင့်၊ သင့်သမီး၌ကညာစစ်လက္ခဏာမေတွ့ဟူေသာပရိယာယ်စကားသုံးေသာ်လည်း ကညာစစ်လက္ခဏာကိုကြည့်ကြပါဟု လျှောက်ဆိုသည့်အတိုင်း၊
18-19 လူကြီးတို့သည်၊ ဣသရေလလူမျိုးအပျိုကညာ၏အသရေဖျက်သော ထိုသူ့ကိုခေါ်၌ ကြိမ်ဒဏ်ပေးလျက်၊ အဘအားငွေတစ်ရာကန်တော့ကြေးပေးစေသည့်ပြင်၊ တစ်သက်ပတ်လုံးမစွန့်မကွာ ရသောမယားအဖြစ် သိမ်းပိုက်ရန်စီရင်ကြစေ။
20 ကညာစစ်လက္ခဏာမတွေ့ကြောင်းမှန်လျှင်မူကား၊
21 ထိုမိန်းမကို အဘအိမ်ဝင်းတံခါးအနီးသို့ ဆောင်သွားပြီးလျှင်၊ ဣသရေလလူမျိုးတွင် ယုတ် မာစွာပြုကျင့်လျက်၊ အဘအိမ်၌ပင်ပြည်တန်ဆာလုပ်သောကြောင့် မြို့ရွာနေယောက်ျားတို့သည် ခဲပစ် သတ်ဒဏ်ခတ်ကြစေ။ သို့မှသင်တို့ဘောင်တွင်ရှိသော ဆိုးသွမ်းခြင်းကို ကျွမ်းလောင်ရာရောက် လိမ့်မည်။
22 အကယ်၍လူတစ်ဦးသည်၊ ကာမပိုင်လင်ရှိမိန်းမနှင့်ဆက်ဆံသည်ကို တွေ့မိလျှင်၊ ယောက်ျား မိန်းမနှစ်ဦးလုံး သေဒဏ်ခံကြစေ။ သို့မှဣသရေလလူမျိုးတွင်ရှိသော ဆိုးသွမ်းခြင်းကို ကျွမ်းလောင် ရာရောက်လိမ့်မည်။
23 အကယ်၍ လူတစ်ဦးသည်၊ ယောက်ျားမှန်းပြီးသောအပျိုကညာကို မြို့ရွာအတွင်းတွေ့ကြုံ ဆက်ဆံလျှင်၊
24 မြို့အတွင်းဖြစ်လျက်မအော်သောမိန်းမနှင့်၊ သာမိက မိန်းမကိုရှုတ်ချသောယောက်ျားနှစ်ဦးလုံး ကို မြို့တံခါးပြင်သို့ထုတ်ပြီးလျှင်၊ ခဲပစ်သတ်ဒဏ်ခတ်ကြလော့။ သို့မှသင်တို့ဘောင်တွင်ရှိသော ဆိုးသွမ်းခြင်းကို ကျွမ်းလောင်ရာရောက်လိမ့်မည်။
25 ယောက်ျားမှန်းပြီးသောမိန်းမကို၊ တောအရပ်၌တွေ့ကြုံ၍ မုဒိမ်းကျင့်လျှင်မူကား၊ ကျင့်သူယောက်ျားသာသေဒဏ်ခံစေ။
26-27 မိန်းမမှာမူ၊ သေဒဏ်ခံထိုက်သောပြစ်မှုကိုမပြုသောကြောင့်၊ ကင်းလွတ်စေ။ တောအရပ်၌ အတွေ့ခံရသောမိန်းမအော်သော်လည်း၊ ကယ်သူမရှိသည့်အတွက် ထိုအမှုသည်၊ သူတစ်ပါးကိုအသေ သတ်သောလက်ရောက်မှုနှင့်တူသတည်း။
28 အကယ်၍မမှန်းသေးသောအပျိုကညာကို လူတစ်ဦးတွေ့ကြံု၍ ကိုင်ဆွဲဆက်ဆံသည်ကိုတွေ့မိ လျှင်၊
29 ထိုဆက်ဆံသူသည်သမီးကိုရှုတ်ချသည့်အတွက် အဘအား ငွေငါးဆယ်ကန်တော့ရမည့်ပြင်၊ တစ်သက်ပတ်လုံးမစွန့်မကွာရသောမယားအဖြစ် သိမ်းပိုက်စေ။
30 မည်သူမဆို၊ အဘနှောင်းမယားကို မသိမ်းပိုက်၊ မဆက်ဆံရ။